Monday, November 5, 2012

+++မိန်းကလေးတစ်ယောက်ရဲ့ မျက်နှာကိုမြင်(သို့)အသံကိုကြား ယုံနဲ့ သူ့ရဲ့စိတ်ကို ခန့်မှန်းကြည့်ကြရအောင်နော်+++


 သူငယ်ချင်း အားလုံးမင်္ဂလာပါဗျာ...စာမရေးတာ နှစ်ပတ်နီးပါရှိပြီမို့..ဒီနေ့ သူငယ်ချင်းတွေအတွက် ဘာရေးရင် ကောင်းမလဲဆိုပြီး ညက စဉ်းစားလိုက်တာ.. ဟီးဟီး ရွှေဥာဏ်တော်စူးရှပြီး note book လေးကို ပြန်လှန်ကြည့်လိုက်တာ ကုန်ကြမ်းရသွားတယ်... ကျွန်တော် ဖတ်ဘူးတဲ့ စာအုပ်တွေထဲက ဆရာကြီးမင်းသိင်္ခ ရေးတဲ့ ဝတ္တုတစ်အုပ်ထဲမှာ အမှုလိုက်ရင်း မိန်းကလေးတစ်ယောက်ကို မြင်တာနဲ့ သူ့အနေအထားကို ခန့်မှန်းလိုက်တာလေးကို သဘောကျလို့...ရေးမှတ်ထားတာ... ကြာတော့ ကြာပါပြီး... မဖတ်ဖူးသေးလို့ မသိသေးတဲ့သူငယ်ချင်းတွေနဲ့ ဖတ်ပြီး သတိမထားမိတဲ့ သူငယ်ချင်းတွေအတွက် ကျွန်တော်ရေးမှတ်ထားတာလေးကို မျှဝေပေးလိုက်ရပါကြောင်း.....:D အောက်မှာ ဖတ်ကြည့်ရအောင်နော်~~~~~~~~~~
မိန်းကလေးတစ်ယောက်ရဲ့ မျက်ခုံးမွှေးဖျားလေးတွေ အပေါ်ကို ညွှတ်ပြီး ကော့နေတယ် ဆိုရင် အဲ့မိန်းကလေးဟာ မာနကြီးတယ်တဲ့။
အဲ့လိုမဟုတ်ပဲ မျက်တောင်လေးဟာ စင်းနေတယ်ဆိုရင် ရာဂ ကြီးတယ်လို့ ဆရာကြီးက ရေးထားပါတယ်။
နောက်ပြီး သူရဲ့ မျက်လုံးထဲက အနက်ရောင်အဝိုင်း (မျက်နက်ဝန်း)လေး ဟာ သေးနေတယ်ဆိုရင် အဲ့မိန်းကလေးဟာ သဝန်ကြောင်တဲ့သူ၊ယုံလွယ်တဲ့ သူတစ်ယောက်ပါတဲ့။
လည်တိုင် သုံးရစ်ပါတဲ့ မိန်းကလေးဆိုရင် သူဟာ ဥစ္စာကို မပင်ပန်းပဲ ရထားတဲ့သူတဲ့ ထီပေါက်သလို ကံထူးသူဆိုပါတော့။
မေးစေ့ဝိုင်းစက်နေတဲ့သူကျတော့ ရိုးသားကြိုးစားတယ်၊ဥစ္စာကို နိုင်နင်းအောင် ထိန်းသိမ်းနိုင်စွမ်းရှိတယ်တဲ့ဗျာ။
ပြီးတော့ ရှိသေးတယ်ဗျ မိန်းကလေးတစ်ယောက်ရဲ့ အောက်နှုတ်ခမ်းလေး ကဖောင်းအိပြီး အလယ်မှာအချိုင့်လေးပေါ်နေတယ်ဆိုရင် သူမဟာ ပေးကမ်းစွန့်ကြဲတတ်သူ၊ ကိုယ်ချင်းစာတရားရှိသူ တစ်ယောက်ပါတဲ့။
နောက်တစ်ခုကျတော့ သူမရဲ့ အသံလေးဟာ ငှက်ကလေးလို အသံစူးရှနေတယ်ဆို ရင် သူမဟာ လင်ကောင်းသားကောင်းရထားတဲ့သူ၊ငွေကြေးကြွယ်ဝတဲ့သူ၊ သြဇာရှိတဲ့သူ၊အသက်ရှည်မယ့်သူတဲ့။
နောက်ဆုံးတစ်ခုကတော့ မိန်းကလေးတစ်ယောက်ရဲ့ နားရွက်အောက်သားလေး ဟာ မေးသွယ်သားနဲ့ ကပ်မနေပဲ လွတ်လွတ်လပ်လပ်ရှိနေတယ်ဆိုရင် သူမဟာ အမွေများစွာရထားတဲ့သူပါတဲ့ဗျာ။
ကျွန်တော် မှတ်သားဘူးတာလေးကို ဗဟုသုတအဖြစ် ပြန်လည်မျှဝေခြင်းမျှသာ... ဟုတ်သည်၊မဟုတ် သည်ကိုတော့ ကိုယ်ပိုင်ဆင်ခြင်ဥာဏ်ဖြင့် စဉ်းစားချင်ချိန်ကြပါလို့.....
                                              စာဖတ်သူ/စာချစ်သူများကို လေးစားလျှက်
                                                         ***မင်းနေ***

2 comments:

  1. ကိုယ့်ကိုကိုယ်မလုံသလိုတောင်ဖြစ်သွားပီ။ ကျေးဇူးပါသူငယ်ချင်းရေ (M3A)

    ReplyDelete
  2. တိုက်ဆိုင်သွားပြီလား... :D

    ReplyDelete