Monday, October 15, 2012

%%%တိုယားမား ကမ်းခြေက အပြာရောင်ည%%%

ဂျပန်နိုင်ငံ တိုယားမား ကမ်းခြေမှာတော့ နှစ်စဉ်နှစ်တိုင်း မတ်လကနေ ဇွန်လပိုင်းလောက်ဆိုရင် ညပိုင်းဆိုရင် ပင်လယ်ကမ်းခြေတစ်လျှောက်မှာ အပြာရောင်တောက်နေတဲ့ အလင်းရောင်လေးတွေကို မြင်တွေ့ရမှာပါ။  ဒီလို ပြာလဲ့လဲ့အလင်းရောင်လေးတွေဟာ Firefly squid လို့ခေါ်တဲ့ ကင်းမွန် (ပြည်ကြီးငါး)တစ်မျိုးကနေ ထွက်လာတဲ့ အလင်းရောင်လေးတွေဖြစ်ပါသတဲ့။ ၃လက်မလောက်သာ ရှည်တဲ့  ဒီလိုငါးတွေဟာ ပုံမှန်အားဖြင့် ပင်လယ်အောက် ပေ ၁၂၀၀ အနက်လောက်မှာ ရှင်သန်နေကြတဲ့ ငါးတွေဖြစ်ပါတယ်။  ဒါပေမယ့် တိုယားမား ပင်လယ်အော်က V ပုံသဏ္ဏန်ပင်လယ်ကြမ်းပြင် ကျောက်ဆောင်တွေကြောင့် ပင်လယ်ရေစီးလှိုင်းတွေဟာ ထိုငါးတွေကို ကမ်းခြေဆီကို တွန်းထုတ်လိုက်သလိုဖြစ်ပြီးတော့ ဒီငါးတွေရဲ့ ဇီဝ သဘာဝ အရ photophores လို့ခေါ်တဲ့ ပြာလဲ့လဲ့ အရောင်လေးတွေကို ထုတ်ပေးပါတယ်။  ဒီလိုနဲ့ ကမ်းရိုးတမ်းတစ်လျှောက်မှာ ညဆိုရင် အပြာရောင်လွှမ်းနေတယ်လို့ ဆိုပါတယ်။  ဒီလိုအချိန်မှာဆိုရင် တန်ပေါင်းများစွာသော အဆိုပါ ကင်းမွန်တွေကို လွယ်လင့်တစ်ကူပဲ ငါးဖမ်းသင်္ဘောတွေဟာ ဖမ်းယူနိုင်ကြပါတယ်။  ဒီလိုမြင်ကွင်းလေးကို ကြည့်ချင်တယ်ဆိုရင်တော့ နာမီရိကာဝါ ငါးဖမ်းဆိပ်ကမ်းမှာ မနက် ၃နာရီလောက်ဆိုရင် ကမ်းခြေတစ်လျှောက် အပြာရောင်သန်းနေတဲ့ မြင်ကွင်းလေးကိ ကြည့်ရှု့နိုင်ဖို့ အပျော်စီး သင်္ဘောတွေလည်း စီစဉ်ပေးထားပါသတဲ့။



မူရင်း။   ။ဒီနေရာမှ
စာပေချစ်သူများကို လေးစားခင်မင်လျှက်
        ***မင်းနေ*** 

1 comment:

  1. လှလိုက်တာ ရောက်ဖူးချင်သွားပီ ကျေးဇူးပါသူငယ်ချင်း(M3A)

    ReplyDelete