နေနေ ဒီနေ့ ဘလော့ဂ်ရေးချင်စိတ်ပေါက်လာတာနဲ့  သူငယ်ချင်းတွေအတွက် နေနေ ဖတ်ဖူးတဲ့စာအုပ်ထဲက အချက်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ဘဝတိုးတတ်ရေးလမ်းညွှန်ဆိုတဲ့ ဘာသာပြန် စာအုပ်ထဲမှာ အချက်(100) ပါ ပါတယ်။ အဲဒီထဲက နေနေက အချက်(20)စီခွဲပြီး ဖော်ပြပေးတာ အကြောင်းရှိပါတယ် ဒီထဲက အချက်တိုင်းဟာ လေးနက်ပါတယ်။ နေနေ ခုလိုတင်ပေးတာဟာ အွန်လိုင်းတတ်တဲ့လူ မြို့တော်မန်ဘာ ဝင်တဲ့လူတော်တော်များများက အသက်20 ဝန်းကျင်တွေများတဲ့အတွက် ဘဝကို စတင်နေတဲ့အချိန်မှာ အားဆေးဖြစ်သလို ကျင့်သုံးသင့်တဲ့ နည်းလမ်းတွေလဲ ဖြစ်လို့ပါ။ နေနေ ခုဘာသာပြန်စာအုပ်ကို ရေးတဲ့ဆရာကို မမှတ်မိတဲ့အတွက်ခွင့်လွတ်ပါ လို့ တောင်းပန်ပါရစေ။ ဘာလိုမမှတ်မိလဲ ဆိုတော့ နေနေ စာဖတ်ရင် ဖောင်တိန် နဲ့စာအုပ်ဆောင်လေ့ရှိပါတယ်။ ဒါပေမယ့် ခုစာအုပ်ကျတော့ အချက်(100) ဆိုတော့ နေနေ မမှတ်နိုင်တော့ပါဘူး (အပျင်းထူတာပါ)။ အဲဒါနဲ့ ရှိတဲ့ ဥာဏ်အနီ အနက်တွေထုတ်သုံးပါတယ်။ ဘယ်လိုလုပ်လဲဆိုတော့ စာအုပ်ကိုသိမ်းရင် သွားလေရာ မသယ်နိုင်ဘူးလေ။ ဟဲဟဲ ဒါကြောင့် မာတိကာ စာရွက်လေး နှစ်ရွက်ပဲ ဖြဲပြီး note book ထဲညှပ်ထား လိုက်ပါတယ်။ အဲစာရွက်နှစ်ရွက်မှာ ဘာသာပြန်စာရေးဆရာအမည်မပါဘူး။ ဒါကြောင့်ဖတ်ဖူးတဲ့လူရှိရင်လဲ ပြောပြ လမ်းညွှန်စေချင်ပါတယ် ။ နေနေက ရမ်းပြီ ထည့်လို့မှားရင် ဆရာကိုစော်ကားရာ ရောက်မှာဆိုးလို့ပါ။ ဒါကြောင့် စာရေးဆရာရဲ့ နာမည်ကိုမသိတဲ့အတွက် သူ့ရဲ့စာကိုပဲ ဆရာကိုယ်စား နေနေမှတဆင့် သူငယ်ချင်းများကို ပြန်လည်ပညာဒါန အဖြစ်မျှဝေလိုက်ရပါတယ်..............
ဆောရီးကျန်ခဲ့လို့ သူငယ်ချင်းများကို မေတ္တာရပ်ခံချင်တာက ဒီစာကြောင်းတစ်ကြောင်းခြင်းစီကို ဖြစ်နိုင်မဖြစ်နိုင် စဉ်းစားပြီး သေချာလေးလေး နက်နက်ဖတ်စေချင်ပါတယ်...
- သင့်ဘဝမှာ ရည်ရွယ်ချက်ရှိတယ်၊ အဓိပါယ် ရှိတယ်ဆိုတာ သိထားပါ။
- ပျော်ရွှင်မှုရဖို့ နည်းဗျူဟာ ချမှတ်ကျင့်သုံးပါ။
- အကြိမ်တိုင်း အောင်မြင်ရန် မလိုကြောင်းသိထားပါ။
- သင့်ရည်မှန်းချက်တွေ တစ်ခုနှင့်တစ်ခု လိုက်လျောညီထွေမှု ရှိပါစေ။
- မိမိ နှိုင်းယှဉ်မယ့် အရာတွေကို ဥာဏ်ရှိရှိ ရွေးချယ်ပါ။
- မိတ်ဆွေဖွဲ့ပါ ။အပေါင်းအသင်းရှိပါစေ။ (နည်းလမ်း ရနိုင်၏။)
- ရုပ်မြင်သံကြားစက် ပိတ်ပစ်ပါ။(ရုပ်ရှင်ကြည့်ခြင်းဟာ များသောအားဖြင့် တန်ဖိုးရှိသော အချိန်တွေကို ကုန်စေပါတယ်) မကောင်းဘူးလို့မဆိုလိုပါ ချင့်ချိန်တတ်ဖို့ ပြောခြင်းဖြစ်ပါတယ်။
- မိမိကိုယ်ကို ခြွင်းချက်မရှိ လက်ခံကြည့်လိုက်ပါ။
- မိမိဘယ်ကလာသလဲဆိုတာ သတိရပါ။(ဘဝမေ့ တတ်သည်ကို ဆိုလိုသည်။)
- အိပ်တော့မယ်လို့ လှဲလိုက်တဲ့အခါမှာ အကြောင်းအရာ တစ်ခုတည်းကိုပဲ တွေးတတ်အောင် ကန့်သတ်လိုက်ပါ။ (ဖြစ်နိုင်ရင် တစ်ရက်တာ လုပ်ဆောင်မှုကို ပြန်လည်သုံးသပ်သင့်ပါတယ်။)
- ခင်မင်မှုက ငွေထက် တန်ဖိုးရှိကြောင်း သိထားပါ။
- လက်တွေ့ကျသော မျှော်မှန်းချက်များ ထားရှိပါ။
- စိတ်ကူးသစ်များ ဝင်ခွင့်ပေးလိုက်ပါ။(လက်ရှိစိတ်ကူးထက် ပိုကောင်းနိုင်၏။)
- အခြားသူတွေ မိမိအတွက် အရေးပါကြောင်း ထုတ်ပြောပြပါ။
- မသေချာလျှင် အကောင်းဘက်မှ ခန့်မှန်းပါ။(ကြိုတင် စိတ်ဓါတ်ကျဖို့ မလိုပါ။)
- မိမိကိုယ်ကို မိမိ ယုံကြည်ပါ။
- မိမိကိုယ်ကို လွန်လွန်ကဲကဲ မယုံကြည်မိရန် သတိပြုပါ။
- ပြဿနာတွေကို တစ်ယောက်တည်း ရင်မဆိုင်ပါနဲ့။(ဝိုင်းပြီးစဉ်းစားက အကြံ ပိုကောင်းနိုင်၏။)
- အသက် ကြီးရင့်လာတာကို တွေးကြောက်ဖို့မလိုပါ။ (တစ်နေ့ သေရမယ်ဆိုတာ သိထားပါ။)
- အိမ်အလုပ်တွေကို ဇယားချ လုပ်တဲ့အကျင့် ရှိပါစေ။................ဆက်လက်ဖော်ပြသွားပါမည်။
နေနေ သူငယ်ချင်းများ ကျင့်ကြံ နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်......... ကိုနေ
1.ရည်ရွယ်ချက်ရှိပါတယ်
ReplyDelete2.ပျော်ရွှင်မှုရဖို့ဗျူဟာသုံးနေပါတယ်
3.မအောင်မြင်ရင်လဲထပ်လုပ်မယ်
4.လိက်လျောညီထွေရှိပါတယ်
5.ရွေးချယ်ပါတယ်
6.ရှိပါတယ် အများကြီးတော့မဟုတ်ပါဘူး
7.မလုပ်ဘူးလို့တော့အာမ မခံနိုင်ပါဘူး
8.လက်ခံယုံကြည်ထားပ့တယ်
9ဟုတ် ဘဝမမေ့ပါဘူး
10ကလုပ်နေကြလေးပါ
11.မှတ်သားထားပါ့မယ်
12..13.14.15.16.17မှတ်သားပါတယ်
18.ဟုတအကြံတောင်းပါတယ်
19.မှတ်းထားပါ့မယ်
20.မလုပ်တော့မလုပ်ဖူးသေးဘူး
ကျေးဇူးပါပဲသူငယ်ချင်း(M3A)