Thursday, July 26, 2012

+++ကဝေပျိုထက်ဆိုးတဲ့ ကညှာပျို+++

ပြုစားရာမှာ သူတစ်ပါးထက်သာပြီး
စကားအရာ ပျားသကာလိုချိုတဲ့
ဟောဒီက ချောကညှာပျိုရယ်.....
ရှေ့နောက်မညီတဲ့ စကားတွေနဲ့
အရူးတစ်ယောက်လို
မူးနောက်အောင် ထပ်မလုပ်ပါနဲ့တော့....
ငါဟာ ကစားစရာ အရုပ်မဟုတ်
တခြားနဲ့ ရှုပ်ပြီး
နင်ခေါက်ထားချင် သပါ့ဆို
လျှောက် သွားလိုက်ပါတော့.....
ငါ နင့်ရဲ့အငိုက်မိ
အရှိုက်ထိအောင် နာကျင်လည်း
အချစ်ကို Practice ဖြစ်ဖို့အတွက်
နင့်လို ထပ်မမိုက်မိအောင်တော့
ငါ့ကိုငါ သင်ခန်းစာယူရမယ်လေ.....
မချစ်တတ်တာ မဟုတ်ဘူး
အချစ်ငတ် ယုံစားခဲ့မိလို့
အကွဲကွဲအကြေကြေ
သေမလောက် ခံစားနေရချိန်မှာ
အဖော် တခြားနဲ့ ပျော်ပါးလို့
နင်ကတော့ တစ်ဟားဟားနဲ့ပေါ့.....
မာယာတွေနဲ့ အခါခါသေအောင်
အတွင်းကြေ ဒဏ်ရာမှာ
အကင်းသေ အနာကျက်ပြီမို့
အပျင်းပြေ လာမဆွပါနဲ့တော့နော်.....
ရှေ့ဆက်မဲ့ ခရီးမှာ
မီးလောက်ပူပြီး ထီးပျောက်နေပါစေ
စည်းဖောက်သူတော့ အဖြစ်မခံနိုင်သူမို့
အမိုးမရှိလည်း ဆုံးထိအောင်
တစ်ယောက်တည်း ဆက်လျှောက်ရမှာပေါ့
ကညှာပျိုရယ်~~~~~~
                                                  သူငယ်ချင်းများကို လေးစားခင်မင်လျှက်
                                                                    ***ကိုနေ***

No comments:

Post a Comment