Thursday, March 29, 2012

မျှော်လင့်မိသူ တစ်ယောက်....

မျှော်လင့်မိသူ တစ်ယောက်
မောင်ရယ်....
ဖူးတို့ နှစ်ယောက်
ခပ်ရေးရေးလေးနဲ့
တဖြည်းဖြည်း ချစ်လာပြီးမှ
ခပ်ဝေးဝေး ထွက်သွားတော့မှာလား...?????
စည်းချက်ညီတဲ့ ရင်ခုန်သံနဲ့
ချစ်ခြင်း ရထားခုတ်မောင်းလာတာ
၅လ တောင်ကျော်ခဲ့ပြီလေ....
မောင်နဲ့တွေ့မှ ဖြစ်ပေါ်လာတဲ့
အချစ် ပျော်ရွှင်ခြင်း ပန်းခင်းကို
ကမ္ဘာကျော် ပန်းချီဆရာ ဒါဗင်ဂျီတောင်
ပီပြင်အောင် မချယ်မှုန်းနိုင်ဘူးလို့
ထင်ခဲ့တာ.......
ခုတော့ ဖူးတို့ရဲ့
ချစ်သက် နှစ်ဝက်ဟာ
ဖူးအတွက်
ထားခဲ့ ခံရမှာတဲ့လား...?????
ဘယ်တတ်နိုင်ပါ့မလဲ
ဖူးမှာ ချစ်မိ အပြစ်ရှိစွာ
မောင်ထားရာနေ စေရာသွားရတော့မှာပေါ့....
ဖူးကတော့ ချစ်ခြင်းရဲ့
အကောင်းဆုံး သက်သေ
အချိန်နဲ့ပဲ မောင့်ကို
ခပ်လှမ်းလှမ်းကနေ
ခပ်နွမ်းနွမ်းလေးပဲ ပြန်လာမဲ့ချိန်ကို
မျှော်လင့်နေပါ့မယ်.......မောင်
ကန့်သတ် ဘောင်ခတ်ထားတဲ့
ဖူးရဲ့ နှလုံးသားနယ်မြေဟာ
မောင့်အတွက် နယ်ကြားစည်းဆိုတာ
မရှိပါဘူး.....
ဘာကြောင့်လဲ ဆိုတော့
ဒီနယ်မြေရဲ့ နားခိုခွင့်ရှိသူဟာ
မောင် တစ်ယောက်တည်းအတွက် မို့ပါ~~~~~~
စာကြွင်း=သူငယ်ချင်း ဖူး အကူအညီတောင်း သဖြင့် ဝင်ရောက်ခံစား သီကုံးလိုက်ရပါသည်။။။။။ သူငယ်ချင်းများကို ခင်မင်လျှက်
                                                ကိုနေ

No comments:

Post a Comment