Monday, November 5, 2012

+++ရင်တွင်းစကား သူ ကြားသိစေ+++

ချစ်ခဲ့ဖူးတာကိုအပြစ်ဖွဲ့ မဆိုရက်ပေမယ့်
ဖြစ်ပျက်ခဲ့တာကိုတော့
မေ့ပစ်ဖို့ လိုမယ်လေ.....

မာနတွေ ရှိခဲ့သော်လည်း
သည်လူ ခဝါချ ချစ်ခဲ့တော့
အနာတရ ဖြစ်ဖို့မပြောနဲ့
အခါတစ်ရာမက ဆက်ချစ်ပြမယ်.....

မုန်တိုင်းထန်တဲ့ ဘဝမှာ
အချစ်ကို မှိုင်းခံထားသော်လည်း
အရိုင်းပန်းမို့ လှမ်းဆက်ချင်တယ်ဆို
အိပ်မက် ဆန်နေမလားပဲနော်......

ရုန်းကန်နေရပေမယ့်
ဘုန်း(ရှေး)ကံကြောင့်
နှလုံး(ရင်ခုန်)သံ ထလာရင်တောင်
ငါ့အဖြစ်က အရှုံးခံလိုက်ရ မလိုလို.....

မင်းကိုချစ်မိ အပြစ်ရှိလို့
အရှုံးကြီးရမယ် ဆိုရင်လည်း
အမုန်း ပြင်း မဟုတ်တာမို့
ကျေနပ်စွာ ပြုံး ဖြီးနေဦးမယ်ဆိုတာ ယုံပေးနော်~~~~~~

မျှဝေခံစားသီကုံးသည်။
ကဗျာချစ်သူများကို လေးစားချင်မင်လျှက်

***မင်းနေ***

2 comments:

  1. ချစ်ခဲ့ဖူးတာကိုအပြစ်ဖွဲ့မဆိုရက်ပေမယ့်
    ဖြစ်ပျက်ခဲ့တာကိုတော့
    မေ့ပြစ်ဖို့လိုမယ်လေ
    ကောင်းပါတယ် ကဗျာလေး (M3A)

    ReplyDelete