Monday, October 15, 2012

+++သေလောက်အောင်ချစ်တယ် ဒါပေမယ့်+++ (ဝတ္တုတို ဇာက်သိမ်းပိုင်း)


 ဇာက်သိမ်းပိုင်းလေးပါ
"ခရေ ကံကြမ္မာကို မယုံရဲဘူး"
"နက်ဖြန်ဆိုတဲ့အနာဂတ်ထိမျှော်ပြီး တွေးစိတ်ညစ်မနေပါနဲ့ ခရေရယ် လက်ရှိအချိန်ပဲ အပျော်ဆုံးနေရအောင်လေ မောင်က ခရေကို အသက်နဲ့လဲပြီး ချစ်သွားမှာပါ"
"တကယ်လား မောင်"
"မယုံဘူးလား"
"ယုံပေါင်...."
"ဒါဆို သက်သေပြမယ်ကွာ....ရော့ ရွှတ်" သူ့မျက်နှာလေး ရဲတတ်သွားတာတွေ့လိုက်ရတယ်။
"အာကွာ မောင် တကယ်မကောင်းဘူး သွား...." သူ့ရဲ့ အဲ့အမူအယာလေးတွေက ကျနော့်ကို သူ့ခြေဆုံမှာ ဝပ်ဆင်းသွားစေနိုင်လောက်အောင်ကို အရမ်းချစ်မိသွားတာပါ
"အွန် ခရေပဲ မယုံဘူးဆို"
"အင်းပါ ယုံပါပြီ"
"အရမ်းချစ်တာပဲ ခရေရယ်..."
"ထပ်တူထပ်မျှပါပဲ မောင်ရယ်....."  ကျနော်သူ့ကို ရင်ခွင်ထဲမှ ခနလေးလွှတ်ထွက်သွားမှာတောင် ကြောက်လို့ အတင်းဖတ်ထားလိုက်ပါတော့တယ်.....
တစ်ယောက်ကို တစ်ယောက် တိတ်ဆိတ်စွာဖတ်ထားကြရင်း ခရေဟာ ကျနော့် ရင်ခွင်ထဲမှာ ငြိမ်သက်နေတယ်.... ခနကြာတော့
"မောင်..."
"အင်း ခရေ ပြောလေ"
"မောင် ခရေကို ဘယ်တော့မှ ခွဲမသွားရဘူးနော်"
"ခွဲမသွားပါဘူး ခရေရယ် မောင်လေ ခရေကို အရမ်းကို ချစ်တယ်... ခုလိုလေးပဲနေချင်တယ် ခနလေးလစ်ဟာသွားမှာတောင် စိုးရိမ်သူပါ"
"ခရေလဲ မောင့်လိုပါပဲ မောင်ရယ်"
"ကဲ ဒါဆို မောင်တို့ လှေစီးကြရင် မကောင်းဘူးလား"
"အင်း ကောင်းတယ်မောင် စီးမယ်လေ" လှေစီးနေရင်း
"မောင် ခရေ့ကို ပုံပြောပြပါလား"
"အင်း ခရေ နားထောင်မယ်ဆို.. မောင်ပြောပြမယ်နော်"
"အင်း မောင် ခရေ နားထောင်မယ်"
"ဟိုးရှေးရှေးတုန်းကတဲ့ ရေထဲမှာနေတဲ့ ငါးတစ်ကောင်နဲ့ ကောင်ကင်က ငှက်တစ်ကောင်ဟာ ချစ်သူတွေ ဖြစ်သွားကြတယ်တဲ့.. သူတို့တွေဟာ အရမ်းကို ချစ်ကြပြီး
မြင်သာမြင် မကြင်ရတဲ့ဘဝပေါ့... ဘဝတွေက ခြားနေတယ်လေ"
"ဟုတ်ကဲ့ မောင်"
"ချိန်းတွေ့ဖို့ကျတော့လဲ ငှက်က ရေထဲမှာ အသက်မရှင်နိုင်သလို ငါးကလဲ ကုန်းပေါ်မှာ မရှင်နိုင်ဘူးလေ.. အဲ့ဒီတော့ ဘယ်လိုလုပ်ပြီး တွေ့ရင် ကောင်းမလဲလို့
စဉ်းစားကြတယ်... အချစ်ဆိပ်တွေတတ်ပြီး အရမ်းကို တွေ့ချင်နေကြပြီလေ"
"အင်းပေါ့.. ဒါဆို ဘယ်လိုတွေ့ကျပါ့မလဲ မောင်"
"အင်း ခရေ သူတို့ နောက်တော့ အကြံတစ်ခုရသွားတယ် ချစ်လျှက်နဲ့ မပေါင်းကြရမယ့် တူတူ... သေကွဲကွဲပြီး ခနလေး ပေါင်းရရင် ကျေနပ်ပါပြီဆိုပြီး သူတို့
အဲ့အစီအစဉ်ကို အကောင်အထည်ဖော်ကြတယ်လေ.."
"အော်...."
"အဲ့ဒါနဲ့ ငါးနဲ့ ငှက်လေးဟာ မနက်လင်းချိန်လေးမှာ အချိန်ကိုက် လုပ်ဖို့အတွက် ပြင်ဆင်ကြတယ်လေ... စိတ်ထဲမှာလဲ ပျော်နေတာပေါ့ ချစ်သူနဲ့တွေ့ရတော့မယ် ဆိုတော့
သေမှာသိသေမဲ့ ချစ်သူနဲ့တွေ့ဖို့ပဲ စဉ်းစားပြီး ကြည်နူးနေကြတာ ကိုယ်စိကိုယ်စီ....မနက်လင်းချိန်လဲ ရောက်ရော ငါးကလဲ ဟို အနက်ထဲထိ ဆင်းသွားတယ်။
ငှက်လေးကလဲ ဟိုးကောင်းကင်အမြင့်ကိုပြန်သွားကြတယ်... ပြီးတော့ အရှိန်နဲ့ကိုယ်စီ အပြေးနှင်လာတယ်... လမ်းခရီးမှာဆုံဖို့အတွက်ပေါ့.. အဲ့လို နဲ့ ငှက်လေးကလဲ
ရေပေါ်အမြင့်အရောက် ငါးလေးကလဲ ရေထဲကနေခုအတတ် လမ်းမှာဆုံပြီး ခနတာလေး သူတို့ တွေ့ပြီး အနမ်းတွေ ပေးကြတယ်တဲ့..."
"ဟုတ်လား....."
"အင်း ဟုတ်တယ် ခရေ.. သူတို့တွေ အရှိန်နဲ့လာကြတာဆိုတော့ ခဏဆိုမှ တကယ်ကိုခဏတာလေးတွေ့လိုက်ရတာ။တွေ့လဲ ပြီးရော ငါးကလဲ အရှိန်နဲ့ဆိုတော့ ကုန်ပေါ်ကို
ရောက်သွားတယ် ငှက်ကလဲ ရေထဲကို မြုပ်သွားတယ်လေ...ကိုယ်စီတော့ ဆုတောင်းကြမှာပေါ့"
"အင်း ဟုတ်တယ်နော် သနားဖို့တော့ ကောင်းပါတယ် အသက်ပေးပြီး ခဏလေးပဲ ဆုံရဆုံရ ချစ်သွားကြတာ"
"ဟုတ်တယ် ခရေ"
"မောင်ရော ခရေကို အဲ့လိုချစ်နိုင်ပါ့မလားဟင်"
"ချစ်မှာပေါ့ လူကြီးတွေ သဘောမတူလဲ မောင်တို့ နှစ်ယောက် လက်ထပ်ပြီး တူတူနေကြမယ်လေ။ အခက်အခဲတွေကြုံလာရင်တောင်အသက်နဲ့ထပ်တူချစ်မယ် ခရေသေရင်
မောင်လဲ လိုက်သေမယ်လေ..."
"အင်းမောင် ခရေ မောင့်ကို ယုံပါတယ်..." ဒီလိုနဲ့ ကျနော်တို့တွေ နေလာကြတာ ချစ်ခဲ့ကြတာ ရေကန်ကြီးက သတ်သေပေါ့။တစ်နေ့မှာ ကျနော်တို့ နှစ်ယောက်အတွက်
ကံကြမ္မာဆိုးကြီးက ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့တယ်။ အရင်လိုပဲ လှေလေးစီး ချစ်စကားတွေ တီတီတာတာပြောကြရင်း
"ခရေ..."
"အင်းမောင် ပြောလေ.."
"မောင်တို့ ပြန်ကြရအောင် တိမ်တွေ ညှို့ပြီး မိုးရွာမယ်ထင်တယ်"
"အင်းပြန်မယ်လေ မောင်.. ခနလေးနော် မောင် ခရေ ကြာပန်လေးခူးချင်လို့"
"အင်းခရေ သေချာကိုင်ခူးနော် ရေကူးတတ်တာမဟုတ်ပဲနဲ့ မောင်လဲ နည်းနည်းပဲ ကူးတတ်တာ"
"ဟုတ်ကဲ့ပါ မောင်ကလဲ တွေးပူနေတယ်"
"အင်းပါ... ဖြည်းဖြည်း ခရေ လှေလှုပ်နေတယ်"
"အင်းရတော့မယ် နည်းနည်းလေးမှီတော့မယ် မောင်.. "မထိတထိဖြစ်နေတဲ့ ကြာပန်းလေးကို အတင်းခူးနေတာ စိုးရိမ်တစ်ထိပ်ထိပ်နဲ့ ကြည့်နေစဉ်
"ဝုန်း..."
"ဟင် ခရေရရရရရရ"
"ဝူးးးးး ဗရူးးးးးး မောင် ဗရူးးးးးးးး ကယ်ပါအုံး ဗရူးးးးးးးးးး"
"အင်းခရေ မောင် ကယ်မယ်.." ပြောသာပြောနေတာ ဘာလုပ်ရမှန်းမသိဘူး။ ကြာနွယ်တွေနဲ့ ရှုပ်နေရင် ရေကူးရခက်တယ် ပြီးတော့ အကျွမ်းကြီးလဲ မကူးတတ်။ရေနစ်တဲ့လူဆိုတာ
တွေ့ရာဆွဲတတ်တာ။အကူအညီတောင်းရအောင်လူကလဲ မရှိဘူး မိုးက ဖွဲဖွဲကျနေတယ်။
"ဗရူးးးးး ကယ်ပါအုံး... ဗရူးးးးးးးးး" ကျနော် ဘာလုပ်ရမှန်းမသိတော့ဘူး မထူးပါဘူး ကယ်မယ်။သေလဲ တူတူပေါ့ဆိုပြီးခုန်ချလိုက်တယ်။
"ဝုန်း... မောင်လာပြီခရေ တောင့်ထား"
ပြောရင်း ကူးသွားတာ ကြာနွယ်တွေဆိုတော့ ချက်ခြင်းမရောက်ဘူး သုံးခါမြင်လိုက်ရတယ် ခရေပျောက်သွားတယ်
"ခရေ ခရေ ခရေ ))))" အော်ပြီး စောင့်နေတယ် ပေါ်မလာတော့ဘူး
မထူးပါဘူး ကျနော်ရေငုတ်ပြီး လိုက်ရှာတယ်... အနက်ထဲရောက်သွားတယ် လိုက်ရှာတယ်..... စိတ်ထဲကနေလဲပြောနေတယ်
ခရေအားတင်ထားနော် မောင်ကယ်မယ် မရရင်တူတူလိုက်သေမယ်...မောင်လာပြီးခရေရယ်အားတင်ထားပါ.... အဲ့ချိန်မှာ ကျနော့်လက်ကပျော့ပျော့အရာတစ်ခုကို ထိလိုက်မိတယ်။ ဟုတ်တယ် ဒါ ဆံပင် ချစ်သူခရေရဲ့ဆံပင်...ကျနော် အရမ်းမွန်းကြပ်နေပြီ မရတော့ဘူး.. နေရခက်တယ်။ရင်ဘတ်တွေ စို့လာတယ်။ အသက်ရှူချင်တယ် ရေကိုခဏခဏငုံလို့လဲ ဗိုက်ထဲလဲပြည့်နေပြီ။ ကျနော်ဘာလုပ်ရမလဲခရေ မောင်တို့ တူတူသေမယ်နော် မသိစိတ်ကပြောနေတယ်။သိစိတ်က နေရခက်နေပြီ အရမ်းကို အသက်အရှူကြပ်နေပြီ ငါ..ငါသေရတော့မယ်
ငါကြောက်တယ် ငါမသေချင်သေးဘူး...ဒီလိုကြီးခံစားရတာမနေတတ်ဘူး အသက်ရှူချင်တယ်... ငါသေတော့မယ်။မသိစိတ်နဲ့ သိစိတ်နှိုင်းယှဉ်နေကြပြီ။
ခရေ ခရေ မောင်အရမ်း မွှန်းကြပ်နေပြီ...ခရေ ခရေကို အရမ်းချစ်တယ် မောင်မွှန်းကြပ်နေပြီ...တူတူသေမယ်။ မွှန်ကြပ်တယ်၊ငါအသက်ရှူချင်လိုက်တာဘယ်လိုလုပ်ရပါ့။ ခရေ
ခရေ မောင်မရတော့ဘူး အရမ်းကို နေရခက်နေပြီ...ခရေရဲ့ခန္တာကိုယ်ကလဲ အရမ်းလေးနေတယ် မနိုင်တော့ဘူးဖြစ်နေတယ်။အသက်လဲ ရှူချင်နေပြီ.. ခရေ ခရေ မောင့်ကို
ခွင့်လွှတ်ပါ မောင် အရမ်းမွှန်းကြပ်ပြီး အသက်ရှူချင်တယ်။မောင် ခုလိုကြီးမနေတတ်ဘူး မောင့်ကိုခွင့်လွှတ်ပါ ခရေ....။ မသိစိတ်နဲ့သိစိတ်နှိုင်းယှဉ်တဲ့အချိန်မှာ ဦးနှောက်အား
နဲ့စဉ်းစားချင့်ချိန်တဲ့ သိစိတ်က အနှိုင်ယူသွားခဲ့တယ်။ကျနော်ရေပေါ်ပြန်ရောက်လာတယ် အသက်ကို တဝကြီးရှူတယ်.. ဟူးးးးးးးးးးးးးး ခုမှ နေသာသွားတော့တယ်
ဒါပေမယ့် သွားပြီ ကျနော်သိလိုက်ပြီ။ကျနော်သိပ်ချစ်တဲ့ ခရေ အသက်တမျှချစ်ရတဲ့ ခရေ.... ခုတော့ ခုတော့ ငါထားခဲ့လို့ သေရပြီ... သွားပြီ ငါအရမ်းချစ်လှပါရဲ့ တူတူသေရဲပါရဲ့ အသက်နဲ့လဲ
ချစ်ပါမယ်ဆိုတဲ့ ငါ...ခုတော့ ခုတော့~~~~~~~~
           အတိတ်ကိုပြန်သတိရရင်း မျက်ရည်တွေ အလိုလို စီးဆင်းလာတယ် ခံပျင်းလာတယ် နောင်တတွေတသီကြီးနဲ့အရမ်းကို ခံစားနေရတယ်။စကားကို လွယ်လွယ်နဲ့
ယုံအောင် အပြောတွေနဲ့ကတိပေးတတ်တဲ့ကျနော်..ရှင်လျှက်နဲ့ သေနေရတဲ့ ဘဝ။ ကျနော်ရွေးခဲ့တဲ့လမ်းဟာ မှားလားမှန်လား ကျနော်သေချာမဝေခွဲတတ်ပါ။
လေးနှစ်ဆိုတဲ့ ကာလဟာ ကြာပေမယ့် သေချာတာတစ်ခုကတော့ ကျနော်ခုထိ ခရေကိုမေ့လို့ မရနိုင်ပါ။(ကျနော်ထင်ခဲ့တာက အချစ်ဆိုတာထပ်ဖြစ်လာနိုင်ပေမယ့် အသက်ဆိုတာထပ်မဖြစ်လာနိုင်တော့ဘူး)။အရမ်းချစ်တတ်ခဲ့ပေမယ့် သေဘေးနဲ့ရင်ဆိုင်လာရတဲ့အခါ ကျနော့်အသက်ကိုသာ ကျနော်တန်ဖိုးထားတတ်ခဲ့ပါလား...
တကယ်တော့ အချစ်ဆိုတာ ????????????????

         ကျနော့်ဘဝရဲ့ ပထမဦးဆုံးသော ဝတ္တုတိုလေးပါ...မှတ်သားဖူးတာလေး အနည်းငယ်နဲ့ ဝတ္တုသဖွယ် လက်တည့်စမ်းရုံမျှသာ.. အမှားများပါခဲ့ရင် နားလည်ခွင့်လွှတ်ပေးကြပါလို့ :)
                                                                                                                                                သူငယ်ချင်းများကို လေးစားခင်မင်လျှက်
                                                                                                                                                             ***ကိုနေ***

2 comments:

  1. အို့ သနားစရာလေးနော်ကောင်မလေးကတော့။ ဖတ်လို့ကောင်းတယ် ပထမဆုံးရေးတဲ့ဝထ္တုဆိုတော့လဲ နဲနဲလိုနေတာလေးတွေရှိတာပေါ့ (M3A)

    ReplyDelete
    Replies
    1. ကျေးဇူး အရမ်းတင်ပါတယ် သူငယ်ချင်း..........

      Delete