Showing posts with label သုတ. Show all posts
Showing posts with label သုတ. Show all posts

Monday, November 5, 2012

***ဖဲအကြောင်းသိကောင်းစရာ***


သူငယ်ချင်းအားလုံး မင်္ဂလာပါခင်ဗျာ.. ကျနော် ဒီနေ့ သူငယ်ချင်းတွေ အတွက် ဖဲအကြောင်းကို ဗဟုသုတအဖြစ်မျှဝေလိုက်ပါတယ်။ မကောင်းတာ သင်ပေးခြင်းမဟုတ်ပါ.. ဗဟုသုတ အဖြစ်သာတင်ပေးလိုက်ခြင်းဖြစ်ပါတယ်။ တကယ်တော့ ကျနော်လဲ ဖဲ တကယ်မရိုက်၊မကစားတတ်ပါ။။။ဘေးထိုးတစ်ခါ 1500နဲ့ ဝင်ထိုးဖူးပါတယ် 5000ကျော်ဖြစ်လာပြီးမှ ကိုယ့်ဆီက 500ပြန်ပါသွားလို့ ဘယ်တော့မှ ဆက်မဆော့တော့ပါ။အလကားရတဲ့ ပိုက်ဆံ အလကားပဲဖြစ်တယ်... ကိုယ့်ချွေးနဲစာ လောက်တန်ဖိုး မမြင့်ဘူးလို့ သတ်မှတ်ထားလို့ပါ။ တစ်ချို့အရာတွေမှာ တတ်ဖို့ မလိုဘူး သိနေဖို့ပဲ လိုတယ် ဆိုတဲ့အတိုင်း...ကျနော် ဖတ်ရှုမှတ်သားဘူးတာလေးကို ဗဟုသုတ အလို့ငှာ ပြန်လည်မျှဝေပေးလိုက်ရပါကြောင်း... :D
ဖဲချပ်ရဲ့ မူလက (၇၈)ချပ်ရှိတယ်တဲ့။ Major က (၂၂)ချပ်နဲ့ Minor က (၅၆)ချပ်ရှိပါတယ်တဲ့... ပေါင်း ၇၈ ချပ်ပေါ့။
Major မှာ မှော်ဆရာပုံ၊ဘုရင်မပုံ၊လူပျံတော်ပုံ၊စစ်ရထားပုံ၊အရူးပုံ စသည့်ဖြင့် (၂၂)ချပ်လုံး ရုပ်ပုံတွေနဲ့ ပြုလုပ်ထားပါတယ်။
Minor မှာ အုပ်စု (၄)မျိုးရှိပါတယ်။ အဲ့ဒါတွေကတော့ တုတ်၊ဓါး၊ခွက်၊ကြယ် ဆိုပြီး လေးမျိုး ရှိပါတယ်တဲ့။

တစ်မျိုးကို (၁)ကနေ (၁၀)ထိရှိပါတယ်။အဲ့ဒီ ဆယ်မျိုးအပြင် 
မင်းစေ၊သူရဲကောင်း၊ဘုရင်၊ဘုရင်မ ဆိုပြီး လေးမျိုးထပ်ပေါင်းထားပါတယ်။

ဥပမာ တုတ်ဆိုရင်~~~တုတ်၁ တုတ်၂ တုတ်၃ စသည်ဖြင့် ၁၀ချပ်+တုတ်မင်းစေ+တုတ်သူရဲကောင်း+တုတ်ဘုရင်+တုတ်ဘုရင်မ အားလုံးပေါင်း တစ်မျိုးကို (၁၄)ချပ်ရှိပါတယ်။လေးမျိုးဆိုတော့ (၅၆)ချပ်ပေါ့။
နောက်ပိုင်းမှာတော့

သူရဲကောင်း-ဂျက်ဖဲ
တုတ်ဖဲ-ညှင်းဖဲ
ဓါးဖဲ-စပိတ်ဖဲ
ခွက်ဖဲ-ဟက်ဖဲ
ကြယ်ဖဲ-ဒိုင်းမွန်းဖဲ ဆိုပြီး အသီးသီးပြောင်းလာခဲ့ပါတယ်။ မင်းစေဖဲနဲ့ Major (၂၂)ချပ်ကိုထုတ်ပစ်လိုက်ပြီး မေဂျာထဲမှ တစ်ချပ်ဖြစ်တဲ့ Fool(ဖူးလ်)ဆိုတဲ့ အရူးဖဲကိုတော့ ဂျိုကာလို့ ပြောင်းလဲ ခဲ့ပါတယ်။

ဖဲချပ်များကို အစဦးတွင် တိရစ္ဆာန်၏သားရေများဖြင့် ပြုလုပ်ခဲ့သည်။ ရှေးအခါက အလောင်းကစား ကရိယာမဟုတ်ခဲ့ပါ။ရှေးဦးဂမ္ဘီရပညာရှင်တို့ အသုံးပြုခဲ့သော ပညာကို "သြကာတဇင်း" ဟုခေါ်၏။ ထိုပညာရှင်တို့မှ ၎င်းတို့ပညာကို ကမ္ဘာတည်စိမ့်သောငှာ လက်ဆင့်ကမ်းသယ်ဆောင်မည့်သူတို့ ရှာဖွေရာ လောင်းကစားသမားများကို တွေ့လေ၏။ ထို့ကြောင့် ပညာကို လောင်းကစား ပညာဖြင့် ဖန်တီးကာ ကမ္ဘာဦးလောင်းကစားသမားတို့၏ လက်သို့ ဝကွက်၍အပ်ခဲ့လေသည်။
မင်းစေဖဲကို ဖြုတ်ပစ်ရခြင်းကို သြကာတဇင်း ပညာရှင် တို့က ဘုရင်၊ဘုရင်မနှင့် သူရဲကောင်းဆိုသည်မှာ လာတ်မစား..   ပြည်သူ၊ပြည်သားနဲ့အုပ်ချုပ်သူကြား ဆက်စပ်ပေးသော မင်းစေဖဲချပ်သာလျှင် လာတ်စားနိုင်သည်ဟူ၍ ၎င်းအားဖြုတ်ပစ်ခဲ့ခြင်းဖြစ်သည်။
စစ်ကြိုခေတ်က နာမည်ကြီးခဲ့သော ဖဲထုပ်များမှာ  ပိတုန်းဖဲထုပ်၊ ၊အေဝမ်းဖဲထုပ်များဖြစ်၏။ စစ်ပြီးခေတ်မှာတော့ ဂဏာန်းသုံးလုံးတူဖဲထုပ်များ သုံးသုံးလုံး၊ရှစ်သုံးလုံး၊ကိုးသုံးလုံးဖဲထုပ်များ၊ကြောင်နက်တံဆိပ်ဖဲထုပ်၊ အမျိုးသမီးပုံဖဲထုပ်၊နာရီတံဆပ်ဖဲထုပ်  စသည် မြောက်များစွာ ဖဲထုပ်များပေါ်လာခဲ့သည်။
ဖဲကစားသူတို့သည် ဒီအတိုင်းလှန်၍ကြည့်လျှင် ဒီဖဲချပ်-ပွတ်၍ကြည့်လျှင်လည်း ဒီဖဲချပ်ဟု သိလျက်နှင့်ပင် ချက်ခြင်းလှန်၍ကြည့်သူ နည်းလှသည်။ အဘယ့်ကြောင့် ပွတ်ကြည့်သနည်းမှာမူ တချက်တည်းလှန်၍ကြည့်ပါက အဖြေကို ချက်ခြင်းသိရ၏၊ ထိုသို့မကြည့်ပဲ ပွတ်၍ကြည့်လျှင် အဖြေမှန်ကို မသိမီစပ်ကြား စိတ်လှုပ်ရှားစွာဖြင့် အမျိုးမျိုးအဖုံဖုံ ယူဆခွင့်ရှိ၏။ ထိုယူဆခွင့်သည် ဖဲသမားတို့၏ အရသာများအနက် တစ်ခုသော အရာသာဖြစ်သည်ကို ဖဲသမားမှသာလျှင် အတိအကျပြောနိုင်ပေလိမ့်မည်။
ပြီးခဲ့တဲ့ 2နှစ်ကျော်လာက်က ဂျာနယ်တစ်ခုမှာ ဖတ်ဖူးလို့ Note book ထဲတွင်မှတ်သားဖူးတာလေးကို ပြန်လည်မျှဝေပေးလိုက်ရပါသည်။
စာချစ်သူ သူငယ်ချင်းများကို လေးစားခင်မင်လျှက်
                ***မင်းနေ***

+++မိန်းကလေးတစ်ယောက်ရဲ့ မျက်နှာကိုမြင်(သို့)အသံကိုကြား ယုံနဲ့ သူ့ရဲ့စိတ်ကို ခန့်မှန်းကြည့်ကြရအောင်နော်+++


 သူငယ်ချင်း အားလုံးမင်္ဂလာပါဗျာ...စာမရေးတာ နှစ်ပတ်နီးပါရှိပြီမို့..ဒီနေ့ သူငယ်ချင်းတွေအတွက် ဘာရေးရင် ကောင်းမလဲဆိုပြီး ညက စဉ်းစားလိုက်တာ.. ဟီးဟီး ရွှေဥာဏ်တော်စူးရှပြီး note book လေးကို ပြန်လှန်ကြည့်လိုက်တာ ကုန်ကြမ်းရသွားတယ်... ကျွန်တော် ဖတ်ဘူးတဲ့ စာအုပ်တွေထဲက ဆရာကြီးမင်းသိင်္ခ ရေးတဲ့ ဝတ္တုတစ်အုပ်ထဲမှာ အမှုလိုက်ရင်း မိန်းကလေးတစ်ယောက်ကို မြင်တာနဲ့ သူ့အနေအထားကို ခန့်မှန်းလိုက်တာလေးကို သဘောကျလို့...ရေးမှတ်ထားတာ... ကြာတော့ ကြာပါပြီး... မဖတ်ဖူးသေးလို့ မသိသေးတဲ့သူငယ်ချင်းတွေနဲ့ ဖတ်ပြီး သတိမထားမိတဲ့ သူငယ်ချင်းတွေအတွက် ကျွန်တော်ရေးမှတ်ထားတာလေးကို မျှဝေပေးလိုက်ရပါကြောင်း.....:D အောက်မှာ ဖတ်ကြည့်ရအောင်နော်~~~~~~~~~~
မိန်းကလေးတစ်ယောက်ရဲ့ မျက်ခုံးမွှေးဖျားလေးတွေ အပေါ်ကို ညွှတ်ပြီး ကော့နေတယ် ဆိုရင် အဲ့မိန်းကလေးဟာ မာနကြီးတယ်တဲ့။
အဲ့လိုမဟုတ်ပဲ မျက်တောင်လေးဟာ စင်းနေတယ်ဆိုရင် ရာဂ ကြီးတယ်လို့ ဆရာကြီးက ရေးထားပါတယ်။
နောက်ပြီး သူရဲ့ မျက်လုံးထဲက အနက်ရောင်အဝိုင်း (မျက်နက်ဝန်း)လေး ဟာ သေးနေတယ်ဆိုရင် အဲ့မိန်းကလေးဟာ သဝန်ကြောင်တဲ့သူ၊ယုံလွယ်တဲ့ သူတစ်ယောက်ပါတဲ့။
လည်တိုင် သုံးရစ်ပါတဲ့ မိန်းကလေးဆိုရင် သူဟာ ဥစ္စာကို မပင်ပန်းပဲ ရထားတဲ့သူတဲ့ ထီပေါက်သလို ကံထူးသူဆိုပါတော့။
မေးစေ့ဝိုင်းစက်နေတဲ့သူကျတော့ ရိုးသားကြိုးစားတယ်၊ဥစ္စာကို နိုင်နင်းအောင် ထိန်းသိမ်းနိုင်စွမ်းရှိတယ်တဲ့ဗျာ။
ပြီးတော့ ရှိသေးတယ်ဗျ မိန်းကလေးတစ်ယောက်ရဲ့ အောက်နှုတ်ခမ်းလေး ကဖောင်းအိပြီး အလယ်မှာအချိုင့်လေးပေါ်နေတယ်ဆိုရင် သူမဟာ ပေးကမ်းစွန့်ကြဲတတ်သူ၊ ကိုယ်ချင်းစာတရားရှိသူ တစ်ယောက်ပါတဲ့။
နောက်တစ်ခုကျတော့ သူမရဲ့ အသံလေးဟာ ငှက်ကလေးလို အသံစူးရှနေတယ်ဆို ရင် သူမဟာ လင်ကောင်းသားကောင်းရထားတဲ့သူ၊ငွေကြေးကြွယ်ဝတဲ့သူ၊ သြဇာရှိတဲ့သူ၊အသက်ရှည်မယ့်သူတဲ့။
နောက်ဆုံးတစ်ခုကတော့ မိန်းကလေးတစ်ယောက်ရဲ့ နားရွက်အောက်သားလေး ဟာ မေးသွယ်သားနဲ့ ကပ်မနေပဲ လွတ်လွတ်လပ်လပ်ရှိနေတယ်ဆိုရင် သူမဟာ အမွေများစွာရထားတဲ့သူပါတဲ့ဗျာ။
ကျွန်တော် မှတ်သားဘူးတာလေးကို ဗဟုသုတအဖြစ် ပြန်လည်မျှဝေခြင်းမျှသာ... ဟုတ်သည်၊မဟုတ် သည်ကိုတော့ ကိုယ်ပိုင်ဆင်ခြင်ဥာဏ်ဖြင့် စဉ်းစားချင်ချိန်ကြပါလို့.....
                                              စာဖတ်သူ/စာချစ်သူများကို လေးစားလျှက်
                                                         ***မင်းနေ***

Monday, August 6, 2012

+++စာဖတ်ခြင်းကြောင့် အကျိုးကျေးဇူး ခံစားကြရသူများ+++

ကျနော် ဒီနေ့ လိုင်းပေါ်မှာစာတွေ လျှောက်ဖတ်ရင်းနဲ့ ကြိုက်တာလေးတွေ့လို့သူငယ်ချင်းတွေ  အတွက် ပြန်မျှဝေပေးလိုက်ပါတယ်။အတန်းပညာသင်ကြားခွင့်မရလို့ အတန်းပညာ မရှိပေမယ့်လည်း စာဖတ်အားကောင်းခြင်းဖြင့် ခံစားရတဲ့ အကျိုးကျေးဇူးတွေကား ကြီးမားလှပါတယ်......
စာဖတ်သော အယ်ဒီတာ

ဆိုဗီယက်ရုရှား ခေတ်ပြောင်းတော်လှန်ရေးကြီးကို ခေါင်းဆောင် အောင်မြင်စေခဲ့တဲ့ ကွန်မြူနစ်ခေါင်းဆောင် လီနင်ဟာ သတင်းစာဆရာ၊ ဂျာနယ်အယ်ဒီတာအဖြစ် စာအလွန်ဖတ်သူ   ဖြစ်တယ်။ စာအလွန်ဖတ်ပြီး ဆောင်းပါးတွေလည်း ရေးခဲ့ပါတယ်။ စာဖတ်လွန်းတဲ့ လီနင်ဟာ အမြင်ကျယ်ပါတယ်။

စာဖတ်သောရှေ့နေ


အမေရိကန်သမ္မတပေါင်း (၄၅) ဦးလောက် ရှိတဲ့အနက်မှာ လင်ကင်း(သို့) အေဗရာဟမ်လင်ကွန်း က ဘယ်သှူမှ မယှဉ်သာအောင် လူသေသော်လည်း နာမည်မသေသူ လေးစားချစ်ခင် မြတ်နိုးဖွယ် ပုဂ္ဂိုလ်ထူးကြီး ဖြစ်ပါသည်။ လင်းကင်းရဲ့ စာပေစာမျက်နှာများမှာ ကျောင်းတက်ရက် တစ်နှစ်ခွဲတောင် မရှိဘဲ ကျောင်းစာလည်း ကောင်းကောင်း မသင်ခဲ့ရရှာပါဘူး။ ဒါပေမယ့် စာပေကို အလှမ်းမဝေးဘဲ ရသမျှ လက်လှမ်းမီသမျှ စာတွေကို ဖတ်မှတ်လေ့လာတယ်။ ရှိတ်စပီယားနဲ့ အကျော်အမော် စာဆိုကြီးတွေရဲ့ စာတွေနဲ့ ရင်းနှီးလှတဲ့ လင်ကင်းရဲ့ မိန်ခွန်းတိုင်းက အဆီအသား ပြည့်ဝလှပြီး ပြည်သူ့ဘ၀င် စွဲနေလို့  ဒီနေ့အချိန်အထိ မေ့မရ တသသဖြစ်နေဆဲ ဖြစ်ပါတယ်။

စာကြည့်တိုက်မှူးမှ ဗိုလ်မှူးကြီးအဆင့်သို

့
နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲကာလအတွင်းမှာ ဖက်ဆစ်ဂျပန်တွေကို တော်လှန်ကြရပါတယ်။ အဲဒီအခါမှာ ဗမာ့လွတ်လပ်ရေး တပ်မတော်ထဲကို ဟိန္ဒားသတ္တုမိုင်း အလုပ်သမားတစ်ယောက်ဟာ ယိုးဒယားမှ ရန်ကုန်သို့ တိုက်ခိုက်ချီတက်လာတဲ့ စစ်ကြောင်းမှာ ရဲဘော်အဖြစ် ၀င်ရောက်လုပ်ကိုင် လိုက်ပါလာခဲ့တယ်။ သူက ဟိန္ဒားသတ္တုတွင်း အလုပ်သမား စာကြည့်တိုက်မှာ “စာကြည့်တိုက်မှူး စေတနာ့ဝန်ထမ်း” လုပ်တယ်။ သူက အတန်းပညာ ရှစ်တန်း၊ ကိုးတန်းသာ အောင်ပေမယ့် စာဖတ်ဝါသနာထုံတော့ အလွန် စာဖတ်အားကောင်းတယ်။ ဘီအိုင်အေခေတ်မှာ သူဟာ ရာထူးအဆင့်ဆင့် တက်ပြီး အရာရှိ ဖြစ်လာတယ်။ ဗိုလ်ဗထူး  ပေါ့။ တိုက်ရည်ခိုက်ရည် ထူးထူးချွန်ချွန် ကောင်းတာကြောင့် တပ်ရင်းမှူးရာထူး ပေးအပ်ခြင်း ခံရတယ်။ (ရဲဘော်သုံးကျိပ်ဝင်တွေတောင် တပ်ရင်းမှူးရာထူး မရတဲ့သူတွေ ရှိပါတယ်) ဖက်ဆစ်တော်လှန်ရေးမှာတော့ ဗိုလ်ချူပ်အောင်ဆန်းက ဗိုလ်မှူးကြီးဗထူးကို မြောက်ပိုင်းတိုင်း တိုင်းမှူးအဖြစ် ကွပ်ကဲ တိုက်ခိုက်စေပါတယ်။ စာဖတ်ခြင်းရဲ့ ကောင်းကျိုး နမူနာလေးပါ ။ ဗိုလ်မှူးကြီးဗထူးလို လူကောင်းလူတော်တွေ ဦးစီးကွပ်ကဲတော့ ဖက်ဆစ်တော်လှန်ရေးကြီးဟာလည်း   ပြည်သူတွေရဲ့ အားပေးကူညီမှုနဲ့ အင်္ဂလိပ်တွေ တအံ့တသြ ဖြစ်ရလောက်အောင်အထိ ရာဇ၀င် စာတင်ခဲ့ရတာပဲပေါ့။

စာဖတ်သော အမျိုးသားခေါင်းဆောင်


သခင်အောင်ဆန်း (သို့) ဗိုလ်ချုပ်အောင်ဆန်းဟာ တိုက်ရေးခိုက်ရေး ရှေတန်းတင် ဦးစားပေးပြီး၊ ရိုးရိုးသားသား၊ အညာသားဆန်ပေမယ် တကယ့် သံတမန် စေ့စပ်ဆွေးနွေးမှု ၊ ရှေ့ဆောင်လမ်းပြနိုင်မှု၊ ဆုံးဖြတ်ချက် တိကျပြတ်သားမှုနဲ့ မြင်ကြားတတ်သိ လွယ်မှုတွေမှာ  ယှဉ်သာသူ မရှိလောက်အောင် ထင်ရှားလှပြီး ယနေ့တိုင် မြန်မာပြည်သူလူထုရဲ့ အမှတ်အသားကိုယ်စားပြု ဖြစ်နေဆဲ ဖြစ်ပါတယ်။ သခင်အောင်ဆန်းရဲ့ ပင်ကိုယ်စရိုက်အဖြစ် ဘုဆတ်ဆတ် ခပ်ပြတ်ပြတ် ပြောဆိုတတ်ပြီး၊ မလိုအပ်လျှင် နှုတ်ဆိတ်နေတတ်သော အမူအကျင့် ရှိသော်လည်း၊ ပြောရေးပြောသင့် ပြောခွင့်ကြုံတဲ့အခါ ထိထိရောက်ရောက်၊ ထက်ထက်မြက်မြက် ရှိလှခြင်းက စာအလွန် ဖတ်ခြင်းကြောင့် ဖြစ်ပါတယ်။ ကိုယ်တိုင် ကဗျာ၊ ၀တ္ထု၊ ဆောင်းပါးများကိုလည်း ရေးသားနိုင်ခဲ့သူ ဖြစ်ပါတယ်။

စာဖတ်သော ထောင်ထွက်အလှူရှင်


ပခုက္ကူဒေသမှ ထနောင်းကုန်းကျေးရွာအုပ်စု ရှားတောရွာနေ ငယ်အမည် တောခွေး (ခ) မောင်အုံးဖေရဲ့ ဘ၀အစက နွမ်းပါးလှပြီး မြင်းထိန်း၊ ကွမ်းယာသည်၊ ဖောင်သမား၊ ကျပန်းအလုပ်စုံနဲ့  ဓားပြဖြစ်ပြီး   ထောင်သုံးကြိမ် ကျဖူးခဲ့ပါတယ်။ ထောင်တွင်းမှာ ဘ၀သစ်၊ အတွေးသစ်တွေကို စာပေများမှ ရယူပြီး မကောင်းမှုများ စွန့်လို့ သူဌေးသူကြွယ်၊ ကုန်သည်ပွဲစား ဖြစ်ခဲ့ပါတယ်။ ဘ၀မှတ်တမ်းများနဲ့ “ပခုက္ကူဦးအုန်းဖေ” ဆိုတဲ့ ကလောင်တစ်ချောင်းလည်း ပိုင်ဆိုင်ခဲ့ပြီး စာပေရန်ပုံငွေ (၇၆-သန်း)ကျော် နဲ့ ပညာရေးထူးချွန်ဆု ရန်ပုံငွေ (၅၄-သိန်း)ကိုလည်း စာပေမျိုးစေ့ချ လှူဒါန်းပြီး ပရဟိတ အောင်မြင်ခဲ့သူ ဖြစ်ပါတယ်။

စာဖတ်သော အထွေထွေ အတွင်းရေးမှူးချုပ်


အာရှကုလသမဂ္ဂခေါင်းဆောင် ပထမဦးဆုံး မြန်မာနိုင်ငံမှ သက်တမ်းနှစ်ကြိမ် (၁၀ နှစ် တိတိ) တာဝန်ထမ်းဆောင်ခဲ့သူ ဦးသန့်ဟာ ပန်းတနော် အမျိုးသားကျောင်းမှ ကျောင်းဆရာတစ်ဦးဖြစ်ပြီး စာအလွန်ဖတ်သူတစ်ဦး ဖြစ်ပါသည်။ ကမ္ဘာ့နိုင်ငံ အားလုံးက ကန့်ကွက်မဲမရှိ တညီတညွတ်တည်း   ထောက်ခံရွေးချယ် ခန့်အပ်ခံရခြင်းက စာအရမ်းဖတ်လို့ ကမ္ဘာ့ခေါင်းဆောင်နေရာ ရောက်သွားခဲ့တာပါ။

စာအလွန်ဖတ်သော ၀န်ဇင်းမင်းရာဇာ
မြန်မာရာဇ၀င်များထဲမှ ဘုရင်စိတ်ကျေနပ်သည်အထိ အတိအကျ မှန်ကန်စွာ ဖြေကြားနိုင်ခဲ့လို့ အင်းဝဘုရင် စွာစော်ကဲ လက်ထက်မှ မင်းလေးဆက်တိုင်အောင် ရာထူးချီးမြှင့် ခံခဲ့ရပါတယ်။ ဘိုးရာဇာ လျှောက်ထုံးများဟာ ယနေ့အထိ မှန်ကန်ဆဲ၊ ကိုးကားနေရဆဲလည်း ဖြစ်ပါတယ်။ နန်းတော်မှာလည်း အမတ်ကြီး ဘိုးရာဇာအဖြစ် ရာဇ၀င် ထင်ရှားနေရခြင်းများက စာဖတ်တဲ့ အကျိုးများ ဖြစ်ပါတယ်။
    
မူရင်း။ ။ဒီနေရာ မှကူးယူဖော်ပြသည်..
~~~~~~~~စာဖတ်ခြင်းဖြင့် မိမိဘဝကို မိမိမြှင့်တင်ကျပါစို့~~~~~~~
                                                           သူငယ်ချင်းများကို လေးစားခင်မင်လျှက်
                                                                      ***ကိုနေ***

Thursday, July 26, 2012

အာဇာနည်နေ့ တို့မမေ့ (၁၉ ဇူလိုင်မမေ့နိုင်) ဗိုလ်ချုပ်မိန့်ခွန်းများ စုဆည်းမှု

ဒီနေ့ သူငယ်ချင်း တစ်ယောက် အရင် ပို့စ်မှာ တောင်းဆိုထားလေးကို တင်ပေးလိုက်ပါတယ်... အာဇာနည်နေ့ အမှတ်တရ ဗိုလ်ချုပ်ပြောခဲ့တဲ့ စကားလေးတွေ တင်ပေးပါဆိုလို့ facebook ကဒေါင်းထားမိသမျှ လေးကို အခြားသူငယ်ချင်းတွေအတွက်ပါ ပြန်လည်မျှဝေပေးလိုက်ပါတယ်... ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများကို လွမ်းဆွတ်တမ်းတ သတိရလျှက်....ကျနော်တို့တွေ ဒီလိုစိတ်ဓါတ်မျိုး မွေးမြူရမယ်...ကျနော်တို့ရဲ့ လွတ်လပ်ရေး ဖခင်ကြီးက အရမ်းကို အမြှော်အမြင်ကြီးလို့ ပြောခဲ့တဲ့ စကားက ဒီနေ့ ဒီအချိန်ထိ လက်ရှိအချိန်ထိ လိုက်နာကျင့်သုံးဖို့ မှန်နေဆဲပါပဲ... 
"ဇူလိုင်၁၉ အမှတ်တရ" ဗိုလ်ချုပ်အောင်ဆန်း ၏ မိန့်ခွန်းများ
ကျနော်တို့မြန်မာပြည်အရေးဟာ မြန်မာပြည်သူပြည်သားတွေ၊ ခေါင်းဆောင်တဲ့သူတွေ ညီညွတ်စွာနဲ့ လုပ်တတ်မယ်၊ လုပ်မယ်ဆိုရင်အေးအေးဆေးဆေးနဲ့ ပြီးမြောက်နိုင်မယ်လို့ကျနော်ယုံကြည်တယ်။
သြဂုတ်လ ၁၉၄၅ 
----------------------------------------------------------------------------------- 
လူထုကြီးက ကျုပ်ကိုပေးထားတဲ့ လူထုခေါင်းဆောင်ဆိုတဲ့ဂုဏ်ကိုဝန်ကြီးဆိုတဲ့ ဂုဏ်ထက် ကျုပ်ပိုမက်တယ်ဆိုတာခင်ဗျားတို့ မှတ်ထားလိုက်ကြပါ။ကျုပ်စိတ်ထဲမှာဆိုရင် ၀န်ကြီးဆိုတဲ့ ဂုဏ်ဟာ လူထုခေါင်းဆောင်ဆိုတဲ့ဂုဏ်ရဲ့ခြေဖျားမှာကပ်နေတဲ့ ခြေမှုန့်လောက်ပဲလို့ ကျုပ်မှတ်ထားပါတယ်။( ၂၀ . ၁၀ . ၁၉၄၆ )         
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ကျားနဲ့ရင်ဆိုင်တွေ့နေရတဲ့အခါမျိုးတွင် တစ်ဦးကိုတစ်ဦး စိတ်ကောက်ပြီး ထိုင်နေ၍မဖြစ်သကဲ့သို့ ဗမာ့သေရေးရှင်ရေးကြီးနှင့် ရင်ဆိုင်တွေ့နေရသည့်အခါတွင်လည်း မကျေနပ်မှု အသေးအဖွဲ့ကလေးတွေကို ရိုးမယ်ဖွဲ့၍ မနေကြပါနှင့်။
( ၇ . ၃ . ၁၉၄၇ အသံလွှင့်ချက် )
++++++++++++++++++++++++++++++++++++++++++++
ဖက်ဆစ်ဝါဒဆိုတာ အကြမ်းပတမ်းကို လက်ကိုင်ထားပြီး ကိုယ့်တိုင်းပြည်မှာလည်း တိုင်းသူပြည်သား လူထုအဖွဲ့များ ခေါင်းဆောင်များကိုဖိနှိပ်၊ အခြားလူမျိုးများကိုလည်း ငါတို့လောက်မမြတ်ဆိုပြီး အခြားလူမျိုးတွေ အပေါ် လွှမ်းမိုးဖို့ အမြဲလုပ်ပြီး စစ်ကို အမြဲလိုလားနေတဲ့ အဆိုးဝါးဆုံး ဓနရှင်နယ်ချဲ့ဝါဒလို့ ကျုပ်နားလည်တာပဲ။
( ၁၈ . ၁၁ . ၁၉၄၅ )
============================================
နှလုံးရည်နဲ့တိုက်လို့မရရင် လက်ရုံးရည်နဲ့ တိုက်ရမှာပဲ
( ဧပြီ ၁၉၄၇ နတ်မောက် )
၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀
သွေးထွက်သံယိုဖြစ်တဲ့ တော်လှန်ရေးကိုသာ
တော်လှန်ရေးလို့ ယူဆနေကြတယ်။
ဒါဟာ လုံးဝ မမှန်ဘူး။ တော်လှန်ရေးဟာ
သွေးထွက်သံယိုရှိတဲ့တော်လှန်ရေး၊ သွေးထွက်သံယိုမရှိတဲ့တော်လှန်ရေး ရယ်လို့နှစ်မျိုးရှိတယ်။
( ၂၈ . ၃ . ၁၉၄၇ အောင်လံမြို့ )
################################################
လူတွေကတင်မြှောက်ပြီး လူတွေရဲ့အကျိုးကို လုပ်တဲ့
လူတွေရဲ့ အစိုးရသာလျှင် ဒီမိုကရေစီ ဖြစ်နိုင်မယ်။
( ၁၉ . ၅ . ၁၉၄၇ ဂျူဗလီဟော )
$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$
စားဖားသမားတွေ ညီညွတ်တာ ကျနော်မလိုချင်ဘူး
… \\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\\
တိုင်းရင်းသားအချင်းချင်းညီညွတ်ရေး၊ တိုင်းသူပြည်သား လူထုညီညွတ်ရေး၊
အဲ့ဒီညီညွတ်ရေးနှစ်ခု မရှိသမျှကာလပတ်လုံး ဒီတိုင်းပြည်ဟာ လွတ်လပ်ပင်
လွတ်လပ်ငြားသော်လည်း ဘယ်ပါတီတက်တက် ဘယ်အစိုးရ လုပ်လုပ်
ဖာသယ်တိုင်းပြည် ဖြစ်နေမှာပဲလို့ ကျနော်ပြောချင်တယ်။ ဒီတော့ကာ
ဒီနှစ်ခုကို ခင်ဗျားတို့ မပျက်ပြားပါစေနဲ့။ ဘယ်သူက ဘာလုပ်လုပ် မပျက်ပါစေနဲ့။ အဲ့ဒါ အင်မတန်အရေးကြီးတယ်။
 ||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
ဗမာတွေစိတ်ထက်သလေးဘာလေးနဲ့ တလွဲဆံပင်ကောင်းနေကြတယ်။ ဗမာပြည်လွတ်လပ်ရေးရအောင် လုပ်ရမယ့်တိုက်ပွဲမျိုးမှာ အသုံးမချဘူး။ဗမာပြည်ပြန်လည်ထူထောင်ရေးမှာ အသုံးမချဘူး။ ဗမာ၊ ဗမာအချင်းချင်း ချဖို့မှာ လုပ်ချင်တယ်။ ဒါမျိုးတွေ လုပ်ချင်လို့ ဘယ်တော့မှ အကျိုးမရှိဘူး။
တိုင်းသူပြည်သားဆန္ဒအရမဟုတ်ပဲ တိုင်းသူပြည်သားတွေနဲ့ ကင်းကွာပြီး
မင်းစိတ်ပေါက်တဲ့ အရာရှိတွေ ချယ်လှယ်တဲ့ စနစ်ဆိုးတစ်မျိုးရှိနေရင် အများပြည်သူတို့ ဆန္ဒနဲ့လုပ်ကိုင်ရတဲ့ ဒီမိုကရေစီဝါဒ ခေတ်မစားနိုင်ပဲ ဖက်ဆစ်ဝါဒဆင်တူရိုးမှားတွေ ပေါ်လာနိုင်တယ်။ဒီဝါဒမျိုးတွေပေါ်လာရင် တိုင်းသူပြည်သားတွေဟာ လွတ်လပ်ရေးဆိုတာကို မရနိုင်တော့ဘူး။ ဒါကြောင့် ကျနော်တို့ဟာ ဒီမိုကရေစီကိုသာ ခေတ်စားအောင် လုပ်ရမယ်။ အဲ့ဒီဝါဒမျိုးအရသာ လွတ်လပ်တဲ့ ဗမာနိုင်ငံ ထူထောင်နိုင်အောင် ကြိုးစားရမယ်။ ဒီမိုကရေစီဝါဒသာ လွတ်လပ်ရေးနဲ့ ဆီလျော်တယ်။ဒီဝါဒသာ ငြိမ်းချမ်းရေးကို အားပေးတယ်။ အဲ့ဒါကြောင့် ဒီဝါဒကိုသာကျနော်တို့ ရည်ရွယ်ရမယ်။( ၁၉၄၅ သြဂုတ်လ )
********************************************************************************* ဗမာတွေလမ်းနှစ်ခွရောက်နေပြီ။ တွေဝေနေလို့ မဖြစ်တော့ဘူး။ ချီတုံချတုံဖြစ်နေလို့ မဖြစ်တော့ဘူး။ ကိုယ်ယုံကြည်တာကို မလုပ်ရလို့ မဖြစ်တော့ဘူး။ နိုင်ငံရေးလုပ်တယ်ဆိုတာ ကြောက်လွဲ ရဲမင်းဖြစ်ဆိုတဲ့အတိုင်း ရဲနိုင်မှဖြစ်မယ်။ ကျနော်တို့တော့ ရှေ့အဖို့ကို ရဲရဲကြီး လုပ်တော့မယ်။ ပြတ်ပြတ်သားသားလုပ်တော့မယ်။ ကျနော်တို့တစ်တွေ ဟိုအကြောင်းထောက်၊ ဒီအကြောင်းထောက်ပြီး ချီတုံချတုံဖြစ်နေမှုကြောင့် လူထုမနစ်နာစေချင်တော့ဘူး။( ၅ . ၄ . ၁၉၄၇ အသံလွှင့်ချက် )
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
တစ်တိုင်းပြည်လုံး ကြီးပွားစေချင်ရင် လူအား၊ ငွေအားပစ္စည်းအားနဲ့ စုပေါင်းပြီး အင်တိုက်အားတိုက် လုပ်နိုင်မှ အကျိုးခံစားခွင့်ရှိကြမှာပဲ။ ဗမာကတစ်မျိုး၊ ကရင်ကတစ်ဖုံ၊ ရှမ်း၊ ကချင်၊ချင်းတို့ကတစ်ခြား အကွဲကွဲ အပြားပြား လုပ်နေကြရင် အကျိုးရှိမှာ မဟုတ်ဘူး။ စုပေါင်းလုပ်ကြမှသာ အကျိုးရှိနိုင်မယ်။ လုပ်ကြည့်မှလည်း အကျိုးရှိကြောင်း သိနိုင်တယ်။( ၁၁ . ၂ . ၁၉၄၇ ပင်လုံ )
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
ဗမာပြည်ရဲ့အကျိုးကို တကယ်လိုလားတယ်ဆိုရင် လူငယ်တွေဟာ တော်လှန်ရေးစကားတွေ ပြောတာ လျှော့ပြီးတော့က တော်လှန်ရေးရဲ့တကယ့်အလုပ်ကို လုပ်ကြစမ်းပါဆိုတာ ပြောခဲ့ချင်တယ်။( ၁၇ . ၄ . ၁၉၄၇ မြန်မာနှစ်သစ်ကူး၊ အသံလွှင့်ချက်)
%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%% ကျုပ်တို့ဟာဘယ်လိုလူစားတွေလဲ၊ ရာဇ၀င်မှာ အရေးခံမယ့် လူစားမျိုးတွေလား၊ ရာဇ၀င်မှာ အဆဲခံမယ့်လူစားမျိုးတွေလားဆိုတာ ခင်ဗျားတို့ကိုယ်တိုင်သိပါလိမ့်မယ်။ ပဒေသာပင် ပေါက်အောင်ဆိုရင် ကျနော်တို့ အလုပ်လုပ်မှ ဖြစ်မယ်ဆိုတာ ခင်ဗျားတို့ နားလည်စေချင်တယ်။
!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!
ကျနော်တို့ဟာ ဘာအလုပ်ပဲလုပ်လုပ် နောက်ဆုံးတစ်နေ့ ပြီးတဲ့အချိန်မှာ ရှုံးမယ်ထင်တယိဖြစ်စေ၊ နိုင်မယ်ထင်တယ် ဖြစ်စေ မလျော့တမ်းဇွဲနဲ့ လုပ်သွားရမယ်။ အကောင်းဆုံး၊အလွယ်ဆုံး၊ အအေးဆုံး ဆိုတဲ့နည်းကို ကျနော်တို့က ပထမရှေးဦးစွာ ကျနော်တို့ရှာပြီး လုပ်မှာပဲ။ သို့သော်လည်းပဲ သည်လိုလုပ်လို့ မရဘူးဆိုရင် အေးအေးနဲ့မရရင် ရနိုင်တဲ့နည်းကို လုပ်ရမှာပဲ။
 iiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiiii
ခင်ဗျားတို့ဟာ လွတ်လပ်ရေးကိုလိုချင်ရင် လွတ်လပ်ေ၇းကို ရနိုင်လောက်တဲ့ စည်းကမ်းကို ရှိကြပါ။ လွတ်လပ်ရေးကို လိုချင်လို့ရှိရင် လွတ်လပ်ရေးကို ရနိုင်တဲ့ ညီညွတ်မှုကို ထိန်းသိမ်းကြပါ။ လွတ်လပ်ရေးကို လိုချင်ရင် လွတ်လပ်ရေးကို ရနိုင်တဲ့ ထူထောင်မှုကို လုပ်ကြပါ။ အဲ့ဒီလို လုပ်ပြီးတဲ့နောက် ရှေ့ကို လွတ်လပ်ရေး အရသာကိုခံစား၊ စံစား စေချင်တယ် ဆိုရင် အလုပ်လုပ်ကြဖို့၊ စည်းကမ်းရှိကြဖို့၊ ယခုကတည်းကခင်ဗျားတို့ကိုယ်ကို အကျင့်ဆိုးတွေ၊ အကျင့်ဟောင်းတွေ၊ စောက်ကျင့်တွေကို ပြင်ကြဖို့လိုပြီဆိုတာ ကျနော် ကနေ့ ပြောခဲ့ချင်တယ်။ ( ၁၃ . ၇ . ၁၉၄၇ မြို့တော်ခန်းမ၊ ဗိုလ်ချုပ် နောက်ဆုံးပြောကြားခဲ့သောမိန့်ခွန်း )
<><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><><>
စုဆောင်းထုတ်နုတ်တင်ပြသူ...ဘလော့ခ်ဂါ အလင်းဆက် ၄.ဇူလှိုင်လ. ၂၀၁၀
မှတ်ချက်။ စာသားအဆိုအမိန့်များကို  ဒီနေရာမှ ကူးယူဖော်ပြသည်............
သူငယ်ချင်းတို့မှာ အခြားသိမ်းထားတာလေး ရှိရင် comment မှာထည့်ပေးခဲ့ပါအုံး ကျနော် သိမ်းထားချင်လို့...
ဗိုလ်ချုပ်ပြောခဲ့တဲ့စကားများကို အောင်းမေ့ သတိရစွာဖြင့် အာဇာနည်နေ့ကို ဦးညွှတ်အလေးပြုပြီး ကြိုဆိုကြပါစို့~~~~~~
                                           သူငယ်ချင်းများကို လေးစားခင်မင်လျှက်
                                                                       ***ကိုနေ***

စုဆောင်းမိသမျှ အဆိုအမိန့်များ....

ကျနော် ဒီနေ့ သူငယ်ချင်းတွေအတွက် ကျနော် Facebook ကနေကြိုက်လို့ စုဆောင်းထားသမျှလေးကို ပြန်လည်မျှဝေလိုက်ပါတယ်.... တစ်ခါတစ်လေမှာ အဆိုအမိန့် တစ်ခုကို လက်ကိုင်ကျင့်သုံးလိုက်မိလို့ လူတစ်ယောက်ကို ပြောင်းလဲ သွားနိုင်တာတွေ ရှိပါတယ်... အဲ့ဒါကြောင့် မသိသေးတဲ့ သူငယ်ချင်းတွေအတွက် အကျိုးမယုတ်ဘူးထင်လို့ ပြန်လည်မျှဝေပေးလိုက်တာပါ... ဖတ်ဖူး တင်ဖူးပြီးသား ရှိတယ်ဆိုရင် ကျနော်တောင်းပန်ပါတယ်.... မသိသေးတဲ့ သူငယ်ချင်းတွေ အတွက် အောက်မှာ တင်ပေးလိုက်ပါတယ်.....

ထပ်ထင်လို့ မရတော့ဘူး.. file size ကန့်သတ်ထားလို့ ထင်တယ်... သူငယ်ချင်းတွေ နှစ်သက်တယ်ဆိုရင် နောက်တစ်ခေါက် ထပ်တင်ပေးပါ့မယ် သိမ်းထားတာတွေ ရှိသေးတယ်... ပထမ ရှိသမျှအကုန်တင်ပေးမလို့ ခုတော့ ဒီလောက်ပဲ ရတော့တယ်... သူငယ်ချင်းများ ဒီစာလေးတွေ ဖတ်မိပြီး ဖြန့်ကျက်တွေးတော ဆင်ခြင်နိုင်ကြပါစေ~~~~~ 
                                         သူငယ်ချင်းများကို ခင်မင်လေးစားလျှက်
                                                                             ***ကိုနေ***

Saturday, September 17, 2011

ဘဝတိုးတတ်ရေး လမ်းညွှန် အပိုင်း (၅)

ဒီနေ့ ကျနော်လဲ စာမေးပွဲ ပြီး အလုပ်နားတာနဲ့ သူငယ်ချင်းတွေကို တင်ပေးနေတဲ့ 
ဘဝတိုးတတ်ရေးလမ်းညွန်အပိုင်း(၅) ဆက်လက် ဖော်ပြလိုက်ပါတယ်။ ဒီအချက်(20) နဲ့ဆိုရင် အချက် (100)ပြည့်သွားပါပြီ ဖတ်ရှုတဲ့ သူငယ်ချင်းတွေလဲ တစ်ချက်လောက် လိုက်နာ ကျင့်သုံးတယ်ဆိုရင်ပဲ တစ်ထောင့် တစ်နေရာမှာ အကျိုး သက်ရောက်မှု ရှိလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ အရင်အချက်တွေ မဖတ်လိုက်ရလို့ ဖတ်ချင်တဲ့ သူငယ်ချင်းတွေ အတွက် ကျနော့်ရဲ့ အိမ်မှာ သွားရောက်ဖတ်ရှုလို့ ရပါတယ်။။။။။  
နောက်ဆုံး အချက် (20) ကိုအောက်မှာ ဖတ်ရှုနိုင်ပါတယ်...........

ဘဝတိုးတတ်ရေးလမ်းညွှန်...အပိုင်း(၄)

မင်္ဂလာပါ သူငယ်ချင်းများ မတွေ့တာကြာလို့မေ့နေမှာဆိုးလို့ နှုတ်ဆက်လိုက်တာ နေနေလဲမအားတာနဲ့ ဒီဘက်ကိုမလှည့်ဖြစ်ဘူး ဖြစ်နေတယ် စောင့်ပြီးအားပေးနေတဲ့ သူငယ်ချင်းတွေကိုလဲ အားနာပါတယ် အလုပ်ကလဲ ခုရက်ပိုင်းမှ ပွဲကြပ်ကာလဖြစ်နေ လို့လေ ဒီနေ့ရုံးပိတ်ရက်လေးမှာ သူငယ်ချင်းတွေအတွက် နောက်ထပ် အချက်(20) ထပ်တင်ပေးလိုက်ပါတယ် ခုအချက် (20)နဲ့ဆို အချက်ပေါင်း (80) ဖြစ်သွားပါပြီ။ ရှေ့ကအချက်တွေမဖတ်လိုက်ရလို့ဖတ်ချင်တယ်ဆိုရင် ဒီစာမျက်နှာရဲ့ အောက်ဆုံး ဘယ်ဘက်မှာ (previous post)ဆိုတဲ့နေရာမှာ သွားဖတ်လို့ရပါတယ်။ မသိသေးသူ တွေအတွက်ပါ သိပြီးသားလူတွေအတွက်တော့ မဆိုလိုပါဘူး။ ခုအချက် နှစ်ဆယ်ကို အောက်မှာ ဖော်ပြလိုက်ပါတယ်နော် သူငယ်ချင်းများ......... စကာရှည်နေရင်ဖတ်ရတဲ့လူ ပျင်းနေမှာဆိုးလို့ လိုရင်းတိုရှင်းပဲ ကောင်းပါတယ်။။. 


Sunday, August 28, 2011

ဘဝတိုးတတ်ရေးလမ်းညွှန်.....အပိုင်း (၃)

ဒီနေ့ရုံးပိတ်တာနဲ့ပဲ နေနေ သူငယ်ချင်းများအတွက် ဘဝတိုးတတ်ရေး လမ်းညွှန်..အပိုင်း (၃) ကိုထပ်တင်ပေးလိုက်ပါတယ်။ အခု အချက် (20) နဲ့ ဆို အားလုံးပေါင်း (60) ရှိသွားပါပြီ။ မဖတ်လိုက်ရတဲ့ သူငယ်ချင်းများ အတွက် အောက်ဆုံးက previous ကနေသွားလို့ရပါတယ်။ ကျန်တဲ့အပိုင်းတွေကိုလဲ ဆက်လက်ဖော်ပြ ပေးသွားပါမယ်။ ခုတင်လိုက်တဲ့ အချက်နှစ်ဆယ်ကိုလဲ အရင် အတိုင်းပဲ လေးနက်စွာနဲ့ အချက်တစ်ချက်ခြင်းစီကို ဖတ်ပြီး ဆင်ခြင် ပြင်ဆင် နိုင်ကြပါစေလို့ နေနေ ဆုတောင်းပေးပါတယ်။ ခုဖော်ပြမယ့် အချက်နှစ်ဆယ်ကတော့ အောက်မှပါ...................

ဘဝတိုးတတ်ရေးလမ်းညွှန်.....အပိုင်း (၂)

ဒီနေ့တော့ နေနေ နည်းနည်းအားတာနဲ့ စာနောက်တစ်ပိုင်း ဆက်ရေးမယ် ဆိုပြီး အွန်လိုင်းပေါ်တတ်လာလိုက်တာ။ သူငယ်ချင်းတွေကိုလဲ အားနာပါတယ် နေနေ စာကို တစ်ပိုင်းတစ်စနဲ့ ဆက်မရေးဖြစ်တာကို ဒီအတွက်တောင်းပန်ပါတယ်နော်။  နေနေကလဲ အလုပ်တစ်ဖတ်နဲ့ ဆိုတော့ အားတဲ့အချိန်လေးကိုပဲ လုပြီးရေးလိုက်တာ ဝါသနာလဲပါတယ် သူငယ်ချင်းတွေကိုလဲ ကိုမဖြစ်စလောက်သိတာလေးကို ပြောပြချင် တာကလဲ အောက်တစ်ပိုင်းသေလို့။ ဒီနေ့ အချက်နှစ်ဆယ် ထပ်ပြီးတင်ပေးလိုက်ပါတယ် သူငယ်ချင်းတွေအတွက် ဖတ်ပြီး စဉ်းစားချင့်ချိန်နိုင်ပါစေ လို့ နေနေ ဆုတောင်းပါတယ်။။ ခုရေးတာနဲ့ဆို အချက် (40)ရှိသွားပါပြီ ဆက်လက်ရှုစား စေချင်ပါတယ်.............

ဘဝတိုးတတ်ရေးလမ်းညွှန်.....အပိုင်း (၁)

နေနေ ဒီနေ့ ဘလော့ဂ်ရေးချင်စိတ်ပေါက်လာတာနဲ့  သူငယ်ချင်းတွေအတွက် နေနေ ဖတ်ဖူးတဲ့စာအုပ်ထဲက အချက်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ဘဝတိုးတတ်ရေးလမ်းညွှန်ဆိုတဲ့ ဘာသာပြန် စာအုပ်ထဲမှာ အချက်(100) ပါ ပါတယ်။ အဲဒီထဲက နေနေက အချက်(20)စီခွဲပြီး ဖော်ပြပေးတာ အကြောင်းရှိပါတယ် ဒီထဲက အချက်တိုင်းဟာ လေးနက်ပါတယ်။ နေနေ ခုလိုတင်ပေးတာဟာ အွန်လိုင်းတတ်တဲ့လူ မြို့တော်မန်ဘာ ဝင်တဲ့လူတော်တော်များများက အသက်20 ဝန်းကျင်တွေများတဲ့အတွက် ဘဝကို စတင်နေတဲ့အချိန်မှာ အားဆေးဖြစ်သလို ကျင့်သုံးသင့်တဲ့ နည်းလမ်းတွေလဲ ဖြစ်လို့ပါ။ နေနေ ခုဘာသာပြန်စာအုပ်ကို ရေးတဲ့ဆရာကို မမှတ်မိတဲ့အတွက်ခွင့်လွတ်ပါ လို့ တောင်းပန်ပါရစေ။ ဘာလိုမမှတ်မိလဲ ဆိုတော့ နေနေ စာဖတ်ရင်  ဖောင်တိန် နဲ့စာအုပ်ဆောင်လေ့ရှိပါတယ်။ ဒါပေမယ့် ခုစာအုပ်ကျတော့ အချက်(100) ဆိုတော့ နေနေ မမှတ်နိုင်တော့ပါဘူး (အပျင်းထူတာပါ)။ အဲဒါနဲ့ ရှိတဲ့ ဥာဏ်အနီ အနက်တွေထုတ်သုံးပါတယ်။ ဘယ်လိုလုပ်လဲဆိုတော့ စာအုပ်ကိုသိမ်းရင် သွားလေရာ မသယ်နိုင်ဘူးလေ။ ဟဲဟဲ ဒါကြောင့် မာတိကာ စာရွက်လေး နှစ်ရွက်ပဲ ဖြဲပြီး note book ထဲညှပ်ထား လိုက်ပါတယ်။ အဲစာရွက်နှစ်ရွက်မှာ ဘာသာပြန်စာရေးဆရာအမည်မပါဘူး။ ဒါကြောင့်ဖတ်ဖူးတဲ့လူရှိရင်လဲ ပြောပြ လမ်းညွှန်စေချင်ပါတယ် ။ နေနေက ရမ်းပြီ ထည့်လို့မှားရင် ဆရာကိုစော်ကားရာ ရောက်မှာဆိုးလို့ပါ။ ဒါကြောင့် စာရေးဆရာရဲ့ နာမည်ကိုမသိတဲ့အတွက် သူ့ရဲ့စာကိုပဲ ဆရာကိုယ်စား နေနေမှတဆင့် သူငယ်ချင်းများကို ပြန်လည်ပညာဒါန အဖြစ်မျှဝေလိုက်ရပါတယ်..............

လူတစ်ယောက်အတွက်ရှိသင့်သော Dr.CC(ဒေါက်တာစီစီ)

ဒီနေ့ နေနေ စာရေးချင်စိတ်ပေါက်လာတာနဲ့ နေနေရဲ့ အစ်ကိုတစ်ယောက်လိုချစ်ရတဲ့ ဆရာပြောသောစကားလေးတစ်ခွန်းကို သူငယ်ချင်းများအတွက် မျှဝေပေးလိုက်ပါတယ်နော် "Dr.CC" (ဒေါက်တာစီစီ)

* ဒီခေါင်းစဉ်လေး ကစာလုံးလေးလုံးတည်းပေမယ့် အဓိပါယ် တော်တော် သက်ရောက်ပါတယ်။ နေနေက စာတိုပေစလေးတွေကို မှတ်တတ်တယ်လေ။ အဲဒီထဲက ဒီစာတိုလေးရွေးရတာက နေနေကသူငယ်ချင်းတွေကို သိစေချင်တဲ့ ဆန္ဒနဲ့ပါ။ မသိသေးတဲ့ လူတွေအတွက်ပါ သိပြီးသားလူတွေဆိုရင် ဆောရီးပါ။ နေနေရဲ့ ဆရာကပြောတယ် လူတစ်ယောက်မှာတဲ့ ဒီအချက်လေးချက်ထဲက လေးချက်လုံးမညီတောင်မှ နှစ်ချက်လောက်ပဲ ညီအောင်နေအုံးတဲ့ လူဘဝမှာ ကောင်းကောင်းရပ်တည် ရှင်သန်နိုင်ပါတယ်တဲ့။ ကိုယ့်ကိုကိုယ်လဲ ထိန်းနိုင်ပြီး ဘဝမှာလဲ အဓိပါယ်ရှိရှိ နေနိုင်သွား နိုင်မယ်လို့နေနေရဲ့ အစ်ကိုကြီးတစ်ယောက်လိုချစ်ရတဲ့ ဆရာက ပြောပြဘူးပါတယ်။ အဲဒါကြောင့်နေနေ ဆရာ အစ်ကိုကြီးကိုလေးစားသော အားဖြင့် ဒီစာလေးကို သူငယ်ချင်းများအတွက် မျှဝေလိုက်ပါတယ်......