Saturday, September 17, 2011

ဘဝတိုးတတ်ရေး လမ်းညွှန် အပိုင်း (၅)

ဒီနေ့ ကျနော်လဲ စာမေးပွဲ ပြီး အလုပ်နားတာနဲ့ သူငယ်ချင်းတွေကို တင်ပေးနေတဲ့ 
ဘဝတိုးတတ်ရေးလမ်းညွန်အပိုင်း(၅) ဆက်လက် ဖော်ပြလိုက်ပါတယ်။ ဒီအချက်(20) နဲ့ဆိုရင် အချက် (100)ပြည့်သွားပါပြီ ဖတ်ရှုတဲ့ သူငယ်ချင်းတွေလဲ တစ်ချက်လောက် လိုက်နာ ကျင့်သုံးတယ်ဆိုရင်ပဲ တစ်ထောင့် တစ်နေရာမှာ အကျိုး သက်ရောက်မှု ရှိလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ အရင်အချက်တွေ မဖတ်လိုက်ရလို့ ဖတ်ချင်တဲ့ သူငယ်ချင်းတွေ အတွက် ကျနော့်ရဲ့ အိမ်မှာ သွားရောက်ဖတ်ရှုလို့ ရပါတယ်။။။။။  
နောက်ဆုံး အချက် (20) ကိုအောက်မှာ ဖတ်ရှုနိုင်ပါတယ်...........

  1.  မနိုင်လောက်တဲ့ တိုက်ပွဲတွေ ကြားမှာ နစ်မျောမနေပါနဲ့။ (လက်လျှော့ဖို့  ပြောခြင်း မဟုတ်ပါ ။)
  2. သတိထား၍ မှန်မှန် ကန်ကန် လုပ်တတ်ပါစေ။ (ဘာလုပ်လုပ် သတိဟူသည် ပိုသည်မရှိ။)
  3. နေ့စဉ် လုပ်နေကျ အလုပ်တွေမှာ မွေ့ပျော်ပါ။
  4. ကမ္ဘာပေါ်က ကြေကွဲစရာ အဖြစ်အပျက်တွေကို အာရုံစိုက်မနေပါနဲ့၊ အနာဂတ်အတွက် မျှော်လင့်ချက်နဲ့ ရှင်သန်ပါ။
  5. ဝါသနာတစ်ခု မွေးမြူပါ။
  6. အခြားသူတွေ ချစ်ခင်ရင်းနှီးမှုကို မရှုဆိတ်ဖြစ်နေရင် အကျိုးမရှိဘူး။ (အစားဝင်ပြီး အပျော်တွေမျှဝေခံစားလိုက်ပါ)
  7. အပြောင်းအလဲမှာ အသားကျဖို့ အချိန်ယူပါ။ (အပြောင်းအလဲ တစ်ခုဖြစ်ရင် ချက်ခြင်း လက်ခံနိုင်ဖို့ မလွယ်ကူပါဘူး)
  8. သင့်အတွက် အရေးပါမယ့်အရာ ပေါ်မှာသာ အာရုံစိုက်ပါ။(အဓိကနဲ့ သာမည ခွဲခြားနားလည်တတ်ပါစေ)
  9. ပြီးပြည့်စုံတဲ့ စိတ်ကျေနပ်မှုဆိုတာ မရှိနိုင်ကြောင်း သိဖို့ လိုပါတယ်။
  10. သင့်ဝန်းကျင်တွင် အနံ့အသက်များ ကောင်းမွန်ပါစေ။(အနံ့အသက်ဆိုတဲ့ နေရာ မှာ အမျိုးမျိုးရှိပါတယ်)
  11. သင့်ရည်မှန်းချက် ချမှတ်ရာမှာ အခြားသူတွေ ဝင်အပါမခံပါနဲ့။ (ရည်မှန်းချက်ချတယ်ဆိုတာ မဖြစ် ဖြစ်အောင်လုပ်မယ်ဆိုတဲ့ ခံယူချက်ပဲ အဲလိုကိုယ်လုပ်မယ့် ခံယူချက်ကို သူတစ်ပါး အကူအညီပါတယ်ဆိုရင် သူတစ်ပါး ဖြစ်ချင်တဲ့ ရည်မှန်းချက်ပဲ ဖြစ်သွားပါလိမ့်မယ်။)
  12. သင်ဟာ ပုံစံခွက်ထဲက မဟုတ်၊ လူတစ်ယောက်ဖြစ်တယ်။ (လွတ်လပ်စွာ တွေးခေါ် စိတ်ကူယဉ်ခွင့်ရှိတယ်)
  13. ကိုယ့်ကို ဘာက ပျော်ရွှင်စေတယ်၊ ဘာက ဝမ်းနည်းစေတယ် ဆိုတာ သိပါစေ။
  14. အဆက်မပြတ် စာဖတ်ပါ။ (တစ်နေ့ကို စာ တစ်ပုဒ်လောက်ဖြစ်ဖြစ် ဖတ်ဖြစ်ပါစေ)
  15. ကိုယ်ဟာ အသုံးဝင်တဲ့ သူလို့ ခံယူပါ။ (သိမ်ငယ်စိတ်ကိုဖယ်ပြီး ယုံကြည်မှု ရှိပါစေ)
  16. အဲဒီတော့ ဘာဖြစ်သလဲလို့ ပြောကြည့်ပါ။
  17. ရည်ရွယ်ချက်တစ်ခု ရှိပါစေ။
  18. သင့်ဘဝရဲ့ အကောင်းဆုံး အချိန်ဟာ မကုန်ဆုံးသေးပါဘူး။
  19. ပျော်ရွင်မှုကို ငွေနဲ့ ဝယ်လို့မရပါဘူး။(ပိုက်ဆံပေးပြီး ပျော်လို့ရရင်တော် ကြာရှည်မခံပါဘူး မေ့သွားတတ်ပါတယ်)
  20. ဘာတွေက အဓိပ္ပါယ် ရှိသလဲ၊သင်ဆုံးဖြတ်ပါ။(ကိုယ့်အတွက် ဘယ်ဟာတွေက အဓိပ္ပါယ်ရှိနေပြီး ဘယ်ဟာတွေက တန်ဖိုးမဲ့နေသလဲ ဆိုတာ သတိထားမိတတ်ပါစေ)။ အချက်နှစ်ဆယ်တော့ ပြည့်သွားပြီ ဒီအထဲကမှ သူငယ်ချင်း တစ်ချက်လောက် စိတ်ထဲ ရောက်သွားတယ်ဆိုရင်ပဲ ကျနော် အချိန်ပေးရေး ရကျိုးနပ်ပါပြီ အားလုံးပျော်ရွင်နိုင်ပါစေ........ မှားတာရှိရင်လဲ ဝေဖန်ပေးပါလို့ မေတ္တာရပ်ခံပါတယ်။။                    
                                      သူငယ်ချင်းအားလုံးကို လေးစားလျှက်               
                                                                                နေနေ

No comments:

Post a Comment