Friday, April 19, 2013

+++နူးညံ့ ရိုးစင်းသော ကာရံ+++


ဒါကဗျာ မဟုတ်တဲ့ ချစ်ခြင်း ပုံရိပ်လွှာတဲ့
ရယ်သံပါးပါးလေးနဲ့ နှုတ်ခမ်းလွှာ တစ်စုံက
ပန်ချီကား လှလှလေးတစ်ခုလို ခြယ်သလို့.........

ပါးပြင်ထက်မှ သနပ်ခါးများ
လေအဝှေ့ တစ်ချက်မှာ ငြိမ့်ညောင်းလို့သာယာ
ဖြည်းညှင်း သယ်ဆောင်ခြင်းရဲ့ စွမ်းပကား
သင်းရနံ့ ဖြူလွှလွှလေးက
ချစ်သူရဲ့ နွေးထွေးမှုကို သရုပ်ပြနေသယောင်........

ကိုကို....ခေါ်သံမှာ
ချစ်ခြင်း အနှစ်ရောင် သန်းနေတော့
တစ်ခါတစ်ရံ စိတ်ရိုင်းနဲ့လူ
ဖရိုဖရဲနဲ့ ဖျက်ဖျက်လူးသလို ခံစားလို့နေ........

လေပြေ ဖြူးဖြူး တိုက်ခတ်မြူးတဲ့ ညအလယ်
တစ်ယောက်တည်း အတွေးနယ်ချဲ့လို့
ဖမ်းမရအောင် လွတ်ထွက်တတ်တဲ့ အာရုံတစ်ချို့ဟာ
ချစ်သူကို လွမ်းနေခြင်းတွေပေါ့.........

မရိုးနိုင်ဆုံး အလွမ်းသံစဉ်တွေက
အလှမ်းသင့်ရင် ချစ်ခရီးလမ်းအတွက်
ကြင်နာ ပန်းခင်းဖြစ်ဖို့လေ..........

သံယောဇဉ် နှောင်ကြိုးတွေ
ဆထပ်၊ရစ်ကာ တိုးတဲ့ အချိန်ဆို
ဖြစ်ပျက်တာတွေ ခနမေ့လို့
အသက်ရှူကြပ် လာတဲ့အခါ
သက်ဆက်ဖို့ ချစ်သူရဲ့
နမ်းချက် တစ်ပွင့် ရိုကျိုးတောင်းတနေမိတယ်~~~~~~~~

***မင်းနေ***
27.12.12(06:11PM)

No comments:

Post a Comment