Sunday, August 28, 2011

ဘဝတိုးတတ်ရေးလမ်းညွှန်.....အပိုင်း (၃)

ဒီနေ့ရုံးပိတ်တာနဲ့ပဲ နေနေ သူငယ်ချင်းများအတွက် ဘဝတိုးတတ်ရေး လမ်းညွှန်..အပိုင်း (၃) ကိုထပ်တင်ပေးလိုက်ပါတယ်။ အခု အချက် (20) နဲ့ ဆို အားလုံးပေါင်း (60) ရှိသွားပါပြီ။ မဖတ်လိုက်ရတဲ့ သူငယ်ချင်းများ အတွက် အောက်ဆုံးက previous ကနေသွားလို့ရပါတယ်။ ကျန်တဲ့အပိုင်းတွေကိုလဲ ဆက်လက်ဖော်ပြ ပေးသွားပါမယ်။ ခုတင်လိုက်တဲ့ အချက်နှစ်ဆယ်ကိုလဲ အရင် အတိုင်းပဲ လေးနက်စွာနဲ့ အချက်တစ်ချက်ခြင်းစီကို ဖတ်ပြီး ဆင်ခြင် ပြင်ဆင် နိုင်ကြပါစေလို့ နေနေ ဆုတောင်းပေးပါတယ်။ ခုဖော်ပြမယ့် အချက်နှစ်ဆယ်ကတော့ အောက်မှပါ...................




  1. ကိုယ့်ကို စိတ်အနှောင့်အယှက် ပေးတဲ့သူတွေ၊ အရာတွေ အကြောင်း သိပ် မစဉ်းစားဖြစ်အောင် ကြိုးစားပါ။
  2. ကွန်ပျူတာ သုံးတတ်အောင် လေ့လာသင်ယူပါ။(ကွန်ပျူတာ ဖြင့် အလုပ်လုပ် လျှင် အလုပ်ကို ပိုမြန်စေသလို လေ့လာစရာတွေလဲ များစွာရှိပါတယ်။)
  3. မိသားစုနဲ့ အဆက်အသွယ်မပြတ် နေပါ။ (ကိုယ် ဘယ်နေရာရောက်ရောက် ကိုယ်က လက်ရှိနေရာမှာ ပျော်ပြီး မေ့နေပေမယ့် မိသားစုက တော့ကိုယ့်ကို စိတ်ပူ သတိရနေတယ်ဆိုတာ မမေ့ပါစေနှင့်။)
  4. နေ့စဉ် သစ်သီးစားပေးပါ။ (သစ်သီး သစ်ဥ တွေက ကျန်းမာရေးနဲ့ ညီညွတ် သလို လူကိုလဲ လန်းဆန်းစေပါတယ်။)
  5. ရှိတာလေး နဲ့ပျော်အောင်နေပါ။(လက်ရှိ ရှိတာလေးနဲ့ ပျော်အောင်နေပြီး တိုးတတ်ဖို့ အတွက် လမ်းစရှာပါ။)
  6. တိကျခိုင်လုံစွာ တွေးတတ်ပါစေ။
  7. လူမှုရေးအရ အားပေးကူညီပါ။(လူတစ်ယောက်ကို ကူညီတာ အမျိုးမျိုးရှိပါတယ်။ အားပေးကူညီတာကတော့ ကိုယ့်အတွက်တတ်နိုင်လွယ်ကူတဲ့  ကူညီနည်းလေးပါ။ ကိုယ့်ရဲ့ အားပေးစကားဟာ ကိုယ့်အတွက် မပင်ပန်းပေမယ့် အဲ့စကားတစ်ခွန်း ဟာ လူတစ်ယောက်ကို ပြောင်းလဲ သွားစေနိုင်ပါတယ်။)
  8. မိမိကိုယ်ကို မိမိ အပြစ်မတင်ပါနဲ့။ (အပြစ်ကင်းတဲ့ လူလို့လဲ မသတ်မှတ်ပါနဲ့။)
  9. စေ့စပ်ညှိနှိုင်းရေး သမား လုပ်ကြည့်ပါ။(နားလည်မှုလွဲနေတဲ့ နှစ်ခုကို စေ့စပ် ညှိနှိုင်းလို့ အဆင်ပြေသွားတယ်ဆိုရင် ကိုယ့်အတွက် ပီတိဖြစ်ရပါတယ်။ သူငယ်ချင်း မယုံရင် စမ်းကြည့်ပါ။)
  10. အိမ်မွေး တိရ စ္ဆာန်များကို ချစ်တတ်ပါစေ။ (တိရ စ္ဆာန်လေးတွေကို ချစ်တတ်တဲ့ လူဟာ စိတ်သဘောထား နူးညံ့တဲ့ လူဖြစ်တယ်လို့ လေ့လာတီထွင်သူတွေ ကောက်ချက်ချထားတာကို ဖတ်မှတ်ဘူးပါတယ်။)
  11. ကိုယ့်အလုပ်ကို ကိုယ် ဂုဏ်ယူပါ။ (မိမိအလုပ်က မိမိကို ထမင်းကျွေးတဲ့အလုပ် ဖြစ်တယ်ဆိုတာကို တန်ဖိုးထား ဂုဏ်ယူတတ်ပါစေ။)
  12. ရည်ရွယ်ချက်ကို သိက္ခာနဲ့ မလဲပါနဲ့။ (ဒီအချက်လေးက လေးနက်ပါတယ်)
  13. ကိုယ်ချစ်တဲ့ သူတွေရဲ့ လုပ်ဆောင်မှုက ကိုယ့်စိတ်ကို အနှောင့်အယှက် ဖြစ်လာပြီးဆိုရင် ဟန်ဆောင်မနေပါနဲ့။(ပွင့်ပွင့် လင်းလင်း ပြောဆို ညှိနှိုင်းပါ ပွင့်လင်းမှု မရှိပါက အမုန်းဆုံး ရန်သူတွေ ဖြစ်သွားနိုင်ပါတယ်။)
  14. အိပ်ရေး ဝဝ အိပ်ပါ။ (အိပ်ရေး ဝမှ အလုပ်ကို လန်းဆန်းတတ်ကြွစွာ ဆက်လုပ် နိုင်မှာပါ။)
  15.  နှစ်သက်တာကို ဝယ်လိုက်ပါ။
  16. နေ့စဉ် တစ်ခုခု ပြီးမြောက်ပါစေ။ (ညအိပ်ယာဝင်လို့ ဒီနေ့ ငါဘာများလုပ်ခဲ့လဲ ပြီးမြောက်ခဲ့လဲ ဆိုတာကို ပြန် သုံးသပ်တတ်ပါစေ။)
  17. ပြောင်းလွယ် ပြင်လွယ် ရှိပါစေ။(ပုံစံ တစ်ခုတည်းမထားပါနဲ့ လိုက်လျောညီစွာ ပြောင်းလွယ် ပြင်လွယ် တတ်ပါစေ။)
  18. ဖြစ်တာ ပျက်တာတွေဟာ ယာယီဆိုတာ သိလွယ်ပါစေ။ (ဘယ်ဟာမှ မတည်မြဲပါဘူး။ ဖြစ်ပြီးရင် ပျက်မှာပါပဲ။)
  19. မိမိကိုယ်ကို နှစ်သက်မြတ်နိုး တန်ဖိုးထားတတ်ပါစေ။
  20. ဝါသနာတူရာ အစုအဖွဲ့မှာ ပါဝင်ပါ။ (ဝါသနာကို အစုအဖွဲ့ နဲ့လုပ်တဲ့လူဟာ အောင်မြင်မှုကို ပိုရစေနိုင်သလို မိတ်ကောင်းဆွေကောင်းတွေနဲ့လဲ ကြုံတွေ့ နိုင်ပါတယ်။) ................ဒီနေ့ နေနေတင်သွားတဲ့ အချက်လေးတွေကို ဖတ်ပြီး သူငယ်ချင်းများအတွက် တစ်ထောင့်တစ်နေရာမှာ ကျန်သွားတယ်ဆိုရင်ပဲ နေနေလို မတောက်တစ်ခေါက် သိတဲ့လူအဖို့ အရမ်းကို ကျေနပ်ပီတိဖြစ်ရပါတယ် လိုအပ်တာရှိရင်လဲ အောက်မှာ ဝေဖန်ခဲ့ နိုင်ပါတယ်။ သူငယ်ချင်းများရဲ့ အားပေးဝေဖန်မှုကို   စောင့်မျှော်လျှက်...............................                    ..                                                                                                                                                                 ကိုနေ

1 comment:

  1. 1.ဟုတ်ကဲ့ပါ
    2.သင်ပါတယ်
    3.နေပါတယ်
    4.အစားလားရပါတယ်
    5.နေပါတယ်
    6.ဟုတ်တွေးပါတယ်
    7.ကူညီပါတယါ
    8.အပြစ်တင်မိနေပါတယ်
    9.အကျွမ်းကျင်ဆုံးအလုပ်ပါပဲ
    10.သိပ်ချစ်တတ်တာပေါ့
    11.ဟုတ်ကဲ့ပါ
    12.ဟုတ်ကဲ့ပါမလဲပါဘူး
    13.အော် ဟုတ်ကဲ့
    14.အိပ်ပါတယ်
    15.ပိုက်ပိုက်ရှိမှဖြစ်မှာပေါ့
    16.အမြဲသုံးသပ်ပါတယ် လုပ်ပါတယ်
    17.ဟုတ်ကဲ့ပါ
    18.ဒါပေါ့
    19.ဟုတ် မှတ်ထားပါ့မယ်
    20.ဟုတ် ပါဝင်ပါတယ်
    ကျေးဇူးပါသူငယ်ချင်း(M3A)

    ReplyDelete