Monday, November 5, 2012

@@@မင်းအတွက်@@@


ငါက နင်ထင်သလို
မချစ်တတ်တာ မဟုတ်ပါဘူး...။


ရင်တွင်းစကားကို လျှာဖျားလေးနဲ့ ပြောရလောက်အောင်
ငါ့အချစ်က ဘေထုတ်ဈေး မဆန်ဘူးလေ....။

သစ္စာတရားကို ဦးညွတ်သူအဖို့
ငါ့ပါးစပ်က ထွက်ကျလာတဲ့ စကားလုံးတိုင်းကို တည်ချင်တယ်ဟာ...။

တစ်ခါတစ်လေမှာ လိုချင်နေလျက်နဲ့ ကြည်ကြည်ဖြူဖြူ
စွန့်လွှတ်လိုက်ရတဲ့အခါ ငါ့မျက်ဝန်းမှာ မျက်ရည်စတော့ ကျမိတယ်.....။

နင့်ရဲ့ စစ်မှန်တဲ့ရင်တွင်းစကားတွေ ကြားရဖို့
F-5 နှိပ်မှ Rate တတ်မယ်ဆို
င့ါဆီ ဦးမညွှတ်လည်း နေပါစေတော့ဟာ...။


သွေးထွက်မှ ဒဏ်ရာ မဟုတ်ပါဘူး
ရင်ဘတ်ထဲက သွေးမထွက်တဲ့ ဝေဒနာဟာလဲ ဒဏ်ရာပါပဲ...။

ဒါပေမယ့် နင်ပျော်ဖို့အတွက်
င့ါနှလုံးသားကို မီးတင်ရှို့ပြီး အားတင်းပြုံးထားတယ်.....။

ကဗျာချစ်သူများကို လေးစားခင်မင်လျှက်
            ***မင်းနေ***

3 comments:

  1. တစ်ခါတစ်လေမှာလိုချင်နေရက်နဲ့ကြည်ကြည်ဖြူဖြူစွန့်လွှတ်လိုက်ရတဲ့အခါငါ့မျက်ဝန်းမှာ
    မျက်ရည်စတော့ကျမိတယ်
    …………………
    နင်ပျော်ဖို့အတွက်
    ငါ့နှလုံးသားကိုမီးတင်ရှို့ပြီး
    အားတင်းပြုံးထားတယ်
    ……………………
    စာသားလေးတွေကောင်းတယ် (M3A)

    ReplyDelete
  2. ​စာသား​လေး​တွေ ကြိုက်​တယ်​ဗျာ

    ReplyDelete