Friday, April 19, 2013

+++New Year ည+++


အထီးကျန်ဆန်စွာ သိတဲ့အတိုင်းပဲ
တစ်ကိုယ်တော် Free Style နဲ့ပေါ့.......

အလွမ်းတွေ ရင်ဝယ်ပိုက်
အနမ်းတွေမရှိခဲ့သူမို့
အကြမ်းထည်
Heineken နှစ်လုံးရယ်နဲ့
အမြည်း ဖွယ်ဖွယ်ရာရာ မရှိပါဘူး.........

အာလူးကြော်ကို ဗူးကြော်ယှဉ်လို့
ကြက်တစ်ပေါင် မျက်နှာညိုးငယ်လှ
တစ်ယောက်တည်း Feel ခံလိုက်ပုံများ
သူတကာ တုမမှီရအောင်
ချစ်စရာ သူငယ်ချင်းတွေအား
အနှစ်အကာ စကားတွေဖြင့်
လှစ်ဟာ ပြလိုက်မိတဲ့ ဒီည........

နှစ်ဟောင်းကို ရဲရဲ Good Bye
နှစ်သစ်ကို စွန့်စွန့်စားစား See You မိတဲ့
ကျနော့် အတွက် ကောင်းနိုးရာရာ Plan တွေလဲ
စိတ်ကူးထဲမှာ ရီဝေမောဟိုက်
အလိပ်လိုက် ပြည့်လို့ပေါ့.........

မီးရှူးသံ တဗြုန်းဗြုန်း
တဝုန်းဝုန်းရောက်လာတဲ့
နှစ်ကြိမ်မြောက်သော ဆုတောင်းသံတွေ
အမြင်ကပ် စရာကောင်းလှပါဘိ........

သေချာစဉ်းစားကြည့်တော့
ကိုယ်အပါအဝင်
မရေမရာ လိုက်ပျော်ပုံများ
ဒါက ကိုယ့်ယဉ်ကျေးမှုမဟုတ်
ရောမရောက် ရောမလိုကျင့်သည်ပေါ့........:D

ဆက်ရေးချင်ပေမယ့်
မျက်လုံးတွေ ဝေဝါးလာတာကြောင့်
လက်ကျန် တစ်ကျိုက်မော့ပြီး
နက်ဖြန်အတွက် အားသစ်မွေးလိုက်အုံးမယ်ဗျာ..................:D

***မင်းနေ***
01.01.13(01း46PM)

No comments:

Post a Comment