Thursday, March 29, 2012

ကောင်လေးတစ်ယောက်ရဲ့ အမုန်း စိန်ခေါ်သံ

အမုန်း စိန်ခေါ်သံ

မင်းကြောင့်ဖြစ်ပေါ်ခဲ့တဲ့ ငါ့ရဲ့ခံစားချက်ကို
င့ါရင်ဘက် စာရွက်ပေါ်မှာ
ဓါးသွားနဲ့ မျဉ်းတား
အချစ်မှင်ရည်ကို ဆားနဲ့ရောစပ်ပြီး
မင်းအတွက် ငါ့ရဲ့ အမုန်းစိန်ခေါ်သံကို
စပ်ဖျဉ်းဖျဉ်းလေး ချရေးလိုက်တယ်....

င့ါအချစ်ကို လိမ်ယူ
ယုံကြည်မှုကို တန်ဖိုးမထား
အပြောချိုနဲ့ ငါးစာ လုပ်
မကြုံဘူးသေးတဲ့ ဒီလူ
မင်းရဲ့ ငါးမျှားချိတ်မှာ
အဆိပ်သင့်ခဲ့တာတောင်
ကျေနပ်စွာ ခံယူခဲ့တယ်....

ခုတော့
လွမ်းရဲလို့ လမ်းခွဲသေးတာပဲ
ငိုနေတဲ့ ငါ့နှလုံးသားကို
ဒိုင်နမို တပ်
ရတဲ့ လျှပ်စစ် ဘုရားမှာ
ခေါင်းလောင်းထိုး လှူပြစ်လိုက်မယ်....

ဒါပေမယ့် ငါ့ရဲ့ ဂရုဏာ ဗရပွတွေက
အရမ်းချစ်တဲ့ လူတစ်ယောက်
ဆုံးရှုံးသွားသော မင်းအတွက်
မဆီမဆိုင် သနားဂရုဏာ ဖြစ်မိပါတယ်....

င့ါအတွက်ကတော့
မုန်းလို့ ထားသွားတဲ့ လူတစ်ယောက်ကို
ဆုံးရှုံးလိုက်ရတာက လွဲလို့
ကျန်တာ ပါးပါးလေးပါ......

သို့သော်လည်း
မင်းအတွက် ကျခဲ့တဲ့
င့ါမျက်ရည်ကို
နှမျှောမိပါတယ် မိန်းကလေးရယ်.....
           
ချစ်သူနှစ်ဦးပျော်ရွှင်သော ဘဝလေးကို ဖြတ်သန်းနိုင်ပါစေလို့
ခံစားချက်ကို သိုဝှက်သိမ်းထားရင် အပြုံးလေးနဲ့ ဆုတောင်း
ပေးလိုက်ပါတယ်...........
င့ါအတွက်ရလိုက်တာကတော့ ဒီသီချင်းလေးပါပဲ.(ထာဝရသင်ခန်းစာ)
ကိုနေ

2 comments:

  1. အကို ညီ ကြိုက်နှစ်သက်လို့  ညီ့ ရဲ့  ဖေ့ဘုတ် ပရိုဖိုင်မှာ တင်ထားခွင့်ပြုပေးပါနော်....အစစအရာရာ အဆင်ပြေချောမွေ့ ပါစေလို့  ညီ ဆုတောင်းပေးလိုက်ပါတယ်.... အကို

    ReplyDelete