Sunday, August 28, 2011

ဘဝတိုးတတ်ရေးလမ်းညွှန်.....အပိုင်း (၂)

ဒီနေ့တော့ နေနေ နည်းနည်းအားတာနဲ့ စာနောက်တစ်ပိုင်း ဆက်ရေးမယ် ဆိုပြီး အွန်လိုင်းပေါ်တတ်လာလိုက်တာ။ သူငယ်ချင်းတွေကိုလဲ အားနာပါတယ် နေနေ စာကို တစ်ပိုင်းတစ်စနဲ့ ဆက်မရေးဖြစ်တာကို ဒီအတွက်တောင်းပန်ပါတယ်နော်။  နေနေကလဲ အလုပ်တစ်ဖတ်နဲ့ ဆိုတော့ အားတဲ့အချိန်လေးကိုပဲ လုပြီးရေးလိုက်တာ ဝါသနာလဲပါတယ် သူငယ်ချင်းတွေကိုလဲ ကိုမဖြစ်စလောက်သိတာလေးကို ပြောပြချင် တာကလဲ အောက်တစ်ပိုင်းသေလို့။ ဒီနေ့ အချက်နှစ်ဆယ် ထပ်ပြီးတင်ပေးလိုက်ပါတယ် သူငယ်ချင်းတွေအတွက် ဖတ်ပြီး စဉ်းစားချင့်ချိန်နိုင်ပါစေ လို့ နေနေ ဆုတောင်းပါတယ်။။ ခုရေးတာနဲ့ဆို အချက် (40)ရှိသွားပါပြီ ဆက်လက်ရှုစား စေချင်ပါတယ်.............




          ဒီအချက် (20) ကိုလဲ လေးလေးနက်နက်နဲ့ ဖတ်ပါလို့ နေနေ မေတ္တာ ရပ်ခံပါတယ်............


  1. စိုးရိမ်စိတ်ကို သိပ်မကြီးလွန်းရ။(စိုးရိမ်စိတ်ကြီးလွန်းပါက အမှားအမှန်ခွဲခြားဖို့ရန် ခက်ပါတယ် မှားတတ်တာများပါတယ်။)
  2. သတိထားကြည့်ပါ။ သင်လိုချင်တာ သင့်မှာရှိပြီးသားဖြစ်မှာပါ။(တစ်ခါတစ်လေကျ ကိုယ့်မှာရှိတာကို သတိမထားမိဘူး တောင့်တမိတတ်တယ်။)
  3. ကိုးကွယ်ရာ ဘာသာအပေါ် ယုံကြည့်မှု လျော့မသွားသင့်ပါ။(ကိုယ် ကိုးကွယ်တဲ့ ဘာသာတောင် ယုံကြည်မှုနည်းလာပြီဆိုရင်တော့ ကိုယ်ဟာ တစ်ဖက်ကို အစွန်းရောက်စပြုနေပြီဆိုတာ သတိပြုမိပါစေ။)
  4. ကိုယ်လုပ်မှာကိုပဲ ပြောပါ ။ (အပြောကြီးပြီး အလုပ်မလုပ်သူတွေ မဖြစ်အောင် နေပါ။)
  5. ကိုယ့်မိသားစု ကိုယ့်မိတ်ဆွေတွေ အပေါ် မာန်စောင် မတတ်မိပါစေနှင့်။ (မာန်တတ်လို့ ကောင်းကျိုးဖြစ်တာ မရှိသလောက်ပါပဲ။)
  6. ဒေသခံအသင်းကို အားရပါးရ အားပေးပါ။ (အများနဲ့ ယှဉ်လာပြီဆိုရင် နီးစပ်ရာ ရင်းနှီးရာကို အားပေးပါ ကိုယ့်ရဲအားပေးမှုဟာ ကိုယ့်အတွက် ဘာမှမပင်ပန်း ပေမယ့် သူ့အတွက် အရေးပါတဲ့ နေရာမှာရှိနေနိုင်ပါတယ်။)
  7. အောင်မြင်မှုကို သက်မဲ့ပစ္စည်းတွေနဲ့ မတိုင်းတာသင့်ပါ။
  8. ဆက်ဆံရေးတိုင်းဟာ သီးခြားစီ ဖြစ်နေတတ်တယ်။(သူငယ်ချင်းမိတ်ဆွေတွေကို ပေါင်းသင်းဆက်ဆံတဲ့ နေရာမှာ တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံမှုပုံစံ မတူညီနိုင်ပါဘူး။)
  9. "တကယ်လို့သာ" ဆိုတဲ့အတွေးမျိုးမတွေးမိအောင်သတိပြုပါ။ (တကယ်လို့ ငါသာ ဒါကိုမလုပ်လိုက်ရင် ကောင်းမှာဘဲ ဆိုတဲ့အတွေးမျိုးကိုမတွေးပဲ သင်ခန်းစာယူတတ်ပါစေ။)
  10. စေတနာ့ ဝန်ထမ်း လုပ်အားပေးပါ။ (မိမိ တတ်နိုင်တဲ့ဘက်က လုပ်အားပေးလို့ ရတဲ့ပီတိဟာ ဝယ်လိုမရပါဘူး။)
  11. မဖြစ်နိုင်တာတွေ တွေးထားရင် ဝေဒနာပဲ ရလိမ့်မယ်။ (မဖြစ်နိုင်တာကို တွေးတာထက်စာရင် ဖြစ်နိုင်တာကိုတွေးပြီး ဖြစ်အောင်လုပ်ပါ။)
  12. လေ့ကျင့်ခန်း လုပ်ပါ။ (ပွဲမဝင်ခင် အပြင်က ကျင်းပ ဆိုတဲ့အတိုင်း စကားပြောတဲ့နေရာမှာတောင်  ပြောသင့်မပြောသင့် စဉ်းစားပြီးမှ ပြောတဲ့စကားနဲ့ ချက်ခြင်းပါးစပ်ထဲရှိတာပြောတာနဲ့ မတူနိုင်ပါဘူး။)
  13. အသေးအဖွဲ့ပေမယ့် လေးနက်တဲ့အဓိပါယ် ရှိနေတတ်တယ်။
  14. ဘာဖြစ်ခဲ့သလဲ ဆိုတာထက် ဖြစ်ခဲ့တာအပေါ် သင်ဘယ်လိုထင်သလဲ ဆိုတာ ပိုအရေးကြီးပါတယ်။
  15. ချစ်ခင်မြတ်နိုးသော သူများနှင့် စိတ်ဝင်စားမှုချင်း တူညီပါစေ။
  16. ရယ်မောတတ်ပါစေ။ (ခက်တည်တည်နေပြီး မျက်နှာဆူပုပ်နေတဲ့လူကို  ချစ်ခင်တဲ့လူနည်းပါတယ်။)
  17. ဘဝတစ်ခုလုံးကို အရာတစ်ခုတည်းအပေါ် မူတည်မထားပါနဲ့။ (အခြေအနေပေါ် မူတည်၍ လိုက်လျောညီထွေ ပြောင်းတတ်ပါစေ။)
  18. မျှဝေ ခံစားတတ်ပါစေ။ (တစ်ဖက်သားခံစားနေတာကို ပိုကိုပိုတယ်လို့မတွေးပါနဲ့ သူ့နေရာမှာ ငါဆိုရင်ဘယ်လိုနေမလဲ ကိုယ်တိုင် ခတ္တခန ဝင်ခံစားတတ်ပါစေ။)
  19. အလုပ်များနေတာ ငြီးငွေ့တာထက် ပိုကောင်းတယ်။
  20. စိတ်ကျေနပ်မှုကို နှိုင်းယှဉ်ကြည့်တတ်ဖို့ လိုပါတယ်။ (ဒါကတော့ ရှင်းပါတယ် ပြောပြဖို့ မလိုလောက်တော့ပါဘူး ဟီးဟီး လက်လဲညောင်းလာလို့။ ခုနေနေ တင်ပြလိုက်တာ စာအုပ်ထဲက အတိုင်းပါပဲ နောက်က ကွင်းခတ်ထားတာက နေနေ ဖတ်တုန်းက မှတ်မိသလောက်ကို နားလည်သလို ဘာသာပြန်ထားတာပါ မှားတာရှိရင် တောင်းပန်ပါတယ်။ အဓိပါယ် မှားနေတယ်ဆိုရင်လဲ ဝေဖန်နိုင်ပါတယ်  ကျေနပ်စွာ လက်ခံမှာပါ ပြီးပြည့်စုံပြီး အမြဲတမ်းမှန်နေတဲ့လူ မရှိပါဘူး မှားနိုင်တာပါပဲ ..........ဒါကြောင့်                                                                                          သူငယ်ချင်း တို့ရဲဝေဖန်မှုကို စောင့်မျှော်လျှက်... ..                                                                                                                           ကိုနေ

1 comment:

  1. 1.ဟုတ်စိုးရိမ်စိတ်ကြီးမိပါတယ်
    2.သတိမထားမိတာမဟုတ်ပါဘူး။ လိုချင်တာကရှိကိုမရှိတာ။ရလဲမရနိုင်တော့ဘူးလေ။
    3.ဟုတ်ကဲ့ပါ
    4.မှတ်ထားပါ့မယ်
    5.ဟုတ်ကဲ့ မလုပ်မိအောင်နေပါ့မယ်
    6.ဟုတ်ကဲ့
    7.ဟုတ်တာပေါ့
    8.အမှန်ပါပဲ
    9.တကယ်လို့သာ ကိုတွေးမိနေပါတယ်။ ဆင်ခြင်ရမှာပေါ့
    10.ဟုတ်ကဲ့ လုပ်ပ့တယ်
    11.မှန်လိုက်တာနော် ။တွေးနေတာမှားတယ်ပေါ့နော်
    12.ဟုတ်ကဲ့
    13.ဟုတ်ပါတယ် အမှန်ပါပဲ
    14.ဟုတ်ကဲ့
    15.မတူ တူအောင်လုပ်ပါတယ်
    16.အဲ့လိုကတော့ဖြစ်ပါတယ်
    17.)ဒါလေးမှတ်သားသင့်တာပေါ့
    18.မျှဝေခံစားပေးပါတယ်
    19.ဟုတ်ကဲ့
    20ဟုတ်ကဲ့ မှတ်သားထားပါ့မယ်
    ကျေးဇူးပါသူငယ်ချင်း

    ReplyDelete