Monday, October 15, 2012

@@@နောင်မှတတဲ့ နောင်တ@@@



ကျနော် ဒီနေ့စာအုပ်တစ်အုပ်ဖတ်မိပါတယ်... ဆရာနန္ဒာသိန်းဇံရဲ့ နောင်တကင်းရာသို့ စာအုပ်လေးပါ.. အဲ့ဒီထဲက နောင်မှတတဲ့ နောင်တဆိုတဲ့ အပိုဒ်လေး ကြိုက်လို့ သူငယ်ချင်းတွေ အတွက် မှတ်သားလို့ရအောင် တင်ပေးလိုက်ပါတယ်။ ခုပြောမယ့် ဆယ်ပါးသော အကြောင်းအရာ၊ လုပ်ငန်းကိစ္စတို့ကို ရှေးအခါက မပြုလုပ် မဆောင်ရွက်ခဲ့မိသောသူသည် နောင်အခါ၌ စိုးရိမ်ပူပန်ရ တတ်သည်လို့ ဆရာကြီးက ပြောထားပါတယ်.... အောက်မှာကြည့်ရအောင်နော်



(၁)ရသင့်ရထိုက်သော ဥစ္စာပစ္စည်းကို မရသည်ရှိသော် စိုးရိမ်ပူပန်ရ၏။ငါသည်          ငယ်ရွယ်စဉ်အခါကပစ္စည်းဥစ္စာကို မဆည်းပူး၊မစုဆောင်းခဲ့မိဟု အိုမင်းသောအခါ စိုးရိမ်ပူပန်ရ၏။

(၂)အတတ်ပညာမရှိသူအား အသက်မွေးရခြင်းသည် ဆင်းရဲငြိုငြင်လှ၏။ ငါသည် ငယ်ရွယ်စဉ်အခါ၌ အတတ်ပညာကို မသင်ကြားခဲ့မိဟု အိုမင်းသောအခါ စိုးရိမ်ပူပန်ရ၏။

(၃)ငါသည် ငယ်ရွယ်စဉ်အခါ၌ ကောက်ကျစ်စဉ်းလဲသော အမှုကို ပြုမိခဲ့၏။ သူတစ်ပါး၏ကျောကုန်းသားကို စားသကဲ့သို့ ချောပစ်ကုန်းတိုက်သော စကားကိုဆိုခဲ့မိ၏။ ကြမ်းကြုတ်သောစကားကိုဆိုခဲ့မိ၏ဟု အိုမင်းသောအခါ စိုးရိမ်ပူပန်ရ၏။

(၄)ငါသည် ငယ်ရွယ်စဉ်အခါ သူ့အသက်ကို သတ်မိ၏။ ရက်စက်ကြမ်းကြုတ်ခဲ့
    ၏။ ယုတ်မာခဲ့၏။ သတ္တဝါတို့အပေါ် သနားကြင်နာခြင်းကို မပြုခဲ့မိဟု အိုမင်းသောအခါ စိုးရိမ်ပူပန်ရ၏။

(၅)ငါသည် ငယ်ရွယ်အခါ သူတစ်ပါးတို့ မသိမ်းဆည်းအပ်သောမိန်းမများရှိပါလျက် သူတစ်ပါးမယားကို မှီဝဲကျူးလွန်မိ၏ဟု အိုမင်းသောအခါ စိုးရိမ်ပူပန်ရ၏။

(၆)ငါသည် ငယ်ရွယ်စဉ်အခါ ထမင်းအဖျော်ဥစ္စာစီးပွားရှိပါလျက် အလှူဒါနကို မလှူဒါန်းမိခဲ့ဟု အိုမင်းသောအခါ စိုးရိမ်ပူပန်ရ၏။

(၇)ငါသည် ငယ်ရွယ်စဉ်အခါက ဥစ္စာအား၊ကိုယ်အားဖြင့် စွမ်းနိုင်ပါလျက်အိုးမင်းသော အမိအဖတို့ကို မကျွေးမွေးမိခဲ့၊မပြုစုမိခဲ့ဟု အိုမင်းသောအခါ စိုးရိမ်ပူပန်ရ၏။

(၈)လက်ဦးဆရာဖြစ်၍ ဆုံးမပဲ့ပြင်လျက် အလုံးစုံသောအရာတို့ကို ငါ့အားပေး၍   ကျွေးမွေးပြုစုသော အဖကို ငါသည် မထေမဲ့ပြင်ပြုခဲ့မိ၏ဟု နောင်အခါ စိုးရိမ်ပူပန်ရ၏။

(၉)သီလရှိ၍ ဗဟုသုတများသော ရဟန်း၊သူတော်သူမြတ်တို့ကို ငါသည် ရှေးအခါက မဆည်းကပ်မိခဲ့ဟု နောင်အခါ စိုးရိမ်ပူပန်ရ၏။

(၁၀)ငါသည် ရှေးအခါက ငြိမ်သက်သော၊ဆည်းကပ်အပ်သော ခြိုးခြံသော အကျင့်မျိုးကို မကျင့်မိခဲ့ဟု နောင်အခါ စိုးရိမ်ပူပန်ရ၏။ ဤဆယ်ပါးသော အကြောင်းအရာလုပ်ငန်း ကိစ္စ တို့ကို ပြုလုပ်ခဲ့မိသောသူသည် နောင်အခါ စိုးရိမ်ပူပန်ခြင်း နောင်တ မရှိနိုင်...လို့ ဆရာကြီးက ဆိုထားပါတယ်။

       တစ်ခါက ကမ္ဘာကျော်စစ်သေနာပတိ နပိုလျံဟာ ဝယ်လင်တန်ကို တိုက်ဖို့ ဝါတာလူးစစ်ပွဲကို ရောက်တော့ နေဝင်တော့မည့်အချိန်ဖြစ်နေတယ်။ နပိုလျံဟာ နောက်ကျသွားတယ်။ ဒီအခါမှာ နပိုလျံဟာ စစ်မြေပြင်မှာ ရပ်ပြီး နေလုံးကြီးဆီ လှမ်းကြည့်ပြီးတော့ "ဒီနေ့အတွက် 2နာရီလောက် သင့်ကို ငါတားလို့ရမယ်ဆိုရင် လောကမှာ ဘာမဆို ငါပေးနိုင်ပါရဲ့" လို့ ညည်းတွားတယ်တဲ့၊အဲ့ဒီစစ်ပွဲဟာ နပိုလျံရဲ့ ဘုန်းမီးကို အပြီးတိုင်ငြိမ်းစေတဲ့ စစ်ပွဲဖြစ်တယ်တဲ့။ အဲ့ဒီနပိုလျံလိုနောက်ကျမှ နောင်တရသူတွေလောကမှာ မရေမတွက်နိုင် ရှိမှာပါပဲ။ အချိန်နဲ့ပက်သတ်ပြီး ရတဲ့နောင်တကို ဆရာကြီးပီမိုးနင်းက ခုလိုရေးခဲ့ဖူးပါတယ်။"အချိန်"ဆိုတာဟာ အဖိုးမဖြတ်နိုင်တဲ့ အရင်းအနှီးဖြစ်တယ်။အဲ့ဒီ အချိန်ဆိုတဲ့အရင်းအနှီးနဲ့ "ကျန်းမာခြင်း"ဆိုတဲ့အရင်းအနှီးကို ရတဲ့လူတိုင်းမှာ ငွေအရင်းအနှီး၊ ပညာအရင်းအနှီးရဖို့ မခက်ဘူးလို့ ဆရာကြီးက အလေးထားပြောခဲ့ဖူးပါတယ်။ ဒါကြောင့် ကျနော်တို့လဲ အချိန်နဲ့ ကျန်းမာခြင်းကိုပိုင်ဆိုင်တဲ့ခုလို အချိန်လေးမှာ နောင်တ နည်းအောင် အကျိုးရှိရှိ အသုံးချသွားရအောင်လား ဗျာ~~~~~~~~~~
                                     သူငယ်ချင်းများကို လေးစားခင်မင်လျှက်
                                                     ***ကိုနေ***

%%%တိုယားမား ကမ်းခြေက အပြာရောင်ည%%%

ဂျပန်နိုင်ငံ တိုယားမား ကမ်းခြေမှာတော့ နှစ်စဉ်နှစ်တိုင်း မတ်လကနေ ဇွန်လပိုင်းလောက်ဆိုရင် ညပိုင်းဆိုရင် ပင်လယ်ကမ်းခြေတစ်လျှောက်မှာ အပြာရောင်တောက်နေတဲ့ အလင်းရောင်လေးတွေကို မြင်တွေ့ရမှာပါ။  ဒီလို ပြာလဲ့လဲ့အလင်းရောင်လေးတွေဟာ Firefly squid လို့ခေါ်တဲ့ ကင်းမွန် (ပြည်ကြီးငါး)တစ်မျိုးကနေ ထွက်လာတဲ့ အလင်းရောင်လေးတွေဖြစ်ပါသတဲ့။ ၃လက်မလောက်သာ ရှည်တဲ့  ဒီလိုငါးတွေဟာ ပုံမှန်အားဖြင့် ပင်လယ်အောက် ပေ ၁၂၀၀ အနက်လောက်မှာ ရှင်သန်နေကြတဲ့ ငါးတွေဖြစ်ပါတယ်။  ဒါပေမယ့် တိုယားမား ပင်လယ်အော်က V ပုံသဏ္ဏန်ပင်လယ်ကြမ်းပြင် ကျောက်ဆောင်တွေကြောင့် ပင်လယ်ရေစီးလှိုင်းတွေဟာ ထိုငါးတွေကို ကမ်းခြေဆီကို တွန်းထုတ်လိုက်သလိုဖြစ်ပြီးတော့ ဒီငါးတွေရဲ့ ဇီဝ သဘာဝ အရ photophores လို့ခေါ်တဲ့ ပြာလဲ့လဲ့ အရောင်လေးတွေကို ထုတ်ပေးပါတယ်။  ဒီလိုနဲ့ ကမ်းရိုးတမ်းတစ်လျှောက်မှာ ညဆိုရင် အပြာရောင်လွှမ်းနေတယ်လို့ ဆိုပါတယ်။  ဒီလိုအချိန်မှာဆိုရင် တန်ပေါင်းများစွာသော အဆိုပါ ကင်းမွန်တွေကို လွယ်လင့်တစ်ကူပဲ ငါးဖမ်းသင်္ဘောတွေဟာ ဖမ်းယူနိုင်ကြပါတယ်။  ဒီလိုမြင်ကွင်းလေးကို ကြည့်ချင်တယ်ဆိုရင်တော့ နာမီရိကာဝါ ငါးဖမ်းဆိပ်ကမ်းမှာ မနက် ၃နာရီလောက်ဆိုရင် ကမ်းခြေတစ်လျှောက် အပြာရောင်သန်းနေတဲ့ မြင်ကွင်းလေးကိ ကြည့်ရှု့နိုင်ဖို့ အပျော်စီး သင်္ဘောတွေလည်း စီစဉ်ပေးထားပါသတဲ့။



မူရင်း။   ။ဒီနေရာမှ
စာပေချစ်သူများကို လေးစားခင်မင်လျှက်
        ***မင်းနေ*** 

+++သေလောက်အောင်ချစ်တယ် ဒါပေမယ့်+++ (ဝတ္တုတို ဇာက်သိမ်းပိုင်း)


 ဇာက်သိမ်းပိုင်းလေးပါ
"ခရေ ကံကြမ္မာကို မယုံရဲဘူး"
"နက်ဖြန်ဆိုတဲ့အနာဂတ်ထိမျှော်ပြီး တွေးစိတ်ညစ်မနေပါနဲ့ ခရေရယ် လက်ရှိအချိန်ပဲ အပျော်ဆုံးနေရအောင်လေ မောင်က ခရေကို အသက်နဲ့လဲပြီး ချစ်သွားမှာပါ"
"တကယ်လား မောင်"
"မယုံဘူးလား"
"ယုံပေါင်...."
"ဒါဆို သက်သေပြမယ်ကွာ....ရော့ ရွှတ်" သူ့မျက်နှာလေး ရဲတတ်သွားတာတွေ့လိုက်ရတယ်။
"အာကွာ မောင် တကယ်မကောင်းဘူး သွား...." သူ့ရဲ့ အဲ့အမူအယာလေးတွေက ကျနော့်ကို သူ့ခြေဆုံမှာ ဝပ်ဆင်းသွားစေနိုင်လောက်အောင်ကို အရမ်းချစ်မိသွားတာပါ
"အွန် ခရေပဲ မယုံဘူးဆို"
"အင်းပါ ယုံပါပြီ"
"အရမ်းချစ်တာပဲ ခရေရယ်..."
"ထပ်တူထပ်မျှပါပဲ မောင်ရယ်....."  ကျနော်သူ့ကို ရင်ခွင်ထဲမှ ခနလေးလွှတ်ထွက်သွားမှာတောင် ကြောက်လို့ အတင်းဖတ်ထားလိုက်ပါတော့တယ်.....
တစ်ယောက်ကို တစ်ယောက် တိတ်ဆိတ်စွာဖတ်ထားကြရင်း ခရေဟာ ကျနော့် ရင်ခွင်ထဲမှာ ငြိမ်သက်နေတယ်.... ခနကြာတော့
"မောင်..."
"အင်း ခရေ ပြောလေ"
"မောင် ခရေကို ဘယ်တော့မှ ခွဲမသွားရဘူးနော်"
"ခွဲမသွားပါဘူး ခရေရယ် မောင်လေ ခရေကို အရမ်းကို ချစ်တယ်... ခုလိုလေးပဲနေချင်တယ် ခနလေးလစ်ဟာသွားမှာတောင် စိုးရိမ်သူပါ"
"ခရေလဲ မောင့်လိုပါပဲ မောင်ရယ်"
"ကဲ ဒါဆို မောင်တို့ လှေစီးကြရင် မကောင်းဘူးလား"
"အင်း ကောင်းတယ်မောင် စီးမယ်လေ" လှေစီးနေရင်း
"မောင် ခရေ့ကို ပုံပြောပြပါလား"
"အင်း ခရေ နားထောင်မယ်ဆို.. မောင်ပြောပြမယ်နော်"
"အင်း မောင် ခရေ နားထောင်မယ်"
"ဟိုးရှေးရှေးတုန်းကတဲ့ ရေထဲမှာနေတဲ့ ငါးတစ်ကောင်နဲ့ ကောင်ကင်က ငှက်တစ်ကောင်ဟာ ချစ်သူတွေ ဖြစ်သွားကြတယ်တဲ့.. သူတို့တွေဟာ အရမ်းကို ချစ်ကြပြီး
မြင်သာမြင် မကြင်ရတဲ့ဘဝပေါ့... ဘဝတွေက ခြားနေတယ်လေ"
"ဟုတ်ကဲ့ မောင်"
"ချိန်းတွေ့ဖို့ကျတော့လဲ ငှက်က ရေထဲမှာ အသက်မရှင်နိုင်သလို ငါးကလဲ ကုန်းပေါ်မှာ မရှင်နိုင်ဘူးလေ.. အဲ့ဒီတော့ ဘယ်လိုလုပ်ပြီး တွေ့ရင် ကောင်းမလဲလို့
စဉ်းစားကြတယ်... အချစ်ဆိပ်တွေတတ်ပြီး အရမ်းကို တွေ့ချင်နေကြပြီလေ"
"အင်းပေါ့.. ဒါဆို ဘယ်လိုတွေ့ကျပါ့မလဲ မောင်"
"အင်း ခရေ သူတို့ နောက်တော့ အကြံတစ်ခုရသွားတယ် ချစ်လျှက်နဲ့ မပေါင်းကြရမယ့် တူတူ... သေကွဲကွဲပြီး ခနလေး ပေါင်းရရင် ကျေနပ်ပါပြီဆိုပြီး သူတို့
အဲ့အစီအစဉ်ကို အကောင်အထည်ဖော်ကြတယ်လေ.."
"အော်...."
"အဲ့ဒါနဲ့ ငါးနဲ့ ငှက်လေးဟာ မနက်လင်းချိန်လေးမှာ အချိန်ကိုက် လုပ်ဖို့အတွက် ပြင်ဆင်ကြတယ်လေ... စိတ်ထဲမှာလဲ ပျော်နေတာပေါ့ ချစ်သူနဲ့တွေ့ရတော့မယ် ဆိုတော့
သေမှာသိသေမဲ့ ချစ်သူနဲ့တွေ့ဖို့ပဲ စဉ်းစားပြီး ကြည်နူးနေကြတာ ကိုယ်စိကိုယ်စီ....မနက်လင်းချိန်လဲ ရောက်ရော ငါးကလဲ ဟို အနက်ထဲထိ ဆင်းသွားတယ်။
ငှက်လေးကလဲ ဟိုးကောင်းကင်အမြင့်ကိုပြန်သွားကြတယ်... ပြီးတော့ အရှိန်နဲ့ကိုယ်စီ အပြေးနှင်လာတယ်... လမ်းခရီးမှာဆုံဖို့အတွက်ပေါ့.. အဲ့လို နဲ့ ငှက်လေးကလဲ
ရေပေါ်အမြင့်အရောက် ငါးလေးကလဲ ရေထဲကနေခုအတတ် လမ်းမှာဆုံပြီး ခနတာလေး သူတို့ တွေ့ပြီး အနမ်းတွေ ပေးကြတယ်တဲ့..."
"ဟုတ်လား....."
"အင်း ဟုတ်တယ် ခရေ.. သူတို့တွေ အရှိန်နဲ့လာကြတာဆိုတော့ ခဏဆိုမှ တကယ်ကိုခဏတာလေးတွေ့လိုက်ရတာ။တွေ့လဲ ပြီးရော ငါးကလဲ အရှိန်နဲ့ဆိုတော့ ကုန်ပေါ်ကို
ရောက်သွားတယ် ငှက်ကလဲ ရေထဲကို မြုပ်သွားတယ်လေ...ကိုယ်စီတော့ ဆုတောင်းကြမှာပေါ့"
"အင်း ဟုတ်တယ်နော် သနားဖို့တော့ ကောင်းပါတယ် အသက်ပေးပြီး ခဏလေးပဲ ဆုံရဆုံရ ချစ်သွားကြတာ"
"ဟုတ်တယ် ခရေ"
"မောင်ရော ခရေကို အဲ့လိုချစ်နိုင်ပါ့မလားဟင်"
"ချစ်မှာပေါ့ လူကြီးတွေ သဘောမတူလဲ မောင်တို့ နှစ်ယောက် လက်ထပ်ပြီး တူတူနေကြမယ်လေ။ အခက်အခဲတွေကြုံလာရင်တောင်အသက်နဲ့ထပ်တူချစ်မယ် ခရေသေရင်
မောင်လဲ လိုက်သေမယ်လေ..."
"အင်းမောင် ခရေ မောင့်ကို ယုံပါတယ်..." ဒီလိုနဲ့ ကျနော်တို့တွေ နေလာကြတာ ချစ်ခဲ့ကြတာ ရေကန်ကြီးက သတ်သေပေါ့။တစ်နေ့မှာ ကျနော်တို့ နှစ်ယောက်အတွက်
ကံကြမ္မာဆိုးကြီးက ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့တယ်။ အရင်လိုပဲ လှေလေးစီး ချစ်စကားတွေ တီတီတာတာပြောကြရင်း
"ခရေ..."
"အင်းမောင် ပြောလေ.."
"မောင်တို့ ပြန်ကြရအောင် တိမ်တွေ ညှို့ပြီး မိုးရွာမယ်ထင်တယ်"
"အင်းပြန်မယ်လေ မောင်.. ခနလေးနော် မောင် ခရေ ကြာပန်လေးခူးချင်လို့"
"အင်းခရေ သေချာကိုင်ခူးနော် ရေကူးတတ်တာမဟုတ်ပဲနဲ့ မောင်လဲ နည်းနည်းပဲ ကူးတတ်တာ"
"ဟုတ်ကဲ့ပါ မောင်ကလဲ တွေးပူနေတယ်"
"အင်းပါ... ဖြည်းဖြည်း ခရေ လှေလှုပ်နေတယ်"
"အင်းရတော့မယ် နည်းနည်းလေးမှီတော့မယ် မောင်.. "မထိတထိဖြစ်နေတဲ့ ကြာပန်းလေးကို အတင်းခူးနေတာ စိုးရိမ်တစ်ထိပ်ထိပ်နဲ့ ကြည့်နေစဉ်
"ဝုန်း..."
"ဟင် ခရေရရရရရရ"
"ဝူးးးးး ဗရူးးးးးး မောင် ဗရူးးးးးးးး ကယ်ပါအုံး ဗရူးးးးးးးးးး"
"အင်းခရေ မောင် ကယ်မယ်.." ပြောသာပြောနေတာ ဘာလုပ်ရမှန်းမသိဘူး။ ကြာနွယ်တွေနဲ့ ရှုပ်နေရင် ရေကူးရခက်တယ် ပြီးတော့ အကျွမ်းကြီးလဲ မကူးတတ်။ရေနစ်တဲ့လူဆိုတာ
တွေ့ရာဆွဲတတ်တာ။အကူအညီတောင်းရအောင်လူကလဲ မရှိဘူး မိုးက ဖွဲဖွဲကျနေတယ်။
"ဗရူးးးးး ကယ်ပါအုံး... ဗရူးးးးးးးးး" ကျနော် ဘာလုပ်ရမှန်းမသိတော့ဘူး မထူးပါဘူး ကယ်မယ်။သေလဲ တူတူပေါ့ဆိုပြီးခုန်ချလိုက်တယ်။
"ဝုန်း... မောင်လာပြီခရေ တောင့်ထား"
ပြောရင်း ကူးသွားတာ ကြာနွယ်တွေဆိုတော့ ချက်ခြင်းမရောက်ဘူး သုံးခါမြင်လိုက်ရတယ် ခရေပျောက်သွားတယ်
"ခရေ ခရေ ခရေ ))))" အော်ပြီး စောင့်နေတယ် ပေါ်မလာတော့ဘူး
မထူးပါဘူး ကျနော်ရေငုတ်ပြီး လိုက်ရှာတယ်... အနက်ထဲရောက်သွားတယ် လိုက်ရှာတယ်..... စိတ်ထဲကနေလဲပြောနေတယ်
ခရေအားတင်ထားနော် မောင်ကယ်မယ် မရရင်တူတူလိုက်သေမယ်...မောင်လာပြီးခရေရယ်အားတင်ထားပါ.... အဲ့ချိန်မှာ ကျနော့်လက်ကပျော့ပျော့အရာတစ်ခုကို ထိလိုက်မိတယ်။ ဟုတ်တယ် ဒါ ဆံပင် ချစ်သူခရေရဲ့ဆံပင်...ကျနော် အရမ်းမွန်းကြပ်နေပြီ မရတော့ဘူး.. နေရခက်တယ်။ရင်ဘတ်တွေ စို့လာတယ်။ အသက်ရှူချင်တယ် ရေကိုခဏခဏငုံလို့လဲ ဗိုက်ထဲလဲပြည့်နေပြီ။ ကျနော်ဘာလုပ်ရမလဲခရေ မောင်တို့ တူတူသေမယ်နော် မသိစိတ်ကပြောနေတယ်။သိစိတ်က နေရခက်နေပြီ အရမ်းကို အသက်အရှူကြပ်နေပြီ ငါ..ငါသေရတော့မယ်
ငါကြောက်တယ် ငါမသေချင်သေးဘူး...ဒီလိုကြီးခံစားရတာမနေတတ်ဘူး အသက်ရှူချင်တယ်... ငါသေတော့မယ်။မသိစိတ်နဲ့ သိစိတ်နှိုင်းယှဉ်နေကြပြီ။
ခရေ ခရေ မောင်အရမ်း မွှန်းကြပ်နေပြီ...ခရေ ခရေကို အရမ်းချစ်တယ် မောင်မွှန်းကြပ်နေပြီ...တူတူသေမယ်။ မွှန်ကြပ်တယ်၊ငါအသက်ရှူချင်လိုက်တာဘယ်လိုလုပ်ရပါ့။ ခရေ
ခရေ မောင်မရတော့ဘူး အရမ်းကို နေရခက်နေပြီ...ခရေရဲ့ခန္တာကိုယ်ကလဲ အရမ်းလေးနေတယ် မနိုင်တော့ဘူးဖြစ်နေတယ်။အသက်လဲ ရှူချင်နေပြီ.. ခရေ ခရေ မောင့်ကို
ခွင့်လွှတ်ပါ မောင် အရမ်းမွှန်းကြပ်ပြီး အသက်ရှူချင်တယ်။မောင် ခုလိုကြီးမနေတတ်ဘူး မောင့်ကိုခွင့်လွှတ်ပါ ခရေ....။ မသိစိတ်နဲ့သိစိတ်နှိုင်းယှဉ်တဲ့အချိန်မှာ ဦးနှောက်အား
နဲ့စဉ်းစားချင့်ချိန်တဲ့ သိစိတ်က အနှိုင်ယူသွားခဲ့တယ်။ကျနော်ရေပေါ်ပြန်ရောက်လာတယ် အသက်ကို တဝကြီးရှူတယ်.. ဟူးးးးးးးးးးးးးး ခုမှ နေသာသွားတော့တယ်
ဒါပေမယ့် သွားပြီ ကျနော်သိလိုက်ပြီ။ကျနော်သိပ်ချစ်တဲ့ ခရေ အသက်တမျှချစ်ရတဲ့ ခရေ.... ခုတော့ ခုတော့ ငါထားခဲ့လို့ သေရပြီ... သွားပြီ ငါအရမ်းချစ်လှပါရဲ့ တူတူသေရဲပါရဲ့ အသက်နဲ့လဲ
ချစ်ပါမယ်ဆိုတဲ့ ငါ...ခုတော့ ခုတော့~~~~~~~~
           အတိတ်ကိုပြန်သတိရရင်း မျက်ရည်တွေ အလိုလို စီးဆင်းလာတယ် ခံပျင်းလာတယ် နောင်တတွေတသီကြီးနဲ့အရမ်းကို ခံစားနေရတယ်။စကားကို လွယ်လွယ်နဲ့
ယုံအောင် အပြောတွေနဲ့ကတိပေးတတ်တဲ့ကျနော်..ရှင်လျှက်နဲ့ သေနေရတဲ့ ဘဝ။ ကျနော်ရွေးခဲ့တဲ့လမ်းဟာ မှားလားမှန်လား ကျနော်သေချာမဝေခွဲတတ်ပါ။
လေးနှစ်ဆိုတဲ့ ကာလဟာ ကြာပေမယ့် သေချာတာတစ်ခုကတော့ ကျနော်ခုထိ ခရေကိုမေ့လို့ မရနိုင်ပါ။(ကျနော်ထင်ခဲ့တာက အချစ်ဆိုတာထပ်ဖြစ်လာနိုင်ပေမယ့် အသက်ဆိုတာထပ်မဖြစ်လာနိုင်တော့ဘူး)။အရမ်းချစ်တတ်ခဲ့ပေမယ့် သေဘေးနဲ့ရင်ဆိုင်လာရတဲ့အခါ ကျနော့်အသက်ကိုသာ ကျနော်တန်ဖိုးထားတတ်ခဲ့ပါလား...
တကယ်တော့ အချစ်ဆိုတာ ????????????????

         ကျနော့်ဘဝရဲ့ ပထမဦးဆုံးသော ဝတ္တုတိုလေးပါ...မှတ်သားဖူးတာလေး အနည်းငယ်နဲ့ ဝတ္တုသဖွယ် လက်တည့်စမ်းရုံမျှသာ.. အမှားများပါခဲ့ရင် နားလည်ခွင့်လွှတ်ပေးကြပါလို့ :)
                                                                                                                                                သူငယ်ချင်းများကို လေးစားခင်မင်လျှက်
                                                                                                                                                             ***ကိုနေ***

+++သေလောက်အောင်ချစ်တယ် ဒါပေမယ့်+++ (ဝတ္တုတို) ပထမပိုင်း

အထီးကျန်ဆန်တဲ့ ကန်ရေပြင်ဘေးမှာ လူတစ်ယောက်ခြောက်ခြားဖွယ် အတိတ်တို့နဲ့ ရေကန်ထက်ကို ပိုအထီးကျန်နေပါတော့တယ်။
ဘေးလူတွေမြင်ရင် စိတ်မနှံ့သူတစ်ယောက်လို့တောင် ထင်နိုင်တယ်။ အရမ်းအသန့်ကြိုက်တဲ့ကျနော် ခုတော့ မှုတ်ဆိတ်မွှေး နှုတ်ခမ်းမွှေး ဗရပြစ်နဲ့
ဆံပင်တွေကလဲ တောထလို့ မဖြီးမရှော်ပဲ ထားတာ တော်တော်တောင် ကြာနေပြီ။  ကောင်းကင်မှာလဲ တိမ်တွေ ထူထပ်အုံ့မှိုင်းလို့။ လေပြေလေညှင်းလေးကလဲ
လေစိမ်းအသွင်ပြောင်းပြီး မူရင်း လေပြေကို အနိုင်ယူသွားလေရဲ့။ ကြာဖူးလေးတွေက
လှောင်နေသယောင်ယောင်.. အော် ဘာလိုလိုနဲ့ လေးနှစ်တောင်ရှိပြီ ခရေ
တစ်ယောက်မောင့်ကို အပြီးပိုင်ထားခဲ့တာ..မဟုတ်ဘူး ခရေထားခဲ့တာ
မဟုတ်ဘူး မောင် ထားခဲ့တာပါ.. တွေးရင်း နဲ့ ကျနော့်မျက်လုံးတွေဟာ နောင်တမှ
တဆင့်ပြောင်းလဲ ဖြစ်ပေါ်လာတဲ့ ဝမ်းနည်းမှု၊ကြေကွဲမှု၊ခွင့်မလွတ်နိုင်မှု
တွေနဲ့ ကျလာတဲ့ မျက်ရည်ပေါက်တွေကို မြင်သူမရှိပါ။ အားပေး နှစ်သိမ့်မယ့်သူလဲ ဘေးတွင်မရှိပါ။ မိုးစက်မွှားလေးတွေဟာ မျက်ရည်နဲ့အတူ ပါးပြင်ထက် ဖြည်းဖြည်းခြင်းဆင်းလာလို့ တစ်ချက်အရှိုက်မှာ ငံ သလိုအရသာကို ခံစားမိလိုက်တယ်...  မိုးစက်လေလား
မျက်ရည်လေလား ဝေဝါးစွာ မခွဲခြားတတ်တော့ပါ။ ခရေနဲ့စတွေ့ခဲ့တာ
 ဒီလို မိုးရေထဲမှာပါလား... မတွေးချင်တော့တဲ့ အတိတ်ကို ပြန်တွေးမိသွားတယ်~~~~~~
          ဂျိမ်း.. ဂျိမ်း မိုးတွေကလဲ အရမ်းရွာနေတယ်.. ဒီနေ့မှ သူဌေးကလဲ အချိန်ပိုခိုင်းလို့ အိမ်ပြန်ချိန်နောက်ကျပါတယ်ဆိုမှ မိုးကရွာ ကားတွေကရှင်းတာနဲ့ပဲ
စောင့်ရတာကို မုန်းတဲ့ကျနော် အိမ်နဲ့လဲ နှစ်မှတ်တိုင်လောက်ပဲဆိုတော့ လမ်းလျှောက်ပြန်ခဲ့တယ်.. အဲ့ဒါကပဲ ခရေနဲ့ကျနော့်ကို ဆုံဖို့ အကြောင်းဖန်လာတယ်လို့ ဆိုရမယ်..
မိုးတွေ အရမ်းရွာနေတော့ ရှေ့ကို ကောင်းကောင်းမမြင်ရဘူး.. သူဌေးပေးလိုက်တဲ့ထီးလေးကို မျက်နှာမူရာ ညာဘက် 45ဒီဂရီ လေဒါဏ်ကိုကာကွယ်ပြီး ခပ်ငိုက်ငိုက်ဆောင်း လျှောက်လာတာ..
ခေါင်းကို အောက်ငုံ  ခြေထောက်နဲ့ တတောင်ကွာလောက်ပဲ ကြည့်ပြီး ချမ်းလို့ မြန်မြန်လျှောက်လိုက်တယ်..အဲ့ချိန်မှာ
"အင့်.. ဘုန်း" လူတစ်ယောက်ကို တိုက်မိပြီး ပြုတ်ကျသံကို ကျနော်ကြားလိုက်တယ်.. အလန့်တကြားကြည့်လိုက်တော့ မိန်းကလေးတစ်ယောက်.... လမ်းဘေးမှာ ထီးကတခြား
လူက တခြားလဲနေတာတွေလိုက်တယ်။
ကျနော် ချက်ခြင်းပဲ ထူမယ်လုပ်တော့ မိန်းကလေးဆိုတော့ ဘယ်လို ထူရမှန်းမသိဖြစ်သွားတယ်... ချီတုံချတုန်နဲ့ အဲ့အချိန်မှာ
စိတ်တိုနေတဲ့အသံ တစ်ခုကြားလိုက်တယ်

"ဒီမှာ.. ဒီမှာ လူကိုဝင်တိုက်ပြီး ထူပေးအုံးလေ...."အဲ့ချိန်ရောက်မှ
"အော် အင်း" ကျနော်ပြန်ပြောပြီး ထူပေးမလို့ သေချာ ကြည့်လိုက်တော့.. မိုးရေထဲမှာတောင် အရမ်းလှပြီး အပြစ်ကင်းစင်တဲ့ မိန်းကလေးပါလားလို့

ကျနော် တိတ်တိတ်လေး စိတ်ထဲကနေ မှတ်ချက်ပြုလိုက်တယ်... ထူပေးပြီး
"အရမ်းနာသွားလား"
"မေးမှ မေးရက်တယ်"  စိတ်ဆိုးတဲ့ပုံလေးနဲ့ပြန်ပြောတယ် အဲ့ဒါလေးကိုက ကျနော့်အတွက် ချစ်စရာအရမ်းကောင်းနေတယ်။
"Sorry ပါနော် ကျနော်လဲ မိုးအရမ်းရွာနေလို့ ထီးကို အုပ်ဆောင်းလာတာ"
"ဟုတ်ကဲ့ ရပါတယ် ကျမလဲ လေတိုက်တာကို ကွယ်ပြီးဆောင်းလာလို့"
"အော် ကျေးဇူးနော် "
"ဟို ဟို... မင်း လမ်းလျှောက်နိုင်ရဲ့လား"
"ကျမနာမည် ပန်းခရေပါ"
"အော် ဟုတ်ကဲ့ ကျနော်က နေသူရိန်ပါ"
"ပန်းခရေ မလျှောက်နိုင်ရင် ကျနော် လိုက်ပို့ပေးမယ်လေ"
"ရပါတယ် အိမ်က ဒီနားတင်ပဲ"
"ဟုတ်လား ကျနော်လဲ ဒီနားလေးတင် ရေကန်ပျက်ကြီးရဲ့ နောက်ဖက်မှာ"
"ဟင် ဟုတ်လား ကျမက အရှေ့မှာ"
"ဒါဆို လမ်းသင့်တယ် ကျနော် လိုက်ပို့ပေးပါ့မယ်"
"ဟုတ်ကဲ့ ကျေးဇူး"သူမ ခြေထောက်နာနေလို့မငြင်းတော့ပဲ  လက်ခံလိုက်ပါတယ်။ 
      အော် ဘဝအတွက် ရုံးကန်နေရတဲ့ကျနော်တို့ ဘဝမှာ မနက်စောစောသွား ညမှအိမ်ပြန် ဝမ်းရေးအတွက် အလုပ်လုပ်နေတဲ့လူတွေအဖို့ နီးနီးလေးတောင် သတိမထားမိကြပါလား...

ဒီလိုနဲ့ အလုပ်သွားလဲ ကားမှတ်တိုင်အထိ တူတူသွား တူတူပြန်ပါများလာတော့.... အနေနီးတော့ သံယောဇဉ်ဖြစ်တယ်ပဲ ပြောရမလား ခရေနဲ့ ကျနော်ဟာ လူငယ်သဘာဝ
ချစ်သူတွေဖြစ်သွားကြတယ်....
"မောင် ဒီနေ့ ခရေ နည်းနည်းနောက်ကျမယ်နော် ပြန်နှင့်လိုက်"
"ဟုတ်လား ခရေ ဘာလို့လဲ"
"ဟုတ်တယ်မောင် ခရေ ရုံးမှာ အပိုချိန်ဆင်းရမယ်"
"အော် ဒါဆို မောင် ရေကန်မှာစောင့်နေမယ်နော်".. ရေကန်ဆိုတာ ကျနော်တို့အိမ်ရှေ့က ရေကန်ပျက်ပါ။ လူသူအရောက်နည်းတယ် မိုးရာသီဆို ကြာဖူးတွေနဲ့ အရမ်းလှတယ်...နက်လည်းနက်တယ် ကျနော်တို့ ရုံးဆင်းချိန်တိုင်း
စကားပြောရင်း လှေစီးနေကြ၊နှစ်ယောက် ချိန်းတွေ့နေကြ နေရာလေးပေါ့...စောင့်ရတာအရမ်းမုန်းတဲ့ကျနော် ခရေ ကိုစောင့်ရတာတော့ ကျနော်ပျော်တယ် တွေးပြီး ကြည်နူးတယ် အချစ်ဆိုတာ အရမ်းဆန်းကြယ်တာပဲနော်..ကျနော် စောင့်ရင်း စိတ်ကူးတွေ ယဉ်နေတာ အချိန်ဘယ်လောက်ကြာသွားမှန်းမသိလိုက်ဘူး......
ခေါ်သံကြားမှ
"မောင်..."
"ဟင် ခရေ ရောက်လာပြီလား"
"မောင် အရမ်းကြာသွားလားဟင်"
"မကြာပါဘူး ခရေရယ် မောင် စောင့်ရတာ ခနလေးလို့ ထင်နေတာ"
"အွန် မောင်ကတော့ ပိုပြီ"
"ဟား ဟုတ်ပါဘူး ခရေရဲ့ တကယ်ပြောတာ"
"ဒါဆို ဘာတွေ တွေးနေလဲ မှန်မှန်ပြောနော် ခရေ ရောက်တာ 10မိနစ်လောက်ရှိပြီ"
"ဟုတ်လား မောင် မသိလိုက်ဘူး ဟီးဟီး" ကျနော် ရှက် ရယ်ရယ်လိုက်မိတယ်.. ခရေတစ်ခါပြောဘူးတယ် မောင် ရယ်တာလေးက ကလေးလေးကျနေတာပဲ ချစ်စရာလေးတဲ့
"အင်းပေါ့ မောင်က ဘယ်ကောင်မလေးအကြောင်း စဉ်းစားနေမှန်းမှ မသိတာ"
"ဟုတ်ရပါဘူး ခရေရယ် ကောင်မလေးတော့ ဟုတ်တယ် အဲ့ကောင်မလေးက မောင်အရမ်း ချစ်ရပြီး သေလောက်အောင်မြတ်နိုးရတယ့် ဟောဒီက ပန်းခရေ လေးပါပဲဗျာ"
"ဟုတ်လို့လား မောင်"
"ဟုတ်တာပေါ့ ခရေရဲ့ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ မိန်းကလေးတွေထဲကမှ ခရေတစ်ယောက်ပဲ ကွက်ပြီးမြင်တဲ့ မောင့်ကိုမောင်တောင် မယုံဘူးဖြစ်နေတယ်..."
"ဟား မိုက်တယ်ကွာ မောင့်ကို အဲ့ဒါတွေကြောင့် ခရေ အရမ်းချစ်မိနေတာထင်တယ်"
"ဟုတ်လား မောင်လဲ ခရေ ကို အရမ်းချစ်ရတာပါ ခရေရယ်"
"မောင်..."
"အင်း ပြောလေ ခရေ"
"မောင် ခရေ့ကို တကယ်ချစ်လားဟင်"
"အော် ခရေရယ် ဘာလို့ အဲ့လိုမေးရတာလဲ မောင် ခရေကို အရမ်းချစ်တာ ခရေလဲ အသိပဲကို"
"ဟုတ်တော့ ဟုတ်ပါတယ် မောင်ရယ်"
"ဒါဆို....."
"ခရေ ကံကြမ္မာကို မယုံရဲဘူး"
"နက်ဖြန်ဆိုတဲ့အနာဂတ်ထိမျှော်ပြီး တွေးစိတ်ညစ်မနေပါနဲ့ ခရေရယ် လက်ရှိအချိန်ပဲ အပျော်ဆုံးနေရအောင်လေ မောင်က ခရေကို အသက်နဲ့လဲပြီး ချစ်သွားမှာပါ"
"တကယ်လား မောင်"
"မယုံဘူးလား"
"ယုံပေါင်...."
"ဒါဆို သက်သေပြမယ်ကွာ....ရော့ ရွှတ်" သူ့မျက်နှာလေး ရဲတတ်သွားတာတွေ့လိုက်ရတယ်။
"အာကွာ မောင် တကယ်မကောင်းဘူး သွား...." သူ့ရဲ့ အဲ့အမူအယာလေးတွေက ကျနော့်ကို သူ့ခြေဆုံမှာ ဝပ်ဆင်းသွားစေနိုင်လောက်အောင်ကို အရမ်းချစ်မိသွားတာပါ
"အွန် ခရေပဲ မယုံဘူးဆို"
"အင်းပါ ယုံပါပြီ"
"အရမ်းချစ်တာပဲ ခရေရယ်..."
"ထပ်တူထပ်မျှပါပဲ မောင်ရယ်....."  ကျနော်သူ့ကို ရင်ခွင်ထဲမှ ခနလေးလွှတ်ထွက်သွားမှာတောင် ကြောက်လို့ အတင်းဖတ်ထားလိုက်ပါတော့တယ်....
စာရှည်ရင် ဖတ်ရသူဖို့ ငြီးငွေ့ဖွယ်ကောင်းတယ်ဆိုတာ ကျနော်နားလည်ပါတယ်။ စာစီစာကုံးသာ 3မျက်နှာဆို အပြူးအပြဲရေးရတယ် ခုကျတော့ တိုတိုလေးချုံ့ရေးပါတယ်ဆို ရှည်သွားပြီ နက်ဖြန် ဇာက်သိမ်းပိုင်းကို တစ်ခါတည်းတင်ပေးမယ်နော်..... ဇာက်ကားထဲကလို မကြာမှီလာမည် မျှော် :D~~~~~                                                      
သူငယ်ချင်းများကို လေးစားခင်မင်လျှက်                                                              ***ကိုနေ***