Showing posts with label ရင်တွင်းဖြစ်. Show all posts

Saturday, September 17, 2011
မရက်စက်ပါနဲ့...
နှလုံးခုန်မြန်တာ
ငါ့ရောဂါမှန်း မင်းသိရက်နဲ့
မင်းလုပ်ရက်တယ်.......
ငါသိပ်ချစ်တဲ့ မင်းက
မင်းသိပ်မုန်းတဲ့ ငါ့ကို
မကြည့်ချင်တော့ပါဘူး ဆိုင်ရင်တောင်
မင်းမမြင်အောင် ငါရှောင်ပေးနိုင်ပါတယ်.....
ဒါပေမယ့် င့ါနှလုံးသားကို
တစွေ့စွေ့ခုန်ပြီး
တဆတ်ဆတ်နာကျင်အောင်တော့
မလုပ်လိုက်ပါနဲ့ ကောင်မလေးရယ်~~~~
Tuesday, August 23, 2011
ငါ့အတိတ်သခင်မ
ငါ့ရဲ့အတိတ်သခင်မ | ချစ်တယ်
ငါ့အတိတ်သခင်မ
မျက်ရည်စက်လက်လေးနဲ့ ပင်လယ်ပြင်ကို ငေးမောရင်း
လေးညှင်းလေးတွေ ရဲ့ ဖေးမမှုကြောင့် အသက် ပြန်ဝင်ခဲ့၇တဲ့ ငါ့နှလုံးသား
ငွေမရှိတဲ့ မြေမျက်နှာကြောင့် ချနင်းခံခဲရတဲ့ ငါ့နှလုံးသား....
ရေမရှိတဲ့ နွေပင်လယ် မှာ မျော်လင့်ချက် ရောင်ခြည်လေးကို စောင့်ရင်း
ပျက်ဆီခဲ့ရတဲ့ ငါ့နှလုံးသား.........
အော် ငါ့နှလုံးသားလေးက သနားစရာလေးပါလား.....
ငယ်ဘ၀က အနေမလှခဲ့တဲ့ ငါ့ရင်ထဲက နှလုံးသား...
အချစ်ဆိုတာ စဖြစ်ခဲ့ချန်မှာ အထီးကျန်ပြီးထားသွားခဲ့တဲ့...အမုန်းသခင် မ...
အလွမ်းတွေ ဖြစ်တည်နေတဲ့ အချိန် မှာ မီးပူတိုက်ပေးတဲ့ မင်းအလှ...
ဝူး...............ငါ့ဘ၀က မျော်လင့်တာလည်း မဖြစ်..လိုချင်တာလည်း မရ..
ချစ်သူကလည်း စိမ်း ...မျက်ရည်တွေကို ပဲ လိမ်း ထားရတော့မှာပါလား..
ခုတော့ ဒါတွေဟာ အတိတ်တွေဖြစ်သွား ပြီ..
ငါမလွမ်းတော့ဘူး..
ငါမဆွေးတော့ဘူး..
ငါမငိုတော့ဘူး..
ငါ့အရုံးနဲ့ ငါကျေနပ်တော့မယ် ငါ့ရဲ့အတိတ်သခင်မလေးရေ...
aungphyo(thandwe)

Sunday, August 21, 2011
မစိမ်းတော့တဲ့ ခွဲခွာခြင်း...
ကျနော်က စာရေးဆရာတော့မဟုတ်ပါဘူး အမှားပါရင်လဲ တောင်းပန်ပါတယ်
(မလိမ်မိုးမလိမ္မာလေးလို့ သတ်မှတ်လိုက်ပါ ဟဲဟဲ..) ကျနော် နာမည်ကို အရင်မိတ်ဆက်ရမယ်ဆိုရင်တော့ နေထွဋ်ခေါင်ပါ (မေထွဋ်ခေါင်ရဲ့မောင်ပေါ့ဗျာ ဟီးဟီး..) ကိုယ့်အမျိုးထဲမှာ နာမည်ကြီးပြီး ထင်ပေါ်တဲ့လူမရှိတော့လည်း တူရာဆွဲတွေးရတာပေါ့ဗျာ ..ပြန်ဆက်ရရင် သူငယ်ချင်းတွေက တော့နေနေ လို့ခေါ်တယ်လေ...နေနေက ခုမှစာစရေးတာပါ ခုလို"မစိမ်းတော့တဲ့ခွဲခွာခြင်း" ခေါင်းစဉ်ပေးတာဟာ လူတိုင်းနီးပါးလောက်ကြုံဘူးမှာပါ ရက်တိုရက်ရှည်ပဲကွာမှာပေါ့နော။ မိဘနဲ့ခွဲရလို့ဖြစ်ဖြစ် သံယောဇဉ်ဖြစ်တဲ့လူတစ်ယောက်ယောက်နဲ့ ဖြစ်ဖြစ် ခွဲခွာရင် ဝမ်းနည်းရတာပဲမဟုတ်လား။။။ လူတိုင်းမိဘကိုချစ်ကျတာပဲလေ ချစ်မှာပေါ့ဒါသဘာဝပဲကိုးလို့ပြောမှာပေါ့ အဲလိုမဟုတ်ပါဘူး ကျနော့်အထင်ပြောရရင် မိဘရဲ့တန်ဖိုးကို အနေဝေးမှပိုသိရတာလို့ထင်တယ်ဗျ ဘာဖြစ်လို့လဲ ဆိုတော့ အတူနေတော့ မသိသာဘူး ဆိုးလိုက် မရတာရှိရင်ကောက်လိုက်ပေါ့ဗျာ (တစ်မျိုးမထင်နဲ့အုံး စိတ်ကောက်တာကိုပြောတာပါ..ဟီးဟီး) နေနေတို့ဘဝက ကံဆိုးသားဗျ ငယ်ငယ်တည်းက မိဘနဲ့

Subscribe to:
Posts (Atom)