Monday, November 5, 2012

+++ဖြစ်တတ်ပါတယ်+++


အချစ်လေလံပွဲမှာ ခေါ်ဈေး အမြင့်ဆုံးနဲ့အပျက်အသတ် နိုင်ပြီးကာမှ...
အရေးပေါ်ကြေငြာသံနဲ့အတူ ဆုံးဖြတ်လိုက်တာက "Not For Sale" တဲ့~~~~~

ခုတော့ ကျွန်းဖြစ်နေတဲ့နှလုံးသားမို့
ပြောင်းပြန်စီးဆင်းလာရင်တောင် ကွေ့ဝိုက်သွားကာ မဆိုင်သလိုပါပဲလားနော်.......

ဒီရင်ခွင် ကျွန်းငယ်လေးက ဒုက္ခတွေကြား မျက်စိလည်လမ်းမှားပြီး ရောက်လာသူတို့
ခေတ္တခဏနားခိုးရာ တစ်ထောက်နားရပ်များ ဖြစ်နေရော့လား????????????

င့ါအထင်တော့ အချစ်စစ်ဆိုတာ သံပတ်ပေးထားတဲ့
ကားတစ်စီးလို ရှူးရှူးဒိုင်းဒိုင်း အရှိန်နဲ့ထွက်သွားပြီး
ရပ်သွားတဲ့ အရာမျိုးမှ မဟုတ်တာ......

အခွံပဲရှိနေတဲ့ ပျားသလက်ဟောင်းမှာရော ဝတ်ရည်ချိုချိုလေးတွေ
ပိုင်ဆိုင်တဲ့ ပျားပုတုံးအနေနဲ့က ဘယ်ပေါင်းစပ်ချင်ပါ့မလဲလေနော့~~~~~~~~~~~

ကဗျာချစ်သူများကို လေးစားခင်မင်လျှက်
***မင်းနေ***

19.10.12(063း6PM)

2 comments:

  1. ဒါလေးတော့ နားလည်အောင်ထပ်ခါထပ်ခါဖတ်ရတယ်(M3A)

    ReplyDelete
    Replies
    1. ဖဘ မှာ တင်ဖြစ်တဲ့ status လေးတွေပါ... အတွေးလေးတွေပါ ပါတယ်...တကူးတက အားပေးတဲ့ အတွက် ကျေးဇူးပါ သယ်ရင်း :-)

      Delete