Thursday, July 26, 2012

လာရဲလား?????

ကိုနေ ဆိုတဲ့ ကျနော်က
မိန်းကလေးတွေ ကြိုက်တတ်တဲ့
အရည်အချင်းတစ်ခုမှမရှိ။။။။။။
ရူပါက ချူချာ
ပိုက်ဆံဆိုတာ ဗလာနတ္တိ။။။။။။
စကားပြော ဘုတောတောနဲ့
အနေအထိုင်အမူအရာလဲ တတ်မယ်မထင်။။။။။။။
ဂုဏ်သိက္ခာဆိုတဲ့ ဒြပ်ကလဲ
နက်ဖြန်တိုင်းမှာ မသေချာ။။။။
ပညာက မဟူရာလို မှောင်မိုက်ဆဲ
ဒါပေမယ့် အချမ်းသာဆုံးကတော့
ကိုယ်ကျင့်တရား။။။။။
လူတွေကို ပျော်စေချင်ပြီး
ကြင်နာတတ်တဲ့ နှလုံးသားတစ်စုံနဲ့
အချစ်တွေတော့ ပိုင်ဆိုင်ထားတယ်။။။
ရင်ခွင်ထဲရောက်လာရင်
ထမင်းတော့ ငတ်ရင်ငတ်မယ်
အချစ်တော့ မငတ်စေရဘူး။။။။။။။။။။
ကြင်နာမှုနဲ့ ပျော်ရွှင်မှုတွေကတော့
တရပ်စပ်နဲ့ မရပ်တမ်း ရောက်လာလိမ့်မယ်။။။။
ကဲ ဘယ်လိုလဲ မိန်းကလေး လာရဲလား????????????(စိတ်ကူးမျှသာ)

သူငယ်ချင်းများကို လေးစားခင်မင်လျှက်.........
                                                                 ကိုနေ

No comments:

Post a Comment