Saturday, September 17, 2011

သူလေးသိပါစေ.....

             သူလေးသိပါစေ...

ဘယ်တွေပျောက်ပြီး ဘာတွေလုပ်နေလဲ
ကောင်မလေးရေ.....
မင်းကို တစ်ရက်မတွေ့ရရင် မနေနိုင်တာ
မင်းသိရဲ့သားနဲ့.......
စကားမပြောရရင်နေပါစေ
မင်းအကောင့်လေး online ဖြစ်နေရင်တောင်
ပျော်ရွှင်နေသူပါ........

မရက်စက်ပါနဲ့...


နှလုံးခုန်မြန်တာ
ငါ့ရောဂါမှန်း မင်းသိရက်နဲ့
မင်းလုပ်ရက်တယ်.......
ငါသိပ်ချစ်တဲ့ မင်းက
မင်းသိပ်မုန်းတဲ့ ငါ့ကို
မကြည့်ချင်တော့ပါဘူး ဆိုင်ရင်တောင်
မင်းမမြင်အောင် ငါရှောင်ပေးနိုင်ပါတယ်.....
ဒါပေမယ့် င့ါနှလုံးသားကို
တစွေ့စွေ့ခုန်ပြီး
တဆတ်ဆတ်နာကျင်အောင်တော့
မလုပ်လိုက်ပါနဲ့ ကောင်မလေးရယ်~~~~

မိန်းကလေးတစ်ယောက်သို့ သဝဏ်လွှာ

မိန်းကလေးရေ.... 


ကျေးဇူးတင်ပါတယ်
ချစ်တတ်အောင်သင်ပေးလို့...
ခံစားရပါတယ်
ငါ့အချစ်တွေ မလေးစားခဲ့လို့...
ဝမ်းသာမိပါတယ်
မင်းကြောင့် ငါစာတွေ ပိုရေးတတ်လာလို့...
လေးစားရပါတယ်
မင်းစကား တတ်လွန်းလို့...

ချစ်တဲ့သူသိစေချင်(အွန်လိုင်းအချစ်)

ချစ်တဲ့သူသိစေချင်
ရင်နှင့်မမျှချစ်ခဲ့ရ ပြောပြသော်လည်း
ရှောင်ကာလွဲလို့ မသိချင်ယောင်
ဆောင်နေရော့လား ချစ်တဲ့သူ....

စကားအစ ပြန်ကာကောက်ခါ
ထပ်မံတစ်ခါ ပြောပြန်ရလည်း
သူ့အလိမ္မာ သူ့စကားနဲ့
ရှောက်ကာပတ်ပြေး ချစ်တဲ့သူ....

ဘဝတိုးတတ်ရေး လမ်းညွှန် အပိုင်း (၅)

ဒီနေ့ ကျနော်လဲ စာမေးပွဲ ပြီး အလုပ်နားတာနဲ့ သူငယ်ချင်းတွေကို တင်ပေးနေတဲ့ 
ဘဝတိုးတတ်ရေးလမ်းညွန်အပိုင်း(၅) ဆက်လက် ဖော်ပြလိုက်ပါတယ်။ ဒီအချက်(20) နဲ့ဆိုရင် အချက် (100)ပြည့်သွားပါပြီ ဖတ်ရှုတဲ့ သူငယ်ချင်းတွေလဲ တစ်ချက်လောက် လိုက်နာ ကျင့်သုံးတယ်ဆိုရင်ပဲ တစ်ထောင့် တစ်နေရာမှာ အကျိုး သက်ရောက်မှု ရှိလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ အရင်အချက်တွေ မဖတ်လိုက်ရလို့ ဖတ်ချင်တဲ့ သူငယ်ချင်းတွေ အတွက် ကျနော့်ရဲ့ အိမ်မှာ သွားရောက်ဖတ်ရှုလို့ ရပါတယ်။။။။။  
နောက်ဆုံး အချက် (20) ကိုအောက်မှာ ဖတ်ရှုနိုင်ပါတယ်...........

ဘဝတိုးတတ်ရေးလမ်းညွှန်...အပိုင်း(၄)

မင်္ဂလာပါ သူငယ်ချင်းများ မတွေ့တာကြာလို့မေ့နေမှာဆိုးလို့ နှုတ်ဆက်လိုက်တာ နေနေလဲမအားတာနဲ့ ဒီဘက်ကိုမလှည့်ဖြစ်ဘူး ဖြစ်နေတယ် စောင့်ပြီးအားပေးနေတဲ့ သူငယ်ချင်းတွေကိုလဲ အားနာပါတယ် အလုပ်ကလဲ ခုရက်ပိုင်းမှ ပွဲကြပ်ကာလဖြစ်နေ လို့လေ ဒီနေ့ရုံးပိတ်ရက်လေးမှာ သူငယ်ချင်းတွေအတွက် နောက်ထပ် အချက်(20) ထပ်တင်ပေးလိုက်ပါတယ် ခုအချက် (20)နဲ့ဆို အချက်ပေါင်း (80) ဖြစ်သွားပါပြီ။ ရှေ့ကအချက်တွေမဖတ်လိုက်ရလို့ဖတ်ချင်တယ်ဆိုရင် ဒီစာမျက်နှာရဲ့ အောက်ဆုံး ဘယ်ဘက်မှာ (previous post)ဆိုတဲ့နေရာမှာ သွားဖတ်လို့ရပါတယ်။ မသိသေးသူ တွေအတွက်ပါ သိပြီးသားလူတွေအတွက်တော့ မဆိုလိုပါဘူး။ ခုအချက် နှစ်ဆယ်ကို အောက်မှာ ဖော်ပြလိုက်ပါတယ်နော် သူငယ်ချင်းများ......... စကာရှည်နေရင်ဖတ်ရတဲ့လူ ပျင်းနေမှာဆိုးလို့ လိုရင်းတိုရှင်းပဲ ကောင်းပါတယ်။။. 


Sunday, August 28, 2011

ဘဝတိုးတတ်ရေးလမ်းညွှန်.....အပိုင်း (၃)

ဒီနေ့ရုံးပိတ်တာနဲ့ပဲ နေနေ သူငယ်ချင်းများအတွက် ဘဝတိုးတတ်ရေး လမ်းညွှန်..အပိုင်း (၃) ကိုထပ်တင်ပေးလိုက်ပါတယ်။ အခု အချက် (20) နဲ့ ဆို အားလုံးပေါင်း (60) ရှိသွားပါပြီ။ မဖတ်လိုက်ရတဲ့ သူငယ်ချင်းများ အတွက် အောက်ဆုံးက previous ကနေသွားလို့ရပါတယ်။ ကျန်တဲ့အပိုင်းတွေကိုလဲ ဆက်လက်ဖော်ပြ ပေးသွားပါမယ်။ ခုတင်လိုက်တဲ့ အချက်နှစ်ဆယ်ကိုလဲ အရင် အတိုင်းပဲ လေးနက်စွာနဲ့ အချက်တစ်ချက်ခြင်းစီကို ဖတ်ပြီး ဆင်ခြင် ပြင်ဆင် နိုင်ကြပါစေလို့ နေနေ ဆုတောင်းပေးပါတယ်။ ခုဖော်ပြမယ့် အချက်နှစ်ဆယ်ကတော့ အောက်မှပါ...................

ဘဝတိုးတတ်ရေးလမ်းညွှန်.....အပိုင်း (၂)

ဒီနေ့တော့ နေနေ နည်းနည်းအားတာနဲ့ စာနောက်တစ်ပိုင်း ဆက်ရေးမယ် ဆိုပြီး အွန်လိုင်းပေါ်တတ်လာလိုက်တာ။ သူငယ်ချင်းတွေကိုလဲ အားနာပါတယ် နေနေ စာကို တစ်ပိုင်းတစ်စနဲ့ ဆက်မရေးဖြစ်တာကို ဒီအတွက်တောင်းပန်ပါတယ်နော်။  နေနေကလဲ အလုပ်တစ်ဖတ်နဲ့ ဆိုတော့ အားတဲ့အချိန်လေးကိုပဲ လုပြီးရေးလိုက်တာ ဝါသနာလဲပါတယ် သူငယ်ချင်းတွေကိုလဲ ကိုမဖြစ်စလောက်သိတာလေးကို ပြောပြချင် တာကလဲ အောက်တစ်ပိုင်းသေလို့။ ဒီနေ့ အချက်နှစ်ဆယ် ထပ်ပြီးတင်ပေးလိုက်ပါတယ် သူငယ်ချင်းတွေအတွက် ဖတ်ပြီး စဉ်းစားချင့်ချိန်နိုင်ပါစေ လို့ နေနေ ဆုတောင်းပါတယ်။။ ခုရေးတာနဲ့ဆို အချက် (40)ရှိသွားပါပြီ ဆက်လက်ရှုစား စေချင်ပါတယ်.............

ဘဝတိုးတတ်ရေးလမ်းညွှန်.....အပိုင်း (၁)

နေနေ ဒီနေ့ ဘလော့ဂ်ရေးချင်စိတ်ပေါက်လာတာနဲ့  သူငယ်ချင်းတွေအတွက် နေနေ ဖတ်ဖူးတဲ့စာအုပ်ထဲက အချက်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ဘဝတိုးတတ်ရေးလမ်းညွှန်ဆိုတဲ့ ဘာသာပြန် စာအုပ်ထဲမှာ အချက်(100) ပါ ပါတယ်။ အဲဒီထဲက နေနေက အချက်(20)စီခွဲပြီး ဖော်ပြပေးတာ အကြောင်းရှိပါတယ် ဒီထဲက အချက်တိုင်းဟာ လေးနက်ပါတယ်။ နေနေ ခုလိုတင်ပေးတာဟာ အွန်လိုင်းတတ်တဲ့လူ မြို့တော်မန်ဘာ ဝင်တဲ့လူတော်တော်များများက အသက်20 ဝန်းကျင်တွေများတဲ့အတွက် ဘဝကို စတင်နေတဲ့အချိန်မှာ အားဆေးဖြစ်သလို ကျင့်သုံးသင့်တဲ့ နည်းလမ်းတွေလဲ ဖြစ်လို့ပါ။ နေနေ ခုဘာသာပြန်စာအုပ်ကို ရေးတဲ့ဆရာကို မမှတ်မိတဲ့အတွက်ခွင့်လွတ်ပါ လို့ တောင်းပန်ပါရစေ။ ဘာလိုမမှတ်မိလဲ ဆိုတော့ နေနေ စာဖတ်ရင်  ဖောင်တိန် နဲ့စာအုပ်ဆောင်လေ့ရှိပါတယ်။ ဒါပေမယ့် ခုစာအုပ်ကျတော့ အချက်(100) ဆိုတော့ နေနေ မမှတ်နိုင်တော့ပါဘူး (အပျင်းထူတာပါ)။ အဲဒါနဲ့ ရှိတဲ့ ဥာဏ်အနီ အနက်တွေထုတ်သုံးပါတယ်။ ဘယ်လိုလုပ်လဲဆိုတော့ စာအုပ်ကိုသိမ်းရင် သွားလေရာ မသယ်နိုင်ဘူးလေ။ ဟဲဟဲ ဒါကြောင့် မာတိကာ စာရွက်လေး နှစ်ရွက်ပဲ ဖြဲပြီး note book ထဲညှပ်ထား လိုက်ပါတယ်။ အဲစာရွက်နှစ်ရွက်မှာ ဘာသာပြန်စာရေးဆရာအမည်မပါဘူး။ ဒါကြောင့်ဖတ်ဖူးတဲ့လူရှိရင်လဲ ပြောပြ လမ်းညွှန်စေချင်ပါတယ် ။ နေနေက ရမ်းပြီ ထည့်လို့မှားရင် ဆရာကိုစော်ကားရာ ရောက်မှာဆိုးလို့ပါ။ ဒါကြောင့် စာရေးဆရာရဲ့ နာမည်ကိုမသိတဲ့အတွက် သူ့ရဲ့စာကိုပဲ ဆရာကိုယ်စား နေနေမှတဆင့် သူငယ်ချင်းများကို ပြန်လည်ပညာဒါန အဖြစ်မျှဝေလိုက်ရပါတယ်..............

လူတစ်ယောက်အတွက်ရှိသင့်သော Dr.CC(ဒေါက်တာစီစီ)

ဒီနေ့ နေနေ စာရေးချင်စိတ်ပေါက်လာတာနဲ့ နေနေရဲ့ အစ်ကိုတစ်ယောက်လိုချစ်ရတဲ့ ဆရာပြောသောစကားလေးတစ်ခွန်းကို သူငယ်ချင်းများအတွက် မျှဝေပေးလိုက်ပါတယ်နော် "Dr.CC" (ဒေါက်တာစီစီ)

* ဒီခေါင်းစဉ်လေး ကစာလုံးလေးလုံးတည်းပေမယ့် အဓိပါယ် တော်တော် သက်ရောက်ပါတယ်။ နေနေက စာတိုပေစလေးတွေကို မှတ်တတ်တယ်လေ။ အဲဒီထဲက ဒီစာတိုလေးရွေးရတာက နေနေကသူငယ်ချင်းတွေကို သိစေချင်တဲ့ ဆန္ဒနဲ့ပါ။ မသိသေးတဲ့ လူတွေအတွက်ပါ သိပြီးသားလူတွေဆိုရင် ဆောရီးပါ။ နေနေရဲ့ ဆရာကပြောတယ် လူတစ်ယောက်မှာတဲ့ ဒီအချက်လေးချက်ထဲက လေးချက်လုံးမညီတောင်မှ နှစ်ချက်လောက်ပဲ ညီအောင်နေအုံးတဲ့ လူဘဝမှာ ကောင်းကောင်းရပ်တည် ရှင်သန်နိုင်ပါတယ်တဲ့။ ကိုယ့်ကိုကိုယ်လဲ ထိန်းနိုင်ပြီး ဘဝမှာလဲ အဓိပါယ်ရှိရှိ နေနိုင်သွား နိုင်မယ်လို့နေနေရဲ့ အစ်ကိုကြီးတစ်ယောက်လိုချစ်ရတဲ့ ဆရာက ပြောပြဘူးပါတယ်။ အဲဒါကြောင့်နေနေ ဆရာ အစ်ကိုကြီးကိုလေးစားသော အားဖြင့် ဒီစာလေးကို သူငယ်ချင်းများအတွက် မျှဝေလိုက်ပါတယ်......

Tuesday, August 23, 2011

ငါ့အတိတ်သခင်မ

Angel Graphic #85

ငါ့ရဲ့အတိတ်သခင်မ | ချစ်တယ်

ငါ့အတိတ်သခင်မ
မျက်ရည်စက်လက်လေးနဲ့ ပင်လယ်ပြင်ကို ငေးမောရင်း
လေးညှင်းလေးတွေ ရဲ့ ဖေးမမှုကြောင့် အသက် ပြန်ဝင်ခဲ့၇တဲ့ ငါ့နှလုံးသား
ငွေမရှိတဲ့ မြေမျက်နှာကြောင့် ချနင်းခံခဲရတဲ့ ငါ့နှလုံးသား....
ရေမရှိတဲ့ နွေပင်လယ် မှာ မျော်လင့်ချက် ရောင်ခြည်လေးကို စောင့်ရင်း
ပျက်ဆီခဲ့ရတဲ့ ငါ့နှလုံးသား.........
အော် ငါ့နှလုံးသားလေးက သနားစရာလေးပါလား.....
ငယ်ဘ၀က အနေမလှခဲ့တဲ့ ငါ့ရင်ထဲက နှလုံးသား...
အချစ်ဆိုတာ စဖြစ်ခဲ့ချန်မှာ အထီးကျန်ပြီးထားသွားခဲ့တဲ့...အမုန်းသခင် မ...
အလွမ်းတွေ ဖြစ်တည်နေတဲ့ အချိန် မှာ မီးပူတိုက်ပေးတဲ့ မင်းအလှ...
ဝူး...............ငါ့ဘ၀က မျော်လင့်တာလည်း မဖြစ်..လိုချင်တာလည်း မရ..
ချစ်သူကလည်း စိမ်း ...မျက်ရည်တွေကို ပဲ လိမ်း ထားရတော့မှာပါလား..
ခုတော့ ဒါတွေဟာ အတိတ်တွေဖြစ်သွား ပြီ..
ငါမလွမ်းတော့ဘူး..
ငါမဆွေးတော့ဘူး..
ငါမငိုတော့ဘူး..
ငါ့အရုံးနဲ့ ငါကျေနပ်တော့မယ် ငါ့ရဲ့အတိတ်သခင်မလေးရေ...

aungphyo(thandwe)

Sunday, August 21, 2011

မစိမ်းတော့တဲ့ ခွဲခွာခြင်း...

ကျနော်က စာရေးဆရာတော့မဟုတ်ပါဘူး အမှားပါရင်လဲ တောင်းပန်ပါတယ်
(မလိမ်မိုးမလိမ္မာလေးလို့ သတ်မှတ်လိုက်ပါ ဟဲဟဲ..) ကျနော် နာမည်ကို အရင်မိတ်ဆက်ရမယ်ဆိုရင်တော့ နေထွဋ်ခေါင်ပါ (မေထွဋ်ခေါင်ရဲ့မောင်ပေါ့ဗျာ ဟီးဟီး..) ကိုယ့်အမျိုးထဲမှာ နာမည်ကြီးပြီး ထင်ပေါ်တဲ့လူမရှိတော့လည်း တူရာဆွဲတွေးရတာပေါ့ဗျာ ..ပြန်ဆက်ရရင် သူငယ်ချင်းတွေက တော့နေနေ လို့ခေါ်တယ်လေ...နေနေက ခုမှစာစရေးတာပါ ခုလို"မစိမ်းတော့တဲ့ခွဲခွာခြင်းခေါင်းစဉ်ပေးတာဟာ  လူတိုင်းနီးပါးလောက်ကြုံဘူးမှာပါ  ရက်တိုရက်ရှည်ပဲကွာမှာပေါ့နော။ မိဘနဲ့ခွဲရလို့ဖြစ်ဖြစ် သံယောဇဉ်ဖြစ်တဲ့လူတစ်ယောက်ယောက်နဲ့  ဖြစ်ဖြစ် ခွဲခွာရင် ဝမ်းနည်းရတာပဲမဟုတ်လား။။။ လူတိုင်းမိဘကိုချစ်ကျတာပဲလေ ချစ်မှာပေါ့ဒါသဘာဝပဲကိုးလို့ပြောမှာပေါ့ အဲလိုမဟုတ်ပါဘူး ကျနော့်အထင်ပြောရရင် မိဘရဲ့တန်ဖိုးကို အနေဝေးမှပိုသိရတာလို့ထင်တယ်ဗျ ဘာဖြစ်လို့လဲ ဆိုတော့ အတူနေတော့ မသိသာဘူး ဆိုးလိုက် မရတာရှိရင်ကောက်လိုက်ပေါ့ဗျာ (တစ်မျိုးမထင်နဲ့အုံး စိတ်ကောက်တာကိုပြောတာပါ..ဟီးဟီး) နေနေတို့ဘဝက ကံဆိုးသားဗျ  ငယ်ငယ်တည်းက မိဘနဲ့