Showing posts with label မော်ဒန်. Show all posts
Showing posts with label မော်ဒန်. Show all posts

Monday, November 5, 2012

+++ဖြူစင်ချစ်ခြင်းဆောင်နှင်းမိလေတော့...+++

ကိုကို..
အချစ်ဆိုတာရယူခြင်းလား
ပေးဆပ်ခြင်းလား
ညီမလေးရေရေရာရာမသိပေမယ့်
ကိုကို့ အချစ်တွေမှာငြိတွယ်နေမိတာကတော့
သေချာနေခဲ့ပါတယ်ကိုကို..။

ကိုကိုကမေးတယ်နော်..
"ကိုကို့ ကိုသတိရလား" တဲ့..
သတိရတယ်ဆိုတာထက်
ပိုမိုလေးနက်လှိုက်မောတဲ့သတိရခြင်းတွေ
အချိန်တိုင်းလိုလိုဖြစ်တည်နေတယ်ဆိုတာ
ညီမလေးမငြင်းချင်ပါဘူးကိုကို..။

ကိုကို့ကိုချစ်မိတာ..
ရူးသွပ်တယ်ပဲဆိုချင်ဆို
မိုက်မဲတယ်ပဲပြောချင်ပြော..
ညီမလေးကိုယ်တိုင်ကိုက
ကိုကို့ နှလုံးသားပစ်ကွင်းထဲတိုးဝင်ချင်နေတဲ့
သားကောင်သက်သက်လေ...။
(ဒီ့အတွက်ကိုကို့ နာကျင်စေခဲ့မယ်ဆိုတာ...မတွေးမိခဲ့ရိုးအမှန်ပါ)

တကယ်တော့ ညီမလေးက
ပိုးဖလံတစ်ကောင်ရဲ့အသိမရှိတဲ့ဦးနှောက်နဲ့ 
ကိုကို့ ဘ၀ထဲကိုဝင်လာခဲ့မိတာပါ...
ဒါပေမယ့်ကိုကိုရယ်..
ချစ်တာအပြစ်လားနော်..။
(ဒီ့အတွက်ကိုကိုညီမလေးကိုအပြစ်တင်ချင်နေလားဟင်..။)

အရိုးသားဆုံးဝန်ခံရရင်..
ပကတိတန်ဖိုးတွေနဲ့ထုံမွှမ်းထားတဲ့
ရင်ခုန်သံနဲ့ကိုကို့ကိုငြိတွယ်မိခဲ့တာပါကိုကို..
ခုလိုချစ်နေခွင့်ရနေတာလေးကိုပဲကျေနပ်နေမိတာပါ
ကိုကို့ ဘ၀ရဲ့အစိတ်လေးအပိုင်းလေးတစ်ခုအဖြစ်
ပါဝင်ခွင့်ရလို့  ပျော်ရွှင်နေမိတာပါ...။

ကိုကို..
ဘ၀ဆိုတဲ့ဒိုင်ယာရီမှာ
စာမျက်နှာတစ်ခုဖွဲ့ ဆိုကြေးဆိုရင်
အဲဒီစာမျက်နှာရဲ့ထိပ်ဆုံးမှာ..
ကိုကိုပါဝင်နေမှာပါနော်..။
ဒါလေးကိုတော့ယုံကြည်ပေးပါ..

လွမ်းတယ်ကိုကိုရယ်..
လွမ်းနေမိတယ်လေ...
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်
ရင်နှင့်ရင်းတဲ့ဒီစကားလေးတွေကို..
ကိုကိုနားလည်နိုင်ပါစေနော်..။


{အရမ်းချစ်တတ်တဲ့ကောင်မလေးပဲ :-) }
***မင်းနေ***

+++ရွက်ကြွေ ဘဝ+++



နှင်းစက် နားခိုဖို့
ကြွေပေး ရတာထက်စာရင်
ရိုးတံ နာလို့
ကြွေရတာမှ ခံသာအုံးမယ်.........


***မင်းနေ***
01.11.12(04:25PM)

@@@မင်းအတွက်@@@


ငါက နင်ထင်သလို
မချစ်တတ်တာ မဟုတ်ပါဘူး...။


ရင်တွင်းစကားကို လျှာဖျားလေးနဲ့ ပြောရလောက်အောင်
ငါ့အချစ်က ဘေထုတ်ဈေး မဆန်ဘူးလေ....။

သစ္စာတရားကို ဦးညွတ်သူအဖို့
ငါ့ပါးစပ်က ထွက်ကျလာတဲ့ စကားလုံးတိုင်းကို တည်ချင်တယ်ဟာ...။

တစ်ခါတစ်လေမှာ လိုချင်နေလျက်နဲ့ ကြည်ကြည်ဖြူဖြူ
စွန့်လွှတ်လိုက်ရတဲ့အခါ ငါ့မျက်ဝန်းမှာ မျက်ရည်စတော့ ကျမိတယ်.....။

နင့်ရဲ့ စစ်မှန်တဲ့ရင်တွင်းစကားတွေ ကြားရဖို့
F-5 နှိပ်မှ Rate တတ်မယ်ဆို
င့ါဆီ ဦးမညွှတ်လည်း နေပါစေတော့ဟာ...။


သွေးထွက်မှ ဒဏ်ရာ မဟုတ်ပါဘူး
ရင်ဘတ်ထဲက သွေးမထွက်တဲ့ ဝေဒနာဟာလဲ ဒဏ်ရာပါပဲ...။

ဒါပေမယ့် နင်ပျော်ဖို့အတွက်
င့ါနှလုံးသားကို မီးတင်ရှို့ပြီး အားတင်းပြုံးထားတယ်.....။

ကဗျာချစ်သူများကို လေးစားခင်မင်လျှက်
            ***မင်းနေ***

+++ဖြစ်တတ်ပါတယ်+++


အချစ်လေလံပွဲမှာ ခေါ်ဈေး အမြင့်ဆုံးနဲ့အပျက်အသတ် နိုင်ပြီးကာမှ...
အရေးပေါ်ကြေငြာသံနဲ့အတူ ဆုံးဖြတ်လိုက်တာက "Not For Sale" တဲ့~~~~~

ခုတော့ ကျွန်းဖြစ်နေတဲ့နှလုံးသားမို့
ပြောင်းပြန်စီးဆင်းလာရင်တောင် ကွေ့ဝိုက်သွားကာ မဆိုင်သလိုပါပဲလားနော်.......

ဒီရင်ခွင် ကျွန်းငယ်လေးက ဒုက္ခတွေကြား မျက်စိလည်လမ်းမှားပြီး ရောက်လာသူတို့
ခေတ္တခဏနားခိုးရာ တစ်ထောက်နားရပ်များ ဖြစ်နေရော့လား????????????

င့ါအထင်တော့ အချစ်စစ်ဆိုတာ သံပတ်ပေးထားတဲ့
ကားတစ်စီးလို ရှူးရှူးဒိုင်းဒိုင်း အရှိန်နဲ့ထွက်သွားပြီး
ရပ်သွားတဲ့ အရာမျိုးမှ မဟုတ်တာ......

အခွံပဲရှိနေတဲ့ ပျားသလက်ဟောင်းမှာရော ဝတ်ရည်ချိုချိုလေးတွေ
ပိုင်ဆိုင်တဲ့ ပျားပုတုံးအနေနဲ့က ဘယ်ပေါင်းစပ်ချင်ပါ့မလဲလေနော့~~~~~~~~~~~

ကဗျာချစ်သူများကို လေးစားခင်မင်လျှက်
***မင်းနေ***

19.10.12(063း6PM)

+++သူလေးသိပါစေ+++




ဘယ်တွေပျောက်ပြီး ဘာတွေလုပ်နေလဲ
ကောင်မလေးရေ.....
မင်းကို တစ်ရက်မတွေ့ရရင် မနေနိုင်တာ
မင်းသိရဲ့သားနဲ့.......

စကားမပြောရရင်နေပါစေ
မင်းအကောင့်လေး online ဖြစ်နေရင်တောင်
ပျော်ရွှင်နေသူပါ........

ခုလိုဘာကြောင့် ဥပေက္ခာတွေ ပြုနေရတာလဲ?
အဲ့လိုလုပ်မှ မင်းပျော်နေမယ်ဆိုရင်
ငါအလွမ်းတွေ တစ်ပွေ့တစ်ပိုက်နဲ့
မင်းပျော်ဖို့ အတွက်
ငါကျေနပ်စွာ ခံယူပါ့မယ်........

မင်းနဲ့အတူ သက်သေတည်
ညတိုင်းစကားပြောခဲ့တဲ့ လမင်းကြီး
မကွယ်ခင်တော့ င့ါဆီ အမြန်ပြန်လာပါနော်.......

လူတိုင်းကို မေတ္တာထားနိုင်ပေမယ့်
မင်းလောက်မချစ်နိုင်ဘူးဆိုတာ
တကယ်မသိတာလား?????

ပန်းလေး တစ်ပွင့်လို
ပေါင်းသင် ရေလောင်း
တစ်စိမ့်စိမ့် ကြည့်ပြီး ပျော်ရွှင်နေတဲ့
ဥယျာဉ်မှူးလေး ဖြစ်ချင်ပေမယ့်....

သူ့လို ဘေးလူခူး ပန်သွားတာကို
ငါပြုံးပြုံးလေး နဲ့ ပေးလိုက်ရအောင်တော့
မခံစားနိုင်လို့ပါ..........

ဒါကြောင့် လှလို့ လာကြည့်တဲ့လူတွေကို
သဝန်တိုမိတဲ့ ငါ့ကို ခွင့်လွတ်ပါလို့
ဖူးစာ က သူငယ်ချင်းတွေ
သက်သေထားပြီး ငါတောင်းပန်ပါတယ်
အမြန်ပြန်လာပါတော့နော်.........

2011 စက်တင်ဘာလ လောက်က စပ်ထားတဲ့ ခံစားမှုကဗျာလေးပါ...ခုချိန်ပြန်ဖတ်တော့လဲ ရယ်စရာဖြစ်နေတယ် ဟိဟိ... ခံစားချက် တူနိုင်တဲ့ ကဗျာချစ်သူ သူငယ်ချင်းများအတွက်ပါ....
                                                  လေးစားခင်မင်လျှက်
                                                       ***မင်းနေ***

+++ရင်တွင်းစကား သူ ကြားသိစေ+++

ချစ်ခဲ့ဖူးတာကိုအပြစ်ဖွဲ့ မဆိုရက်ပေမယ့်
ဖြစ်ပျက်ခဲ့တာကိုတော့
မေ့ပစ်ဖို့ လိုမယ်လေ.....

မာနတွေ ရှိခဲ့သော်လည်း
သည်လူ ခဝါချ ချစ်ခဲ့တော့
အနာတရ ဖြစ်ဖို့မပြောနဲ့
အခါတစ်ရာမက ဆက်ချစ်ပြမယ်.....

မုန်တိုင်းထန်တဲ့ ဘဝမှာ
အချစ်ကို မှိုင်းခံထားသော်လည်း
အရိုင်းပန်းမို့ လှမ်းဆက်ချင်တယ်ဆို
အိပ်မက် ဆန်နေမလားပဲနော်......

ရုန်းကန်နေရပေမယ့်
ဘုန်း(ရှေး)ကံကြောင့်
နှလုံး(ရင်ခုန်)သံ ထလာရင်တောင်
ငါ့အဖြစ်က အရှုံးခံလိုက်ရ မလိုလို.....

မင်းကိုချစ်မိ အပြစ်ရှိလို့
အရှုံးကြီးရမယ် ဆိုရင်လည်း
အမုန်း ပြင်း မဟုတ်တာမို့
ကျေနပ်စွာ ပြုံး ဖြီးနေဦးမယ်ဆိုတာ ယုံပေးနော်~~~~~~

မျှဝေခံစားသီကုံးသည်။
ကဗျာချစ်သူများကို လေးစားချင်မင်လျှက်

***မင်းနေ***

*+*+*အချစ်ကို အကြွင်းမဲ့ယုံပေးပါ*+*+*


ကောင်မလေးရေ
တွေ့ချိန် တခဏ ဆိုပေမယ့်
ရှေးရေစက်ကြောင့် ထင်ရဲ့
ကိုယ့်စိတ်မှာ ပျော်ရွှင်စရာ အချိန်တွေမို့
သီးခြားတစ်ကမ္ဘာလို့တောင်
ထင်မိတယ်......

ကောင်မလေးရေ
အတွေးမမှားချင်လို့ မစဉ်းစားမိအောင် နေခဲ့ပေမယ့်
ရင်ထဲမှာ အဆွေးသမား တစ်ယောက်လို ခံစားနေရပြီ။
ငြိမ်နေတဲ့ကန်ရေပြင်ထဲ ကောင်မလေးက ခဲငယ်တစ်လုံး ပစ်ချခဲ့တာပါ
ကိုယ့် ရင်ထဲတော့ ဥက္ကာခဲ ကျသလိုပါပဲ။

ဆူးရှိတဲ့ တစ်ချောင်းကြိုးပေါ် မှ
နာမှန်းသိရဲ့ လျှောက်လှမ်းမိနေတယ်....
(ချစ်တယ်) တစ်ခါကြားတိုင်း
ချစ်စဖွယ် အပြုံးလေးတွေပါနေတာမို့
ပစ်ခွာသွားမှာ ပိုဆိုးထင့် နေတယ် ကောင်မလေးရယ်.....

ဖြစ်ချင်တဲ့ ဆန္ဒတစ်စုံတစ်ရာအတွက်
(ကောင်မလေး) အပြစ်မြင် စိတ်ညစ်မယ့်စကားဆို
ဖြစ်သင့်တောင် နှုတ်ဖျားက တစ်ကြိမ်တစ်ခါ
ကို ပြောမထွက်ခဲ့သူပါ.........

ကောင်မလေး သောက်မဲ့ (ကော်ဖီတစ်ခွက်)
နောက်ကျလို့ အေးစေဦးတော့
မေတ္တာ၊စေတာနာနဲ့ရောစပ်
အကြင်နာပါ ထပ်လောင်း ဖျော်ထားတာမို့
အရသာကောင်းတစ်ခုတော့ ရနေမှာပါ......

ငှက်နဲ့ငါး ပုံပြင်ထဲကလို
ဘဝတွေ ခြားနေရင်တောင်
အခွင့်ကြုံလို့ အချိန်ခဏလေး တွေ့ခွင့်ရမယ်ဆိုရင်
နောက်ဆုံးလက်ကျန် အချိန်ထိ
ချစ်ခွင့်ရသွားချင်တယ် ကောင်မလေးရယ်...

ကို့ဘဝမှာ စက္ကန့်စိတ်လေးတွေ ရှိနေသမျှ
တစ်ဦးတည်းသော အသည်းဦး ကောင်မလေးမို့
သက်ဆုံးတိုင် ချစ်မြတ်နိုးနေဦးမယ်ဆိုတာ
အကြွင်းမဲ့ ယုံပေးပါနော်........

~~~~~ချစ်တတ်တဲ့သူတိုင်း ပြုံပျော်ရပါစေနော်~~~~~

မျှဝေခံစား သီကုံးသည်။
ကဗျာချစ်သူများကို လေးစားခင်မင်လျှက်
***မင်းနေ***

Thursday, July 26, 2012

ဒါ့ကြောင့် မင်းထားခဲ့နိုင်တယ်...

 

မင်းအတွက် ငါ့အချစ်တွေ မလိုအပ်ဘူး မှတ်လား
ဒါ့ကြာင့် မင်းထားခဲ့နိုင်တယ်....

မင်းအတွက် ငါ့နွေးထွေးမှုတွေမပြည့်စုံဘူး မှတ်လား
ဒါ့ကြောင့် မင်းထားခဲ့နိုင်တယ်....

မင်းအတွက် င့ါကြင်နာမှုတွေ
မခမ်းနားဘူး မှတ်လား
ဒါ့ကြောင့် မင်းထားခဲ့နိုင်တယ်....

မင်းအတွက် င့ါတန်ဖိုးထားမှုတွေ
အရေးမပါဘူး မှတ်လား
ဒါ့ကြောင့် မင်းထားခဲ့နိုင်တယ်....

မင်းအတွက် ငါ့သတိရခြင်းတွေ
အသုံးမလိုဘူး မှတ်လား
ဒါ့ကြောင့် မင်းထားခဲ့နိုင်တယ်....

မင်းအတွက် င့ါမြတ်နိုးမှုတွေ
မတင်းတိမ်နိုင်ဘူး မှတ်လား
ဒါ့ကြောင့် မင်းထားခဲ့နိုင်တယ်....

မင်းအတွက် ငါ
မဟုတ်ဘူး မှတ်လား
ဒါ့ကြောင့် မင်းအေးဆေးတည်ငြိမ်စွာနဲ့
ကျောခိုင်း ထားခဲ့နိုင်ပါတယ်~~~~~
                                         သူငယ်ချင်းများကို လေးစားခင်မင်လျှက်
                                                                             ***ကိုနေ***

ချစ်သူမရှိလဲ နေတတ်ပါတယ်.. :)

ဘာမှ မလိုပါဘူးကွာ
နေညိုချိန် မြက်ခင်းစိမ်းရှိတဲ့
ပန်းခြံလမ်းလေးမှာ
စကားပြောဖော်တစ်ယောက်နဲ့
လေကောင်းလေသန့်လေးရှူရင်း
လမ်းလျှောက်ထွက်နေရရင်
ငါ့ဘဝကို ငါကျေနပ်ပါတယ်.... :D :)
                                              ***ကိုနေ***

လာရဲလား?????

ကိုနေ ဆိုတဲ့ ကျနော်က
မိန်းကလေးတွေ ကြိုက်တတ်တဲ့
အရည်အချင်းတစ်ခုမှမရှိ။။။။။။
ရူပါက ချူချာ
ပိုက်ဆံဆိုတာ ဗလာနတ္တိ။။။။။။
စကားပြော ဘုတောတောနဲ့
အနေအထိုင်အမူအရာလဲ တတ်မယ်မထင်။။။။။။။
ဂုဏ်သိက္ခာဆိုတဲ့ ဒြပ်ကလဲ
နက်ဖြန်တိုင်းမှာ မသေချာ။။။။
ပညာက မဟူရာလို မှောင်မိုက်ဆဲ
ဒါပေမယ့် အချမ်းသာဆုံးကတော့
ကိုယ်ကျင့်တရား။။။။။
လူတွေကို ပျော်စေချင်ပြီး
ကြင်နာတတ်တဲ့ နှလုံးသားတစ်စုံနဲ့
အချစ်တွေတော့ ပိုင်ဆိုင်ထားတယ်။။။
ရင်ခွင်ထဲရောက်လာရင်
ထမင်းတော့ ငတ်ရင်ငတ်မယ်
အချစ်တော့ မငတ်စေရဘူး။။။။။။။။။။
ကြင်နာမှုနဲ့ ပျော်ရွှင်မှုတွေကတော့
တရပ်စပ်နဲ့ မရပ်တမ်း ရောက်လာလိမ့်မယ်။။။။
ကဲ ဘယ်လိုလဲ မိန်းကလေး လာရဲလား????????????(စိတ်ကူးမျှသာ)

သူငယ်ချင်းများကို လေးစားခင်မင်လျှက်.........
                                                                 ကိုနေ