Sunday, December 2, 2012

+++ရေးထားမိတဲ့ Status များ+++

ကျွန်တော်လဲ မအားတာနဲ့ စာမရေးဖြစ်တာ တစ်ပတ်ကျော်ပြီ။ဒါပေမယ့် ဖတ်လို့ ရလာတဲ့ အသိလေး တစ်ခုအပေါ် ဖြန့်ကျက်စဉ်းစားပြီး  တစ်နေ့ကို စာတိုတစ်ကြောင်းလောက်တော့  ဖေ့စ်ဘွတ်မှာ ရေးဖြစ်ပါတယ်။ ခု အဲ့ဒါလေးတွေကို ခံစားချက်ကိုက်ညီတဲ့သူငယ်ချင်းတွေ အတွက် custom message လုပ်လို့ ရအောင် တင်ပေးလိုက်ပါတယ်။
  1. မင်းမှ မဟုတ်ဘူး ငါလည်း ဓါးရှရင် နာတတ်တယ်ဟ။ အရင်လို ထုံဆေး မထိုးထားမိဘူးလေ.......27.10.12(12.42PM)
  2. ငါပြောဘူးတဲ့ စကား "လိမ္မာရင် မင်းအတွက်ကြီးပဲ" ဆိုတာကို မင်းလျစ်လျူရှုလိုက်ပြီနော်.....အဲ့ဒီတော့????? 28.10.12(073း2PM)
  3. အချစ်ရည်ကို ကြိမ်ဖန်များစွာ သောက်သုံးသူနှင့် သောက်သုံးခြင်းခံရသူတို့သည် အချစ်၏နက်ရှိုင်းသော အရာသာအား မခံစားတတ်တော့ချေ။....1.11.12(07း48PM)
  4. မတည်မြဲတဲ့ လောကကြီးမှာ မွေးဖွားခြင်းရှိလို့ သေဆုံးခြင်းရှိတယ်။ ဒါဆို ချစ်ခြင်းမှာရော မုန်းခြင်းရှိနေမလား??????.....01.11.12(08း22PM)
  5. ဆန်ဒီ...နင်ပြောတော့ လေပြေလေညှင်းလေးသာ ဆိုတယ် ဒီမှာတော့ ဗလောင်ဆူ၊ သောင်ထူသွားတယ်ဟ........(နယူးယောက်ခ်မြို့ ဆန်ဒီမုန်တိုင်းအားအမှတ်တရ တင်စားထားသည်။).....03.11.12(02း27AM)
  6. ....အမေတစ်ယောက်ရဲ့အလိုမကျသံ....မွေးကတည်းက (ဒီတိုင်း)ထူးပါမလာတဲ့ ညည်းတို့က လူစစ်ကြောင်း အရမ်းလစ်ဟာချင်နေတာ ငါတို့ဖြစ် လိုက်မမှီတော့ပါဘူးအေ.....03.11.12(02:57AM)
  7. မင်းမမှားပါဘူး။ ကွေ့ကောက် စီးဆင်းနေတဲ့မြစ်ကို ဖြောင့်လာနိုးနဲ့ ရူးမိုက်စွာအလျားလိုက် တံတားထိုးကြည့်မိတဲ့ င့ါကိုက မှားတာ.......06.11.12(03း01PM)
ဝတ္တုတိုရေးရင် ထည့်ရေးဖို့ စဉ်းစားထားတဲ့ စကားစုလေးတွေပါ။ ကြိုက်နှစ်သက်တဲ့ သူငယ်ချင်းတွေ လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။။။။။။။။။။။။
စာပေချစ်သူများကို လေးစားခင်မင်လျှက်
***မင်းနေ***

+++ကြီးထွားမှု+++


ကတောက်...... ငါ့အချစ်တွေ
သေပြီထင်လို့ မြေသြဇာရနိုးနဲ့ မြေမြုပ်မိပါတယ်.......
ခုတော့ ဆက်လက်ရှင်သန် ကြီးထွားနေလိုက်တာများ
အပင်တွေသေ၊ အောက်စီဂျင်ပျက်လို့
သတ္တဝါတွေအတွက် ကပ်ဆိုက်တော့မယ် အခြေအနေ........
ဒီလိုမှန်းသိ အစတည်းက မီးလောင်တိုက်သွင်းပြစ်တယ်~~~~~~~~~~
(မဆီမဆိုင် သင်ခန်းစာယူမိပါရဲ့ သင်္ဂြိုဟ်နည်း သုံးမျိုး ကျေညက်အောင် လေ့လာဖို့ပေါ့။)
***မင်းနေ***
24.11.12(02:11PM)

+++ရှားပါလားတဲ့ တို့ယောက်ျားတွေ+++

သူငယ်ချင်းအားလုံး မင်္ဂလာပါနော်။ ကျွန်တော့်ရဲ့ အကျင့်အတိုင်း အတွေးတစ်ခုရတိုင်း ဖေ့စ်ဘွတ်မှာ စာတို တစ်ကြောင်းရေးတတ်ပါတယ်။ခု STATUS လေးကိုဖေ့စ်ဘွတ်မှာ 07ရက်နေ့က ရေးထားတာပါ။...မနေ့ကရေးတဲ့ ဝတ္တုတို(မယှဉ်ဝံ့တဲ့ အညတရ ခရေ)ထဲက ဇာက်ကောင်မင်းနေ ဘက်က ဖြစ်တတ်တဲ့သဘောလေးနဲ့ တိုက်ဆိုင်နေလို့ ရှားပါလာတဲ့ ကျွန်တော်တို့ ယောက်ျားတွေအစား တင်ပေးလိုက်ရပါကြောင်း ဟိဟိ (ဟာသအမြင်ဖြင့် ဖတ်ရှုပေးပါရန်)

မိန်းကလေး(မ)တွ ကိုယ်မချစ်တဲ့လူကို ငြင်းရတာလွယ်သလောက် ယောက်ျားလေး(ကျား)တွေမှာတော့ တယ်ခက်သကိုးးးးးးးးးးးးးး :D

(၁)စဉ်းစားအုံးမယ်လို့ ပြောရင် ယောက်ျားလေးဆိုတော့ အဆင်မပြေဘူးဗျ....
(၂)မချစ်ဘူး ဆိုတော့လည်း သူ့သိက္ခာကရှိသေးတယ်...သက်ညှာစွာဖြင့် ထည့်တွက်ပေးရအုံးမယ်။
(၃)ရှောင်ပြေးတော့လည်း မာနကြီးတယ် ယောက်ျားရောဟုတ်ရဲ့လား?ဘာသားနဲ့ထုထားတာလဲဖြစ်အုံးမယ်....
(၄)ဘာမှမပြောပဲ ငြိမ်ငြိမ်လေးနေတော့လဲ ယောက်ျားတန်မဲ့ မျှော်လင့်ချက်ပေးနေတယ် ပြောခံထိမယ်....
ဟူးးးးးးးးးးး နာတို့ ယောက်ျားတွေဘဝက တယ်မလွယ်ပါလားနော် :P

ခုပဲ ကြည့်လေ...ဖတ်ကြည့်မိတဲ့ အပျိုငယ်တွေနဲ့ အပျိုကြီးတွေက မန့် မသွားတောင် စိတ်ထဲကနေ "အမလေး ကြီးကျယ်လိုက်တာ"လို့ ပြောသွားအုံးမယ်...:P အော် မိန်းကလေးတွေ မိန်းကလေးတွေ ဟိဟိ

(အပျော် သက်သက်မျှသာ)
သူငယ်ချင်းများကို လေးစားခင်မင်လျှက်
***မင်းနေ***

07.11.12(08:08 PM)