Monday, November 5, 2012

*+*+*အချစ်ကို အကြွင်းမဲ့ယုံပေးပါ*+*+*


ကောင်မလေးရေ
တွေ့ချိန် တခဏ ဆိုပေမယ့်
ရှေးရေစက်ကြောင့် ထင်ရဲ့
ကိုယ့်စိတ်မှာ ပျော်ရွှင်စရာ အချိန်တွေမို့
သီးခြားတစ်ကမ္ဘာလို့တောင်
ထင်မိတယ်......

ကောင်မလေးရေ
အတွေးမမှားချင်လို့ မစဉ်းစားမိအောင် နေခဲ့ပေမယ့်
ရင်ထဲမှာ အဆွေးသမား တစ်ယောက်လို ခံစားနေရပြီ။
ငြိမ်နေတဲ့ကန်ရေပြင်ထဲ ကောင်မလေးက ခဲငယ်တစ်လုံး ပစ်ချခဲ့တာပါ
ကိုယ့် ရင်ထဲတော့ ဥက္ကာခဲ ကျသလိုပါပဲ။

ဆူးရှိတဲ့ တစ်ချောင်းကြိုးပေါ် မှ
နာမှန်းသိရဲ့ လျှောက်လှမ်းမိနေတယ်....
(ချစ်တယ်) တစ်ခါကြားတိုင်း
ချစ်စဖွယ် အပြုံးလေးတွေပါနေတာမို့
ပစ်ခွာသွားမှာ ပိုဆိုးထင့် နေတယ် ကောင်မလေးရယ်.....

ဖြစ်ချင်တဲ့ ဆန္ဒတစ်စုံတစ်ရာအတွက်
(ကောင်မလေး) အပြစ်မြင် စိတ်ညစ်မယ့်စကားဆို
ဖြစ်သင့်တောင် နှုတ်ဖျားက တစ်ကြိမ်တစ်ခါ
ကို ပြောမထွက်ခဲ့သူပါ.........

ကောင်မလေး သောက်မဲ့ (ကော်ဖီတစ်ခွက်)
နောက်ကျလို့ အေးစေဦးတော့
မေတ္တာ၊စေတာနာနဲ့ရောစပ်
အကြင်နာပါ ထပ်လောင်း ဖျော်ထားတာမို့
အရသာကောင်းတစ်ခုတော့ ရနေမှာပါ......

ငှက်နဲ့ငါး ပုံပြင်ထဲကလို
ဘဝတွေ ခြားနေရင်တောင်
အခွင့်ကြုံလို့ အချိန်ခဏလေး တွေ့ခွင့်ရမယ်ဆိုရင်
နောက်ဆုံးလက်ကျန် အချိန်ထိ
ချစ်ခွင့်ရသွားချင်တယ် ကောင်မလေးရယ်...

ကို့ဘဝမှာ စက္ကန့်စိတ်လေးတွေ ရှိနေသမျှ
တစ်ဦးတည်းသော အသည်းဦး ကောင်မလေးမို့
သက်ဆုံးတိုင် ချစ်မြတ်နိုးနေဦးမယ်ဆိုတာ
အကြွင်းမဲ့ ယုံပေးပါနော်........

~~~~~ချစ်တတ်တဲ့သူတိုင်း ပြုံပျော်ရပါစေနော်~~~~~

မျှဝေခံစား သီကုံးသည်။
ကဗျာချစ်သူများကို လေးစားခင်မင်လျှက်
***မင်းနေ***

2 comments: