Sunday, August 21, 2011

မစိမ်းတော့တဲ့ ခွဲခွာခြင်း...

ကျနော်က စာရေးဆရာတော့မဟုတ်ပါဘူး အမှားပါရင်လဲ တောင်းပန်ပါတယ်
(မလိမ်မိုးမလိမ္မာလေးလို့ သတ်မှတ်လိုက်ပါ ဟဲဟဲ..) ကျနော် နာမည်ကို အရင်မိတ်ဆက်ရမယ်ဆိုရင်တော့ နေထွဋ်ခေါင်ပါ (မေထွဋ်ခေါင်ရဲ့မောင်ပေါ့ဗျာ ဟီးဟီး..) ကိုယ့်အမျိုးထဲမှာ နာမည်ကြီးပြီး ထင်ပေါ်တဲ့လူမရှိတော့လည်း တူရာဆွဲတွေးရတာပေါ့ဗျာ ..ပြန်ဆက်ရရင် သူငယ်ချင်းတွေက တော့နေနေ လို့ခေါ်တယ်လေ...နေနေက ခုမှစာစရေးတာပါ ခုလို"မစိမ်းတော့တဲ့ခွဲခွာခြင်းခေါင်းစဉ်ပေးတာဟာ  လူတိုင်းနီးပါးလောက်ကြုံဘူးမှာပါ  ရက်တိုရက်ရှည်ပဲကွာမှာပေါ့နော။ မိဘနဲ့ခွဲရလို့ဖြစ်ဖြစ် သံယောဇဉ်ဖြစ်တဲ့လူတစ်ယောက်ယောက်နဲ့  ဖြစ်ဖြစ် ခွဲခွာရင် ဝမ်းနည်းရတာပဲမဟုတ်လား။။။ လူတိုင်းမိဘကိုချစ်ကျတာပဲလေ ချစ်မှာပေါ့ဒါသဘာဝပဲကိုးလို့ပြောမှာပေါ့ အဲလိုမဟုတ်ပါဘူး ကျနော့်အထင်ပြောရရင် မိဘရဲ့တန်ဖိုးကို အနေဝေးမှပိုသိရတာလို့ထင်တယ်ဗျ ဘာဖြစ်လို့လဲ ဆိုတော့ အတူနေတော့ မသိသာဘူး ဆိုးလိုက် မရတာရှိရင်ကောက်လိုက်ပေါ့ဗျာ (တစ်မျိုးမထင်နဲ့အုံး စိတ်ကောက်တာကိုပြောတာပါ..ဟီးဟီး) နေနေတို့ဘဝက ကံဆိုးသားဗျ  ငယ်ငယ်တည်းက မိဘနဲ့ 

 
ခွဲနေရတယ်လေ ဖေဖေရဲ့အစ်မ အကြီးဆုံး အိမ်မှာ နေနေ တို့မောင်နှမ နှစ်ယောက်ကပ်နေရတယ်လေ (ဆင်းရဲတွင်းနက် သကိုး ) အဲချိန်မှာ ဖေဖေ နဲ့မေမေက တစ်ရွာမပြောင်းသူကောင်းမဖြစ်ဆိုတဲ့ အတိုင်း
တခြားမြို့လေးတစ်မြို့ကိုပြောင်းသွားတယ်လေအထင်တော့မကြီးပါနဲ့လယ်သွားလုပ်တာပါ (တောင်ယာပေါ့) အဲဒါနဲ့ ဖေဖေနဲ့မေမေက ပိုက်ဆံတစ်ရာတန်အုပ်လေး တစ်အုပ်ပေးခဲ့တယ်လေ တစ်ရက်ကို မောင်နှမ နှစ်ယောက်တစ်ယာက် တစ်ကျပ်သုံးလို့ မှာခဲ့တယ် နေနေက သိတယ်မှတ်လား ယောက်ျားလေးဆိုတော့ လစ်ရင်ပိုသုံးချင်တယ်လေ အဲဒါနဲ့ အစ်မကို မမလို့ ငါတို့ တစ်ရက်လောက် တစ်ယောက်နှစ်ကျပ်သုံးကျမယ်လို့ အဖော်ညှိတာရဘူးဗျာ အတိအကျပဲ ရဘူးတဲ့ အဲဒါနဲ့ နေနေက ကျောင်းရောက်တာနဲ့ ဘာဝယ်စားတယ်မှတ်လဲ ကျနော်တို့သူငယ်တန်းတုန်းက ငါးမူးတန်မှီလိုက်တယ်လေ ဟီးဟီး ဒီတော့နေနေ စဉ်းစားရပြီလေ ဘာဝယ်စားရင်ကြာကြာခံမလဲလို့ ကျောင်းမုန့်ဈေးတန်းလေးမှာ လျှောက်ကြည့်တာပေါ့ အဲမှာ ကပ်စေးနှဲ သွားတွေ့လိုက်တယ် (သူက အမျှင်တွေအကြာကြီးရစ်နေတာလေ...) မဆိုးဘူးဒါဆို နေ့ဝက်တော့ခံတယ်ဆိုပြီး ငါးမူးတန်ဝယ်လိုက်တယ(် ပိုင်လိုက်တဲ့အကြံ) ပြီးတော့အိပ်လေးတစ်လုံး တောင်းလိုက်တယ် ဘာလုပ်တယ်မှတ်လဲ အတန်းမတတ်ခင် ငုံထားတယ် အတန်းတတ်တော့ ကြွပ်ကြွပ်အိပ်ထဲ ထည့်ထားလိုက်တယ် ဟီးဟီး အဆင်ကိုပြေလို့ အဲလိုနေလာရတာ။ အိမ်ပြန်လို့မိုးရွာရင် ရှေ့ ဆုံးကရောက်အောင်ပြန်တာ ဘာဖြစ်လို့လဲဆိုတော့ လမ်းပေါ်ခုန်တတ်တဲ့ ငါးတွေဖမ်းတာလေ အဲလိုမဟုတ်ရင် လယ်ကွင်းထဲက ဂဏာန်းတွေကို ချိုင့်ထဲကောက်ထည့်ပြီးပြန်ရတာ...မဟုတ်ရင် အိမ်ကအစ်မ ဝမ်းကွဲကဆိုးတာပါ့ မလွယ်ဘူး နေနေကလူပေါင်းတော့မညံ့ပါဘူး သူ့ကိုအပီပေါင်းထားတာ ကျောင်းသွားရင် ဟင်းကုန်အောင်မစားဘူး (အဲဒါကြောင့်ငယ်ငယ်တုန်းက ပိန်တယ်လေ နေနေက ခုတော့ ဝလာပါပြီ..လူပါး ) ပြန်ရောက်ရင် မမနေနေ ဟင်းကျန်သေးတယ် စားလိုက်နော်လို့ ဟီးဟီး သူကလဲ အဲဒါပဲမျှော်နေတာလေ နေနေ ချိုင့်မဆေးရတော့ပါဘူး .. တစ်ခုပြောပြရအုံးမယ် နေနေ ဟင်းတစ်ရက်မကျန်ဖြစ်သွားတယ် သူငယ်ချင်းစုံသွားလို့ အဲနေ့က မှတ်မှတ်ရရ မေမေပါ ရောက်နေတာ မေမေက သားချစ်လေ ဖေဖေက သမီးချစ်  အဲဒါနဲ့ အမေကိုကြွားချင်တာနဲ့ မေမေ နေနေ ပန်းကန်ဆေးတတ်တယ်လို့ ပြောလိုက်တယ် (အိမ်ကနှစ်ထပ်အိမ် နည်းနည်းယိုင်နေပြီ ) အဲဒါနဲ့ ကြမ်းပျဉ် (ရေအိုးစဉ်တွေထားတဲ့နေရာပေါ့ တောမှာ)ကိုသွားဆေးတာ ဟဲဟဲ လူတစ်ကိုယ်လုံး လေဟုန်စီးသွားသလို ခံစားလိုက်ရတယ် ဘယ်ဟုတ်မလဲ ကြမ်းပျဉ်က ရေတွေနဲ့ဆွေးပြီးကျိုးကျတာ  ဟားဟား (ဝုန်းးးးးးးးးးးးး)လို့ကြားတော့မှ နေနေ သတိပြန်ဝင်လာပြီး လန့်သွားတာလေ သတိလဲရရော ရှေ့တည့်တည့်ကို တန်းပြေးတာပြောမနေနဲ့ အဲအချိန်ကျမှ အိမ်ပေါ်ကလူတွေက သားလေး ပါသွားပြီဆိုပြီး အကုန်ဆင်းလာကြတာ အိုးတွေအကုန်ကွဲသွားတာ လူကိုလိုက်ရှာတာမတွေ့ဘူး ဟီးဟီး နေနေသတ္တိကောင်းတာဟုတ်ဘူး ကြောက်ပြီး အသံမထွက်တော့တာ နောက်ကျမှ နေနေကိုတွေ့ပြီး ဝိုင်းပြီးပြေးလာကျတာ.. အကုန်သက်ပြင်းချကြတယ်လေ ဒီကလေးနှယ် တော်သေးတယ်ဘာမှ မဖြစ်လို့:(။ အဲလိုမျိုးနေနေဘဝက..၁၀ တန်းထိကို ၁၂ နှစ်တတ်ခဲ့ရတယ် တစ်တန်းကျတယ်လေ စာတွေခက်တဲ့အတန်းပေါ့ ...သူငယ်တန်း ဟီးဟီး ဟုတ်တယ်လေ အဲဒီတော့မှ ဝလုံးစသင်ရတာဆိုတော့ ပိုခတ်တာပေါ့ တစ်ခါမှ မမြင်ဘူးတာကို။ အဲလိုမဟုတ်ပါဘူး နေနေ ကအရမ်းပျင်းတာ ကျောင်းသွားတယ် လိုက်အိပ်တာလေ စာသွားသင်တာမှမဟုတ်တာ ဟိုဘက်ရွှေ့အိပ်ဆို ရွှေ့အိပ်လိုက်တယ် ညနေ ကျောင်းဆင်းခေါင်းလောင်း ထိုးတော့ပြန်တယ်...မိဘနဲ့ဝေးတာကို ဘာမှမဆိုင်နော်..ဟဲဟဲ။။ ဒါကငယ်ငယ်ကခွဲရလို့ လွတ်ပြီထင်တာ ကြီးလာလည်းခွဲရတာပါပဲ ခုဆို နေနေအိမ်ကနေခွဲပြီးထွက်လာတာ ၂၀၀၅ ကတည်းကပါ တစ်နှစ်မှ တစ်ခေါက်လောက်ပဲအိမ်ကို ပြန်ရတာလေ အိမ်ကပြန်တိုင်း မေမေရဲ့ မျက်ရည်တွေ ဖေဖေရဲ့ကြိတ်ပြီးခံစားနေတာတွေကို နေနေ ဘယ်ကြည့်ရက်ပါမလဲ ဘယ်ခွဲချင်ပါမလဲ အော်ဘဝဆိုတဲ့ လောကဓံကိုနေနေ ခံနိုင်သလောက်ရှိပါပြီ။ နေနေ ဖေဖေနဲ့မေမေကို သိပ်   ချစ်ပါတယ် ဒါပေမယ့် အကောင်းမြင်ဝါဒီလေးသုံးပြီး ဖြေသိမ့်ရတာပေါ့ "ပျော်ရာမှာမနေ တော်ရာမှာနေရတာပေါ့လို့" ဖြေသိမ့်ခဲ့ရပေါင်းလဲမနည်းတော့ပါဘူး မျက်ရည်တွေလဲပြည့်လို့ပေါ့....ခုတော့လဲ နေနေ  နေသားကျနေပါပြီ တစ်ဖက်က အလုပ်လုပ် တစ်ဖက်ကလဲ ကျောင်းလေးဆက်တတ်ရင်း ပိုလျှံတဲ့ပိုက်ဆံလေး မိဘကိုပို့နိုင်တော့ ပီတိဖြစ်မိပါတယ် မချမ်းသာတောင်စားနိုင်သောက်နိုင်ပေါ့။ "သားအတွက်မပူပါနဲ့ဖေဖေနဲ့မေမေ"  ။ နေနေ မြန်မာနိုင်ငံက သင်တန်းတစ်ခုမှာ ဆရာတစ်ယောက်ပြောတဲ့ စကားလေးတစ်ခွန်း ခုထိမှတ်မိပြီး ကျင့်သုံးနေပါတယ် အဲဒါကဘာလဲဆိုတော့ " ဒီနေ့ဖြစ်တဲ့ အဖြစ်အပျက် တိုင်းဟာ ကိုယ့်အတွက် ကောင်းချင်လို့ဖြစ်လာတာပါတဲ့"အဲဒီလိုပဲ နေနေ သူငယ်ချင်းတွေလဲ ဒီနေ့ဖြစ်ခဲ့တာတွေက နောင်လာဖို့အတွက်ကောင်းချင်လို့ဖြစ်လာတာပါလို့ နေနေ ဆုတောင်းပေးပါတယ် .......သူငယ်ချင်းများကို ခင်မင်လေးစားလျှက်

                                                                                                   ကိုနေ

1 comment:

  1. ဟုတ် မှတ်သားလိုက်ပီ နေနေ။

    ReplyDelete