Friday, April 19, 2013

+++ခဏလူ+++


ငါတို့ နှစ်ဦး
မခွဲကြည်နူး ရည်စူးခဲ့တဲ့
ပန်းတိုင်တစ်ခု ရှိခဲ့ဘူးတယ်........

ငါတို့
ရင်ခုန်သံတွေ ရစ်ပတ်
အကြင်နာ လက်လျှက်ပြီး
လေညှင်း တိုက်ခတ်တဲ့
ညနေခင်းလေးမှာလည်း
အတူတူ လမ်းလျှောက်ခဲ့ဘူးတယ်.......

ခုတော့ ငါတို့
ရွတ်ခဲ့ သစ္စာ
ထားခဲ့ ကတိစကား
တရိပ်ရိပ် ဝေဝါးလို့
အချိန်တစ်ခုအတွင်း အချစ်တွေ
တဖြည်းဖြည်းနဲ့ နေဝင် လုလုပါပဲ.........

ငါ့ရဲ့ နှလုံးတစ်စုံလည်း
အသံတွေ စုံလို့
အမှန်တွေ မယုံရဲလောက်အောင်
မုန်တိုင်းရဲ့ ကြား
အသည်း ခါးစွာ
လှိုင်းပုတ်မှုဒဏ် ခံနေရပြီ.......

အမှန်တော့
ငါဆိုတဲ့ ကောင်က
မင်းရဲ့ တစ်ခါသုံးတစ်သျှူးလို
အလှ အပြုံးတွေနဲ့
အခါခါ ရှုံးခဲတာတောင်
စက္ခုမဲ့ သံယောဇဉ်က
အလိုက် မသိ
အရှိုက် ထိရင်း
အငိုက် မိလို့ ကောင်းနေတုန်း........

တကယ်ဆို ငါဟာ
မင်းဆီက ဘာမှမယူရက်တဲ့
ခဏလူ သက်သက်ပါပဲကွာ~~~~~~~~~~

***မင်းနေ***
21.12.12(11.35PM)
မှတ်ချက်။ ။ ခံစားချက်တွေ မြုပ်လိုက်ပုံများ ရေးစရာမရှိလို့ ခုရက်ပိုင်း အရမ်းကြိုက်နေတဲ့ ကောင်းကောင်းဆိုထားတဲ့"ခဏလူ"သီးချင်းလေးအား ခံစားသီကုံးမိသည်။

No comments:

Post a Comment