Thursday, July 26, 2012

အချစ် ဟူသည် ဤသို့တည်း.....

အချစ်ဆိုတာ ချစ်နေဖို့ပဲ လိုတာပါ...။ရယူပိုင်ဆိုင်လိုခြင်းကင်းစွာနဲ့ ချစ်ရင် အချစ်ဆိုတာ ပျော်ရွှင်ကြည်နူးစရာလေးပါ...။ အဲ့ ဒါပေမယ့် ရယူပိုင်ဆိုင်လိုစိတ်တွေ ရှိလာပြီဆိုရင်တော့ မရောင့်ရဲ၊မတင်းတိမ် နိုင်ခြင်းတွေက ကပ်ပါလာတဲ့အတွက် စိတ်ညစ်စရာတွေ ဖြစ်လာတော့မှာ မလွဲမသွေပါပဲ...။ တစ်ခါတစ်လေမှာ အချစ်က ဘာနဲ့သွားတူလဲဆိုတော့ ချောက်ကမ်းပါးဘေးမှာ ပြေးလိုက်နေရတဲ့လူနဲ့တူတယ်...။ လိုက်တဲ့လူရှိတဲ့အတွက် ပြေးတဲ့လူကလဲ ဆက်ပြေးနေမှာပါပဲ...။ တစ်ချိန်ချိန်မှာ ပြေးလိုက်ရတဲ့လူအဖို့ခလုတ်တိုက်ပြီး ချော်လဲနိုင်ပါတယ်...။ လဲပြီ ဆိုတာနဲ့ အပြစ်ကြီးဖြစ်ပြီး ချောက်ထဲကို ပြုတ်ကျပါလိမ့်မယ်...။ ဒီတော့ ပြေးမလိုက်ပဲ ရပ်စောင့်ကြည့်ပါ...။မရပါက နောက်ကြောင်းပြန်ပြီးလမ်းလျှောက်ကြည့်ပါ...။ သေချာပါတယ် တစ်ယောက်တည်းတော့ လိုက်သူမရှိပဲ ဆက်ပြေးနေမယ်မထင်ဘူး...။ အချိန်အတိုင်းအတာ တစ်ခုမှာ ပြန်လှည့်လာပါလိမ့်မယ်...။လူထဲက လူဖြစ်တဲ့အတွက် အလှမာန၊ပညာမာန၊ဥစ္စာမာန၊ဂုဏ်မာန တွေ ရှိနေတာ မစမ်းပါဘူး...။ အဲ့ဒါကြောင့် ကျနော်ကတော့ အချစ်ဆိုတာ ချစ်နေဖို့ပဲ လိုတယ်လို့ မြင်မိတယ်...။ သူငယ်ချင်းတို့ အမြင်လေးကိုလဲ ဝေဖန်ပေးပါအုံး~~~~
   ***ခုလိုရေးလို့ ကျမ်းကျေသူလို့ မထင်လိုက်ပါနဲ့
         ရမ်းတုတ်နေသူ တစ်ယောက်ပါပဲ :)***
   ***နှောင်ကြိုးမဲ့ အချစ်ရှိသူတွေ
         အရောင်ဆိုးတဲ့ အချစ်တွေနဲ့
         ကင်းဝေးပါစေ ဗျာ....***

   သက်ဆိုင်သူများအတွက် အားဆေး တစ်ခွက်ဖြစ်ပါစေ....
                           သူငယ်ချင်းများကို ခင်မင်လျှက်
                                                                           ***ကိုနေ***

No comments:

Post a Comment