Saturday, September 17, 2011

မရက်စက်ပါနဲ့...


နှလုံးခုန်မြန်တာ
ငါ့ရောဂါမှန်း မင်းသိရက်နဲ့
မင်းလုပ်ရက်တယ်.......
ငါသိပ်ချစ်တဲ့ မင်းက
မင်းသိပ်မုန်းတဲ့ ငါ့ကို
မကြည့်ချင်တော့ပါဘူး ဆိုင်ရင်တောင်
မင်းမမြင်အောင် ငါရှောင်ပေးနိုင်ပါတယ်.....
ဒါပေမယ့် င့ါနှလုံးသားကို
တစွေ့စွေ့ခုန်ပြီး
တဆတ်ဆတ်နာကျင်အောင်တော့
မလုပ်လိုက်ပါနဲ့ ကောင်မလေးရယ်~~~~

No comments:

Post a Comment