Friday, April 19, 2013

@@@Anniversary@@@





ချစ်သူ မှေးစက်
သူ့ အိပ်မက်မှာ
တစ်ရက် မခြား
စမ်းတဝါးဝါးဖြင့်
မှန်းစ တောနင်း ရှာဖွေဖူးတယ်....

ချစ်သူ့ message
အနမ်း ဝေ့လို့
လှမ်းတွေ့ လျှင်ဖြင့်
မျက်နှာသစ်၍
တစ်နေ့တာ အစ
တဒင်္ဂ မက
တမ်းတမ်းတတ ဖြတ်ကျော်ဖူးတယ်.....

+++++++++++++++++++++++++

တစ်ယောက်နဲ့ တစ်ယောက်
ဝေးကွာ နေပေမယ့်
အတွေး ကိုယ်စီမှာတော့
အချိန်ရယ် ပြေးကာနေတာပဲလို့
တူစုံမယ့်နေ့ကို မျှော်
တစ်မိုးအောက်မှာ တူတူပျော်ခဲ့ဖူးတယ်......

အတ္တကို အလေးခိုး
အချစ်သို့ တိုးလာခဲ့တာ
ဒီနေ့ထိ တိုင်
ရန်ဆိုတာ နတ္တိ
မောင့်အချစ်က
ပကတိ ထက်ကို
တောက်မီးခဲ တရဲရဲပါပဲ.......

အလင်္ကာ မဟုတ်တဲ့
ကဗျာ တစ်ပုဒ်နဲ့
အတိဿယ ဝုတ္တိ အလျင်းမရှိပဲ
တမ်းချင်း မတတ်ပေလို့
သမုဒယ လွမ်းချင်း အစစ်ကို
ချစ်သူမေအတွက် လွမ်းရင်း ရေးလိုက်တယ်နော်....... :-) miss ya

***မင်းနေ***
08.03.13(02း01AM)

1 comment:

  1. congradulation ပါ
    ကဗျာလေးက ကြည်နူးစရာလေး
    M3A

    ReplyDelete