Friday, April 19, 2013

@@@Anniversary@@@





ချစ်သူ မှေးစက်
သူ့ အိပ်မက်မှာ
တစ်ရက် မခြား
စမ်းတဝါးဝါးဖြင့်
မှန်းစ တောနင်း ရှာဖွေဖူးတယ်....

ချစ်သူ့ message
အနမ်း ဝေ့လို့
လှမ်းတွေ့ လျှင်ဖြင့်
မျက်နှာသစ်၍
တစ်နေ့တာ အစ
တဒင်္ဂ မက
တမ်းတမ်းတတ ဖြတ်ကျော်ဖူးတယ်.....

+++++++++++++++++++++++++

တစ်ယောက်နဲ့ တစ်ယောက်
ဝေးကွာ နေပေမယ့်
အတွေး ကိုယ်စီမှာတော့
အချိန်ရယ် ပြေးကာနေတာပဲလို့
တူစုံမယ့်နေ့ကို မျှော်
တစ်မိုးအောက်မှာ တူတူပျော်ခဲ့ဖူးတယ်......

အတ္တကို အလေးခိုး
အချစ်သို့ တိုးလာခဲ့တာ
ဒီနေ့ထိ တိုင်
ရန်ဆိုတာ နတ္တိ
မောင့်အချစ်က
ပကတိ ထက်ကို
တောက်မီးခဲ တရဲရဲပါပဲ.......

အလင်္ကာ မဟုတ်တဲ့
ကဗျာ တစ်ပုဒ်နဲ့
အတိဿယ ဝုတ္တိ အလျင်းမရှိပဲ
တမ်းချင်း မတတ်ပေလို့
သမုဒယ လွမ်းချင်း အစစ်ကို
ချစ်သူမေအတွက် လွမ်းရင်း ရေးလိုက်တယ်နော်....... :-) miss ya

***မင်းနေ***
08.03.13(02း01AM)

+++သူတို့ဘဝ တင့်တယ်လှ+++

ပေးထားရတာ အသက်
နေရတာက စုတ်ပျက်
စားရတော့ အပဲ့ ကုလားပဲ
ရတော့ အမဲ့ မျက်နှာမွဲ
အပေါစား စည်းရုံးရေးနဲ့
အပျော်အပါးလေး ဖက်လို့
ဒေါ်လာလေးစားပြီး သူတို့လဲ နေချင်ရှာမှာပေါ့~~~~

***မင်းနေ***
30.01.13(12း45PM)

+++New Year ည+++


အထီးကျန်ဆန်စွာ သိတဲ့အတိုင်းပဲ
တစ်ကိုယ်တော် Free Style နဲ့ပေါ့.......

အလွမ်းတွေ ရင်ဝယ်ပိုက်
အနမ်းတွေမရှိခဲ့သူမို့
အကြမ်းထည်
Heineken နှစ်လုံးရယ်နဲ့
အမြည်း ဖွယ်ဖွယ်ရာရာ မရှိပါဘူး.........

အာလူးကြော်ကို ဗူးကြော်ယှဉ်လို့
ကြက်တစ်ပေါင် မျက်နှာညိုးငယ်လှ
တစ်ယောက်တည်း Feel ခံလိုက်ပုံများ
သူတကာ တုမမှီရအောင်
ချစ်စရာ သူငယ်ချင်းတွေအား
အနှစ်အကာ စကားတွေဖြင့်
လှစ်ဟာ ပြလိုက်မိတဲ့ ဒီည........

နှစ်ဟောင်းကို ရဲရဲ Good Bye
နှစ်သစ်ကို စွန့်စွန့်စားစား See You မိတဲ့
ကျနော့် အတွက် ကောင်းနိုးရာရာ Plan တွေလဲ
စိတ်ကူးထဲမှာ ရီဝေမောဟိုက်
အလိပ်လိုက် ပြည့်လို့ပေါ့.........

မီးရှူးသံ တဗြုန်းဗြုန်း
တဝုန်းဝုန်းရောက်လာတဲ့
နှစ်ကြိမ်မြောက်သော ဆုတောင်းသံတွေ
အမြင်ကပ် စရာကောင်းလှပါဘိ........

သေချာစဉ်းစားကြည့်တော့
ကိုယ်အပါအဝင်
မရေမရာ လိုက်ပျော်ပုံများ
ဒါက ကိုယ့်ယဉ်ကျေးမှုမဟုတ်
ရောမရောက် ရောမလိုကျင့်သည်ပေါ့........:D

ဆက်ရေးချင်ပေမယ့်
မျက်လုံးတွေ ဝေဝါးလာတာကြောင့်
လက်ကျန် တစ်ကျိုက်မော့ပြီး
နက်ဖြန်အတွက် အားသစ်မွေးလိုက်အုံးမယ်ဗျာ..................:D

***မင်းနေ***
01.01.13(01း46PM)

+++နူးညံ့ ရိုးစင်းသော ကာရံ+++


ဒါကဗျာ မဟုတ်တဲ့ ချစ်ခြင်း ပုံရိပ်လွှာတဲ့
ရယ်သံပါးပါးလေးနဲ့ နှုတ်ခမ်းလွှာ တစ်စုံက
ပန်ချီကား လှလှလေးတစ်ခုလို ခြယ်သလို့.........

ပါးပြင်ထက်မှ သနပ်ခါးများ
လေအဝှေ့ တစ်ချက်မှာ ငြိမ့်ညောင်းလို့သာယာ
ဖြည်းညှင်း သယ်ဆောင်ခြင်းရဲ့ စွမ်းပကား
သင်းရနံ့ ဖြူလွှလွှလေးက
ချစ်သူရဲ့ နွေးထွေးမှုကို သရုပ်ပြနေသယောင်........

ကိုကို....ခေါ်သံမှာ
ချစ်ခြင်း အနှစ်ရောင် သန်းနေတော့
တစ်ခါတစ်ရံ စိတ်ရိုင်းနဲ့လူ
ဖရိုဖရဲနဲ့ ဖျက်ဖျက်လူးသလို ခံစားလို့နေ........

လေပြေ ဖြူးဖြူး တိုက်ခတ်မြူးတဲ့ ညအလယ်
တစ်ယောက်တည်း အတွေးနယ်ချဲ့လို့
ဖမ်းမရအောင် လွတ်ထွက်တတ်တဲ့ အာရုံတစ်ချို့ဟာ
ချစ်သူကို လွမ်းနေခြင်းတွေပေါ့.........

မရိုးနိုင်ဆုံး အလွမ်းသံစဉ်တွေက
အလှမ်းသင့်ရင် ချစ်ခရီးလမ်းအတွက်
ကြင်နာ ပန်းခင်းဖြစ်ဖို့လေ..........

သံယောဇဉ် နှောင်ကြိုးတွေ
ဆထပ်၊ရစ်ကာ တိုးတဲ့ အချိန်ဆို
ဖြစ်ပျက်တာတွေ ခနမေ့လို့
အသက်ရှူကြပ် လာတဲ့အခါ
သက်ဆက်ဖို့ ချစ်သူရဲ့
နမ်းချက် တစ်ပွင့် ရိုကျိုးတောင်းတနေမိတယ်~~~~~~~~

***မင်းနေ***
27.12.12(06:11PM)

+++ခဏလူ+++


ငါတို့ နှစ်ဦး
မခွဲကြည်နူး ရည်စူးခဲ့တဲ့
ပန်းတိုင်တစ်ခု ရှိခဲ့ဘူးတယ်........

ငါတို့
ရင်ခုန်သံတွေ ရစ်ပတ်
အကြင်နာ လက်လျှက်ပြီး
လေညှင်း တိုက်ခတ်တဲ့
ညနေခင်းလေးမှာလည်း
အတူတူ လမ်းလျှောက်ခဲ့ဘူးတယ်.......

ခုတော့ ငါတို့
ရွတ်ခဲ့ သစ္စာ
ထားခဲ့ ကတိစကား
တရိပ်ရိပ် ဝေဝါးလို့
အချိန်တစ်ခုအတွင်း အချစ်တွေ
တဖြည်းဖြည်းနဲ့ နေဝင် လုလုပါပဲ.........

ငါ့ရဲ့ နှလုံးတစ်စုံလည်း
အသံတွေ စုံလို့
အမှန်တွေ မယုံရဲလောက်အောင်
မုန်တိုင်းရဲ့ ကြား
အသည်း ခါးစွာ
လှိုင်းပုတ်မှုဒဏ် ခံနေရပြီ.......

အမှန်တော့
ငါဆိုတဲ့ ကောင်က
မင်းရဲ့ တစ်ခါသုံးတစ်သျှူးလို
အလှ အပြုံးတွေနဲ့
အခါခါ ရှုံးခဲတာတောင်
စက္ခုမဲ့ သံယောဇဉ်က
အလိုက် မသိ
အရှိုက် ထိရင်း
အငိုက် မိလို့ ကောင်းနေတုန်း........

တကယ်ဆို ငါဟာ
မင်းဆီက ဘာမှမယူရက်တဲ့
ခဏလူ သက်သက်ပါပဲကွာ~~~~~~~~~~

***မင်းနေ***
21.12.12(11.35PM)
မှတ်ချက်။ ။ ခံစားချက်တွေ မြုပ်လိုက်ပုံများ ရေးစရာမရှိလို့ ခုရက်ပိုင်း အရမ်းကြိုက်နေတဲ့ ကောင်းကောင်းဆိုထားတဲ့"ခဏလူ"သီးချင်းလေးအား ခံစားသီကုံးမိသည်။

@@@မြန်မာသူငယ်ချင်းများနေ့@@@


အတ္တမာန၊ စဉ်လာ ဖယ်ခွာ
ဘာသာလူမျိုး ကွဲစေကာမူ
ဖြူစင်နှလုံးသား၊ စိတ်တူဝါသနာနဲ့
သံယောဇဉ် ကြိုးကျစ်၊
အချိုးအဆစ် မညီခဲ့ရင်
ငါ့ကျော တံတား၊ ခင်းစေသူကို
သဟာယ ဟု
ရင်ဖြင့် ရေးဖွဲ့
ဒီနေ့ရက်မှာ သီကျူးမိ၏~~~~~~
မှတ်ချက်။  ။ သဟာယ=သူငယ်ချင်း

သူငယ်ချင်းများနေ့မှာ ရေးခဲ့တဲ့ ကဗျာတိုလေးပါ
***မင်းနေ***
14.12.12(12:15AM)

+++ခံယူချက်+++



မင်းအတွက် နေမင်း ရှိနေသ၍
လမင်းရဲ့ အေးချမ်းနွေးထွေးမှုကို
ဘယ်သတိထားမိပါ့မလဲ။။။။။။။။။။
ဒါပေမယ့် ချစ်သူ နေဝင်စောပါစေလို့
ကိုယ်ဆုတောင်းနေမှာ မဟုတ်ဘူး။။။။။။။။
အချိန်တစ်ခုကြာရင် လပြည့်ညတော့
ရှိလာကောင်းပါရဲ့~~~~~~~~

***မင်းနေ***
5.12.12(12း22AM)