Sunday, August 28, 2011

လူတစ်ယောက်အတွက်ရှိသင့်သော Dr.CC(ဒေါက်တာစီစီ)

ဒီနေ့ နေနေ စာရေးချင်စိတ်ပေါက်လာတာနဲ့ နေနေရဲ့ အစ်ကိုတစ်ယောက်လိုချစ်ရတဲ့ ဆရာပြောသောစကားလေးတစ်ခွန်းကို သူငယ်ချင်းများအတွက် မျှဝေပေးလိုက်ပါတယ်နော် "Dr.CC" (ဒေါက်တာစီစီ)

* ဒီခေါင်းစဉ်လေး ကစာလုံးလေးလုံးတည်းပေမယ့် အဓိပါယ် တော်တော် သက်ရောက်ပါတယ်။ နေနေက စာတိုပေစလေးတွေကို မှတ်တတ်တယ်လေ။ အဲဒီထဲက ဒီစာတိုလေးရွေးရတာက နေနေကသူငယ်ချင်းတွေကို သိစေချင်တဲ့ ဆန္ဒနဲ့ပါ။ မသိသေးတဲ့ လူတွေအတွက်ပါ သိပြီးသားလူတွေဆိုရင် ဆောရီးပါ။ နေနေရဲ့ ဆရာကပြောတယ် လူတစ်ယောက်မှာတဲ့ ဒီအချက်လေးချက်ထဲက လေးချက်လုံးမညီတောင်မှ နှစ်ချက်လောက်ပဲ ညီအောင်နေအုံးတဲ့ လူဘဝမှာ ကောင်းကောင်းရပ်တည် ရှင်သန်နိုင်ပါတယ်တဲ့။ ကိုယ့်ကိုကိုယ်လဲ ထိန်းနိုင်ပြီး ဘဝမှာလဲ အဓိပါယ်ရှိရှိ နေနိုင်သွား နိုင်မယ်လို့နေနေရဲ့ အစ်ကိုကြီးတစ်ယောက်လိုချစ်ရတဲ့ ဆရာက ပြောပြဘူးပါတယ်။ အဲဒါကြောင့်နေနေ ဆရာ အစ်ကိုကြီးကိုလေးစားသော အားဖြင့် ဒီစာလေးကို သူငယ်ချင်းများအတွက် မျှဝေလိုက်ပါတယ်......





Dr.CC (ဒေါက်တာစီစီ)

1. D-Self Discipline.
2. r-Self Respect.
3. C-Self Control.
4. C-Self Confidence.



1. Self Discipline(ကိုယ်ပိုင် စည်းကမ်း)

လူ့ဘောင်လောကမှာ လူ့အဖွဲ့အစည်းက သတ်မှတ်ထားတဲ့ စံဆိုတာရှိသလို စည်းကမ်းဆိုတာလဲ ရှိပါတယ်။ ဒါကလဲ လူအချင်းအချင်းအတွက် သတ်မှတ်ထားတဲ့ စည်းကမ်းပါ။ အဲဒါတွေ လိုက်နာဖို့အတွက် လူတစ်ဦးချင်းစီမှာ အခြေခံဖြစ်တဲ့ ကိုယ်ပိုင်စည်းကမ်းဆိုတာ ရှိဖို့လိုပါတယ်။ အဲဒါက ဘာလဲဆိုတော့ ဥပမာအားဖြင့် ကျောင်းသားဆိုလဲ ကျောင်းအသားအလျှောက် အလုပ်သမားဆိုလဲ အလုပ်သမား အလျှောက် ဘာမှမလုပ်တဲ့လူလဲ တစ်နေ့တာ စဖို့အတွက် ကိုယ်ပိုင်စည်းကမ်းလေးတွေ ရှိသင့်ပါတယ်။ ၈ နာရီ ကျောင်းတတ်ရမယ် ဆိုရင် ၈ နာရီမှ ထလို့တော့ ဘယ်ရမလဲဗျာ မဟုတ်ဘူးလား? ၈ နာရီ အလုပ်သွားရမယ်ဆိုလဲ ထိုနည်းတူပဲပေါ့။ ဒါကြောင့် ၈နာရီ မှီဖို့ အတွက် ကိုယ်ပိုင်သတ်မှတ်ထားတဲ့ စည်းကမ်းလေးရှိရင် အဆင်ပြေတာပေါ့ဗျာ။ ကိုယ်ဘယ်ချိန်ထရင် မှီနိုင်မလဲ စဉ်းစားရတော့မှာပေါ့ ပြီးတော့ ကန်တော့ပါရဲ့ အပ်ယာထလို့ အိမ်သာတတ်တဲ့အကျင့်ရှိလား ရှိရင် အဲအတွက်ပါ အချိန်ကိုပိုပြီး ချန်ရပြီလေ။အဲလိုအသေးလေးတွေက အစ ကိုယ်ပိုင် စည်းကမ်းလေးတွေထုတ်ထားမယ်ဆိုရင် ကို့ရဲ့ တစ်နေ့တာလုပ်ငန်း စတင်မှုမှာ နောက်ကျတာတို့ စောတာတို့မရှိတော့ဘူးပေါ့ အားလုံးဟာ right time ဖြစ်သွားပြီလေ။ ဒါကြောင့် အလုပ်မှာလဲ အထက်လူကြီးနဲ့ အဆင်ပြေပြီပေါ့ impression မကျတော့ဘူးပေါ့ ။ နောက်ပြီ အိပ်ချိန်စားချိန်ပါ သတ်မှတ်ထားတဲ့အတွက် ကျန်မာရေးနဲ့ညီညွတ်ပြီး ဗိုက်နဲ့ပက်သက်တဲ့ ရောဂါလဲ ရှောင်နိုင်သလိုဖြစ်သွားပြီလေ။ ဒီလို ကိုယ်ပိုင်စည်းကမ်းလေးထားပြီး ဝင်ငွေထွက်ငွေ ချင့်ချိန်သုံးနိုင်မယ်ဆိုရင် ထမင်းတော့မငတ်တော့ဘူးပေါ့နော..အကြွေးမရှိ စိတ်ချမ်းသာရပြီလေ ဒါက ပထမအချက်ပါ............





2.Self Respect (ကိုယ့်ကိုကိုယ် လေးစားမှု)

ဒါကတော့ရှင်းပါတယ် မိမိကိုယ်ကိုမှ မိမိ မလေးစားရင် ဘယ်သူက လေးစားမှာလဲနော။ မိမိအလုပ်ကို လေးစားရမယ် ။ အဓိက ကတော့ မိမိကိုယ်ကိုကိုယ် လေးစားပြီး ရိုကျိုးစွာနေမယ်ဆိုရင် တစ်ဖက်လူကလဲ သူ့အလိုလို လေးစားလာပါလိမ့်မယ်။ မာနကြီးဖို့ပြောတာ မဟုတ်ပါဘူး။ ဒါကရှင်းတော့ ဒီ့ထက်အကျယ်ဖွင့်ပြီး ရှင်းစရာမလိုဘူးလို့ထင်ပါတယ် ..ဟီးဟီး လက်ညောင်းလာလို့ :(





3.Self Control.(ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်မှု)

မိမိကိုယ်ကိုကိုယ် မိမိ ထိန်းချုပ်နိုင်မှု ဆိုတဲ့နေရာမှာ စိတ်ကအဓိက ကျမယ်လို့ထင်ပါတယ်။ ဘာဖြစ်လို့ပြောရတာလဲ ဆိုတော့ စိတ်ကပဲ လိုချင်တတ်မက်မှုကို နှိုးဆွတာလေ ပြီးတော့ အမြင်ကဒုတိယ ဒါတွေကို ထိန်းချုပ်ဖို့အတွက် မိမိမှာ ထိန်းချုပ်နိုင်မှု စွမ်းရည်ရှိမှဖြစ်မယ်။ လူ့ဘဝမှာ ပြီးပြည့်စုံတဲ့ စိတ်ကျေနပ်မှု မရှိနိုင်ကြောင်း သိဖို့လိုအပ်ပါတယ်။ ဒါကိုသိရင် မိမိကိုယ်ကို မိမိ ထိန်းချုပ်နိုင်သွားပါပြီနော် တဏှာအပါအဝင်ပေါ့ ဟီးဟီး..:P.........





4.Self Confidence.(ကိုယ့်ကိုကိုယ် ယုံကြည်မှု)

မိမိကိုယ်ကို မိမိ ယုံကြည်ရမယ်ဆိုတာ တကယ်လိုအပ်တဲ့ တစ်ခုပါပဲ ဘဝမှာ.. ဘာဖြစ်လို့လဲဆိုတော့ မိမိကိုယ်ကို မိမိ ယုံကြည်မှု အပြည့်ရှိမှ ဘဝဆိုတဲ့တိုက်ပွဲကို အောင်မြင်စွာတိုက်ထုတ်နိုင်မှာပေါ့။ အဲဒီအတွက်လက်နက်တွေဖြစ်တဲ့ ဇွဲ၊လုံ့လ၊ဝရိယ ရှိဖို့တော့လိုအပ်တယ်။ ဒါတွေအားလုံးပေါင်းစပ်ပြီး တိုက်ထုတ်မယ်ဆိုရင် အောင်မြင်နိုင်မှာပါ။ယုံကြည်မှုဆိုတဲ့နေရာမှာ အစွန်းမရောက်ဖို့တော့ အထူလိုအပ်ပါတယ်။ဘာကြောင့် ပြောရတာလဲဆိုရင် ငါကမှ အမှန် ငါလောက်မသိဘူးအားလုံးကဆိုတဲ့ အတွေးတွေ ဝင်သွားတတ်ပါတယ်။ဒါကလဲ ယုံကြည်မှုလွန်ကဲသွားတာဖြစ်ပါတယ်။ ဒါကြောင့်နေနေရဲ့ ချောကလပ်မြို့တော်မှ သူငယ်ချင်းအားလုံး မိမိကိုယ်ကိုယ် ယုံကြည်မှုမလွန်ကဲပဲ အချက်လေးချက်လုံးနဲ့ ကိုက်ညီ မညီ ပြန်စမ်းစစ်ပြီး ပြည့်စုံအောင်ပြင်နိုင်ကြသော သူများဖြစ်ပါစေလို့ နေနေ ဆုတောင်းပေးပါတယ်....................



အားလုံးကိုခင်မင်လျှက်။။။။။။။။။။။။

                                                                                                                                      ကိုနေ

3 comments:

  1. အားပေးသွားတယ်ဂါဂါရေ...
    အောင်မြင်ပါစေဗျာ။။။

    ReplyDelete
  2. ဂါလေးရေ လာေ၇ာက်အားပေးသွားပါတယ်နော် ခွန်အားဖြစ်စေတဲ့  စာများများကို စောင့် မျော်လျက်ပါနော် ပြန်လည် မျှဝေခွင့် လည်း ပြုပါဗျ

    ReplyDelete
  3. မှတ်သားသွားပါတယ်နော်။ ဗဟုသုတလည်းဖြစ်သွားတာပေါ့။ သေချာမှတ်ထားပါ့မယ်Dr.CC(M3A)

    ReplyDelete