Saturday, September 17, 2011

သူလေးသိပါစေ.....

             သူလေးသိပါစေ...

ဘယ်တွေပျောက်ပြီး ဘာတွေလုပ်နေလဲ
ကောင်မလေးရေ.....
မင်းကို တစ်ရက်မတွေ့ရရင် မနေနိုင်တာ
မင်းသိရဲ့သားနဲ့.......
စကားမပြောရရင်နေပါစေ
မင်းအကောင့်လေး online ဖြစ်နေရင်တောင်
ပျော်ရွှင်နေသူပါ........
ခုလိုဘာကြောင့် ဥပေက္ခာတွေ ပြုနေရတာလဲ?
အဲ့လိုလုပ်မှ မင်းပျော်နေမယ်ဆိုရင်
ငါအလွမ်းတွေ တစ်ပွေ့တစ်ပိုက်နဲ့
မင်းပျော်ဖို့ အတွက်
ငါကျေနပ်စွာ ခံယူပါ့မယ်........
မင်းနဲ့အတူ သက်သေတည်
ညတိုင်းစကားပြောခဲ့တဲ့ လမင်းကြီး
မကွယ်ခင်တော့ င့ါဆီ အမြန်ပြန်လာပါနော်.......
လူတိုင်းကို မေတ္တာထားနိုင်ပေမယ့်
ုမင်းလောက်မချစ်နိုင်ဘူးဆိုတာ
တကယ်မသိတာလား.........
ပန်းလေး တစ်ပွင့်လို
ပေါင်းသင် ရေလောင်း
တစ်စိမ့်စိမ့် ကြည့်ပြီး ပျော်ရွှင်နေတဲ့
ဥယျာဉ်မှူးလေး ဖြစ်ချင်ပေမယ့်....
သူ့လို ဘေးလူခူး ပန်သွားတာကို
ငါပြုံးပြုံးလေး နဲ့ ပေးလိုက်ရအောင်တော့
မခံစားနိုင်လို့ပါ..........
ဒါကြောင့် လှလို့ လာကြည့်တဲ့လူတွေကို
သဝန်တိုမိတဲ့ ငါ့ကို ခွင့်လွတ်ပါလို့
ကောင်းကင်က သူငယ်ချင်းတွေ
သက်သေထားပြီး ငါတောင်းပါတယ်
အမြန်ပြန်လာပါတော့နော်.........
                                       သူငယ်ချင်း အားလုံးကိုလေးစားလျှက်
                                                                                                ကိုနေ

No comments:

Post a Comment