Thursday, July 26, 2012

ဒါ့ကြောင့် မင်းထားခဲ့နိုင်တယ်...

 

မင်းအတွက် ငါ့အချစ်တွေ မလိုအပ်ဘူး မှတ်လား
ဒါ့ကြာင့် မင်းထားခဲ့နိုင်တယ်....

မင်းအတွက် ငါ့နွေးထွေးမှုတွေမပြည့်စုံဘူး မှတ်လား
ဒါ့ကြောင့် မင်းထားခဲ့နိုင်တယ်....

မင်းအတွက် င့ါကြင်နာမှုတွေ
မခမ်းနားဘူး မှတ်လား
ဒါ့ကြောင့် မင်းထားခဲ့နိုင်တယ်....

မင်းအတွက် င့ါတန်ဖိုးထားမှုတွေ
အရေးမပါဘူး မှတ်လား
ဒါ့ကြောင့် မင်းထားခဲ့နိုင်တယ်....

မင်းအတွက် ငါ့သတိရခြင်းတွေ
အသုံးမလိုဘူး မှတ်လား
ဒါ့ကြောင့် မင်းထားခဲ့နိုင်တယ်....

မင်းအတွက် င့ါမြတ်နိုးမှုတွေ
မတင်းတိမ်နိုင်ဘူး မှတ်လား
ဒါ့ကြောင့် မင်းထားခဲ့နိုင်တယ်....

မင်းအတွက် ငါ
မဟုတ်ဘူး မှတ်လား
ဒါ့ကြောင့် မင်းအေးဆေးတည်ငြိမ်စွာနဲ့
ကျောခိုင်း ထားခဲ့နိုင်ပါတယ်~~~~~
                                         သူငယ်ချင်းများကို လေးစားခင်မင်လျှက်
                                                                             ***ကိုနေ***

No comments:

Post a Comment