Monday, August 6, 2012

+++လှိုင်းထန်တဲ့ င့ါဘဝ+++

ဘဝက နုံချာ
တစ်ခါတစ်ရံ ကြုံလာတဲ့ လှိုင်းတွေက
မုန်တိုင်းနီးပါး ခါးသက်သက်ပါလား.....

ပညာက နုနယ်နယ်
လှိုင်းတံပိုးတွေ ရိုက်ပါများတော့
ကမ်းခြေကကွေးကောက်လို့ မညီညာ
ငါ ခြေရာပျောက်လုပြီ....

သာယာခြင်းမရှိတဲ့ ဘဝတိုက်ပွဲမှာ
သူသေကိုယ်သေ စစ်ခင်းမှုတွေလဲ
ရှိရမှာပေါ့....

ရယ်မောသံတွေက ငါ့ကိုလှောင်ပြောင်
ငိုသံတွေက နှစ်သိမ့်လို့
ဆီခမ်းတော့မယ့်မီးစာ
ရှိတဲ့အင်အားနဲ့ အမှောင်ကိုတော့ အလင်းပေးနိုင်သေးတယ်....

"စဉ်ဆက်မပျက် ပညာသင်ကြားနေရသောလူ့ဘောင်"ဆိုတော့လဲ
လူထဲကလူမို့ ပညာက သင်ရှာဆဲ
ကြင်ယာဆိုတာ ဝေဝါးမှုန်ဝါးပေါ့.....

သူတို့ပြောတဲ့ ချစ်ခန်း၊လွမ်းခန်း ကြည်နူးခန်းက
ငါ့ကျမှကွက်လပ်ဖြစ် အခွင့်က မသာ....

ခေါင်းတွေပဲဖြစ်နေတဲ့ဘဝမှာ
သိမ်ငယ်စိတ်လေးဖြစ်ပေမယ့်
ပန်းကျမယ့်အချိန်ကိုတော့ မဆိုးမရွှံ့တောင်းတမိရဲ့...

ဘဝလှိုင်းကြား ပေါ်တစ်ခါ မြုပ်တလှည့်
မမြင်တဲ့လမ်း မျှော်ကာမှန်းလို့
ကြမ်းတမ်းနေပါစေ နက်ဖြန်တိုင်းမှာ
ကူးရဦးမည် ဤခရီး............
                                                      သူငယ်ချင်းများကို လေးစားခင်မင်လျှက်
                                                      ***ကိုနေ***

No comments:

Post a Comment