Tuesday, August 23, 2011

ငါ့အတိတ်သခင်မ

Angel Graphic #85

ငါ့ရဲ့အတိတ်သခင်မ | ချစ်တယ်

ငါ့အတိတ်သခင်မ
မျက်ရည်စက်လက်လေးနဲ့ ပင်လယ်ပြင်ကို ငေးမောရင်း
လေးညှင်းလေးတွေ ရဲ့ ဖေးမမှုကြောင့် အသက် ပြန်ဝင်ခဲ့၇တဲ့ ငါ့နှလုံးသား
ငွေမရှိတဲ့ မြေမျက်နှာကြောင့် ချနင်းခံခဲရတဲ့ ငါ့နှလုံးသား....
ရေမရှိတဲ့ နွေပင်လယ် မှာ မျော်လင့်ချက် ရောင်ခြည်လေးကို စောင့်ရင်း
ပျက်ဆီခဲ့ရတဲ့ ငါ့နှလုံးသား.........
အော် ငါ့နှလုံးသားလေးက သနားစရာလေးပါလား.....
ငယ်ဘ၀က အနေမလှခဲ့တဲ့ ငါ့ရင်ထဲက နှလုံးသား...
အချစ်ဆိုတာ စဖြစ်ခဲ့ချန်မှာ အထီးကျန်ပြီးထားသွားခဲ့တဲ့...အမုန်းသခင် မ...
အလွမ်းတွေ ဖြစ်တည်နေတဲ့ အချိန် မှာ မီးပူတိုက်ပေးတဲ့ မင်းအလှ...
ဝူး...............ငါ့ဘ၀က မျော်လင့်တာလည်း မဖြစ်..လိုချင်တာလည်း မရ..
ချစ်သူကလည်း စိမ်း ...မျက်ရည်တွေကို ပဲ လိမ်း ထားရတော့မှာပါလား..
ခုတော့ ဒါတွေဟာ အတိတ်တွေဖြစ်သွား ပြီ..
ငါမလွမ်းတော့ဘူး..
ငါမဆွေးတော့ဘူး..
ငါမငိုတော့ဘူး..
ငါ့အရုံးနဲ့ ငါကျေနပ်တော့မယ် ငါ့ရဲ့အတိတ်သခင်မလေးရေ...

aungphyo(thandwe)

2 comments:

  1. ကောင်းပါတယ် ကဗျာလေးက (M3A)

    ReplyDelete
  2. ကူးသွားပြီဗျာ

    ReplyDelete