မင်္ဂလာပါ သူငယ်ချင်းများ မတွေ့တာကြာလို့မေ့နေမှာဆိုးလို့ နှုတ်ဆက်လိုက်တာ နေနေလဲမအားတာနဲ့ ဒီဘက်ကိုမလှည့်ဖြစ်ဘူး ဖြစ်နေတယ် စောင့်ပြီးအားပေးနေတဲ့ သူငယ်ချင်းတွေကိုလဲ အားနာပါတယ် အလုပ်ကလဲ ခုရက်ပိုင်းမှ ပွဲကြပ်ကာလဖြစ်နေ လို့လေ ဒီနေ့ရုံးပိတ်ရက်လေးမှာ သူငယ်ချင်းတွေအတွက် နောက်ထပ် အချက်(20) ထပ်တင်ပေးလိုက်ပါတယ် ခုအချက် (20)နဲ့ဆို အချက်ပေါင်း (80) ဖြစ်သွားပါပြီ။ ရှေ့ကအချက်တွေမဖတ်လိုက်ရလို့ဖတ်ချင်တယ်ဆိုရင် ဒီစာမျက်နှာရဲ့ အောက်ဆုံး ဘယ်ဘက်မှာ (previous post)ဆိုတဲ့နေရာမှာ သွားဖတ်လို့ရပါတယ်။ မသိသေးသူ တွေအတွက်ပါ သိပြီးသားလူတွေအတွက်တော့ မဆိုလိုပါဘူး။ ခုအချက် နှစ်ဆယ်ကို အောက်မှာ ဖော်ပြလိုက်ပါတယ်နော် သူငယ်ချင်းများ......... စကာရှည်နေရင်ဖတ်ရတဲ့လူ ပျင်းနေမှာဆိုးလို့ လိုရင်းတိုရှင်းပဲ ကောင်းပါတယ်။။.
- အကောင်းမြင်တတ်ပါစေ။ (ဒီစကားလေးက လွယ်သလောက် လိုက်လုပ်ရ တော်တော်ခက်ပါတယ် လုပ်နိုင်ရင်တော့ အရမ်းကောင်းပါတယ် ။)
- အဆုံးသတ်ကတော့ ရှိတယ်၊ ဒါပေမယ့် သင်ပြင်ဆင်ထားရလိမ့်မယ်။ (အဆုံးသတ်လှဖို့၊ ကောင်းဖို့အတွက် ကြိုပြင်ဆင်ထားသင့်ပါတယ်။)
- လောကကြီးဘယ်လိုရှိနေသလဲ ဆိုတာထက် လောကကို ကိုယ်ဘယ်လိုမြင်လဲ ဆိုတာပိုအရေးကြီးပါတယ်။
- စာရွက်နဲ့ဖောင်တိန် အသင့်ထားရှိပါ။(အထက်လူကြီးခေါ်စကားပြောလို့ပဲဖြစ်ဖြစ် စာဖတ်တာပဲဖြစ်ဖြစ် ဒီနှစ်ခု အသင့်ရှိနေမယ်ဆိုရင် အထက်လူကြီးကသဘော ကျသလို စာဖတ်တဲ့နေရာမှာလဲ လွယ်လင့်တကူ မှတ်သားနိုင်ပါတယ်။)
- အကူအညီ အနည်းငယ်လိုနေတဲ့ သူတွေကို ကူညီပေးလိုက်ပါ။(အကူအညီပေး တဲ့နေရာမှာ အမျိုးမျိုးရှိတဲ့အထဲမှ အားပေးကူညီမှုဟာ ကိုယ့်အတွက် မခက်ခဲပေမယ့် တဖတ်လူအတွက် အခြေအနေ ပြောင်းသွားနိုင်ပါတယ်။ )
- မိသားစုနဲ့ မိတ်ဆွေတွေကို ပြင်းပြင်းထန်ထန် မဝေဖန်ဖြစ်အောင် သတိထားပါ။
- တချို့ သူတွေက ပုံကြီးကြီးကိုသဘောကျတယ်၊ တချို့သူတွေကတော့ အနုစိတ်ကို သဘောကျတယ်။(ဒီလိုပဲ လူစိတ်က လဲမတူညီနိုင်ပါဘူး)
- သင်အားသာတဲ့ အရာတွေကို အကောင်အထည်ဖော်ပါ။(ကိုစိတ်ဆန္ဒပျင်းပြ နေတဲ့ ကိစ္စတစ်ခုကို အကောင့်ထည်ဖော်ကြည့်လိုက်ပါ ကိုယ့်မှာ အရည်အချင်းတွေရှိနေတယ်ဆိုတာ သတိထားမိလာပါလိမ့်မယ်။)
- အိမ်နီးချင်းထံ သွားလည်ပါ။(ကိုတစ်ယောက်တည်းနေမဲ့အစား အိမ်နီးချင်ထံ သွားလည်ပါ တစ်ခါတစ်လေမှာ ကိုယ်ပြည့်စုံပြီလိုထင်နေတဲ့ဟာတွေမှာ အိမ်နီးချင်းဆီရောက်မှ ငါလိုနေပါသေးလား၊ ဒါကို ငါမသိလိုက်ပါလားအဖြေ ပေါ်လာတတ်ပါတယ်။)
- ပြုံးပါ။(မျက်နှာဆူပုတ်နေတဲ့လူကို ချစ်တဲ့လူ မရှိသလောက်ပါပဲ မျက်နှာလေးပြုံးနေရင် သူ့အလိုလို ကိုလူချစ်လူခင်ပေါပါတယ် စိတ်ထဲမှာအမြင် ကပ်တောင်ပြုံးပြလိုက်ပါ။ နေနေ တစ်ခုဖတ်ဖူးပါတယ် မပြုံးတတ်ရင်ဈေးမရောင်း ပါနဲ့တဲ့။ )
- ကမ္ဘာ့အကြောင်း ရုပ်မြင်သံကြားမှာ ပြတာတွေကိုသုံးသပ်ပါ။(ကိုယ်တိုင် ဖြစ်နိုင်မဖြစ်နိုင် စမ်းစစ်ပြီးမှ လက်ခံပါ။)
- သင့်မှာ ရွေးချယ်စရာတစ်ခု အမြဲရှိနေတယ်ဆိုတာသိထားပါ။
- လက်ခံနိုင်တတ်ပါစေ။(အမှန်တရားကို လက်ခံလွယ်ပါစေ ကိုမှန်တယ်လို့ တသမတ်တည်း မမှတ်ထားပါနှင့်။)
- သင့်ဘဝရဲ့ အစိတ်အပိုင်းတစ်ရပ်ကို လျစ်လျူရှု မပစ်လိုက်ပါနဲ့။
- ဂီတကို နားဆင်ပါ။(ဂီတဟာ လူတွေရဲ့ အထီးကျန်ဆန်မှုအတွက် စိတ်ထွက် ပေါက်တစ်ခု ဖြစ်ပါတယ်။)
- သင့်ရည်မှန်းချက်များက သင့်ကို လမ်းညွှန်နိုင်ပါစေ။
- သင့်အလုပ်ကို အကျိုးရှိရှိ အသုံးချနိုင်ပါစေ။
- တရားကို နတ်စောင့်တယ်လို့ ယုံကြည့်ပါ။(ကြိုးစားမှုတိုင်းမှာ တန်ပြန်သက် ရောက်မှုရှိနေပါတယ်။)
- ရယ်မောပျော်ရွင်ရန် မမေ့ပါနဲ့။(ပျော်ရွင်စရာရှိတဲ့အချိန်မှာ ချုပ်တည်းမထားပါနဲ့ အမှတ်တရ ဖြစ်အောင် ပျော်ပြစ်လိုက်ပါ။)
- တသသ ပြန်အောက်မေ့ကြည့်ပါ။(ပျော်ရွင်စရာလေးတွေကို စိတ်ညစ်တဲ့ အခါမှာ တစ်သသ ပြန်အောင့်မေ့ကြည့်ပါ ။)...............အချက်နှစ်ဆယ်တော့ ပြည့်သွားပါပြီ သူငယ်ချင်း အပေါ်မှာဖတ်ခဲ့သမျှကို ပြန်သုံးသပ်ကြည့်ုလိုက်ပါ မှန်တယ်မှားတယ် ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူးဆိုတာ ဝေဖန်ပိုင်းခြားကြည့်ပါ။ သူငယ်ချင်းတွေရဲ့ စိတ်ထဲမှာ တစ်ချက်မှ စိတ်မဝင်စားတောင် အားပေးဖတ်ရှုသွားတဲ့အတွက် နေနေအချိန်ပေးရကျိုးနပ်ပါတယ်။။။။။။။။။။ နေနေ သူငယ်ချင်းများ မှန်ကန်စွာ ဝေဖန်ပိုင်းခြား ကျင့်ကြံနိုင်ကြပါစေ....... . သူငယ်ချင်းများကို လေးစားလျှက် .. ကိုနေ
No comments:
Post a Comment