Saturday, September 17, 2011

ချစ်တဲ့သူသိစေချင်(အွန်လိုင်းအချစ်)

ချစ်တဲ့သူသိစေချင်
ရင်နှင့်မမျှချစ်ခဲ့ရ ပြောပြသော်လည်း
ရှောင်ကာလွဲလို့ မသိချင်ယောင်
ဆောင်နေရော့လား ချစ်တဲ့သူ....

စကားအစ ပြန်ကာကောက်ခါ
ထပ်မံတစ်ခါ ပြောပြန်ရလည်း
သူ့အလိမ္မာ သူ့စကားနဲ့
ရှောက်ကာပတ်ပြေး ချစ်တဲ့သူ....

ချစ်ရသူ ကျွန်တော် ချစ်သောသူကို
သိပ်ချစ်ရကြောင်း ပြောခဲ့သော်လည်း
သူကပြောပြန် လှပ ဟန်နှင့်
သူငယ်ချင်းအဖြစ် နေအုံးမည်တဲ့
သူပြောစကား ရင်မှာထားပြီး
မှတ်ထားရပြီ ချစ်တဲ့သူ....

ဒီလိုနဲ့ပဲ နေသွားပြန်ပေါ့
ကာလတစ်ခု ကြာသောခါဝယ်~~~~

ချစ်ခဲ့တဲ့ ကျွန်တော် ဖြစ်ပေါ်လာပြန်
ရင်မှမြိုသိပ် အကြိတ်တို့က
ကျောက်ခဲပမာ မာခဲလာတော့
ဖွင့်ဟဝန်ခံ ချစ်ပြန်ပြီဟု
မတားဆီးနိုင် ပြောလိုက်ပြန်၏ ချစ်တဲ့သူ...

မိမိပြောစကား ယုံကြည်အားကြောင့်
ချစ်သူ့ရင်မှာ ထင်ဟပ်သည့်ထင်
ပြန်လည်ပြောကြား သူ၏အဖြေမှာ
တိုးတယ်ထင်မိ ကြားသိခြင်းကြောင့်
ချစ်ရသူကျွန်တော် သေရပျော်ပြီ
ပျော်ကာမဆုံး အပျော်ဆုံးဟု
မှတ်ကာယူမိ အပြစ်ရှိစွာ
နောက်နေ့မှာကား တစ်မျိုးတစ်ဖုံ 
ပြောင်းရက်လေပြီ ချစ်တဲ့သူ....

အပြစ်မှာမူ ကြီးတယ်ထင်မိ
ဘဝနှစ်ခု အားပြိုင်မှုကြား
ရောက်ရှိလာကာ တစ်ဦးကိုတစ်ဦး
ကြည်နူးခြင်းအား ဖျေက်ဖျက်ရပြီ
တစ်ခနခြင်း ပြောင်းလဲ ခြင်းကြောင့်
နုနယ် နှလုံးသား အကျည်းတန်ရပြီ ချစ်တဲ့သူ...

စွန်းထင်း နှလုံးသား
စွန်းစေလေတော့ ထပ်ခါတိုး၍
ဆက်ချစ်သွားမည် ချစ်တဲ့သူ~~~~~~

                              သူငယ်ချင်း အားလုံးကို လေးစားလျှက်
                                                                                         ကိုနေ

No comments:

Post a Comment