Monday, August 6, 2012

+++++အချစ်(သို့)ဖူးစာ==သာတဲ့လူ(သို့)ဦးရာလူ သူငယ်ချင်းနှစ်ယောက်ဆွေးနွေးချက်လေးပါ+++++

သူငယ်ချင်းတို့ရေ မင်္ဂလာပါ ပျော်ရွှင်သောအချိန်လေးပါနော်....ဒီနေ့ သူငယ်ချင်းတွေအတွက် ကျနော်ရယ်သူငယ်ချင်းတစ်ယောက်ရယ် ဆွေးနွေးတာလေးကို သဘောကျလို့ ပြန်တင်ပေးလိုက်ပါတယ်။။။ ဆွေးနွေးတဲ့ သူငယ်ချင်းနာမည်ကို သုံးခွင့်မရလို့ သူ့နေရာမှာ အစားထိုးမဲ့ ကျနော့်ရဲ့ စိတ်ကူးဇာက်ကောင်ကတော့ ပင်ပေါ်က ကြွေကျ မြေခခဲ့ရပေမယ့် အနံ့မပြေတဲ့ ပန်းခရေတဲ့....ကဗျာပိုးက မရိုးမရွနဲ့ တစ်ခါတစ်လေနိုးထလာတဲ့ ကျနော်ကို့ ခွင့်လွတ်ပါလို့ ရိုးသားစွာနဲ့တောင်းပန်ပါရစေ :D ပြန်စရအောင် လိုရင်းကို မရောက်တော့ဘူး... ကျနော်တို့ ဒီခေါင်းစဉ်လေးအကြောင်း စဆွေးနွေးဖြစ်တာကတော့ ကျနော်မေးလိုက်တဲ့ မေးခွန်းလေးကပါပဲ~~~~

ကိုနေ   ။   ။ခရေ မိန်းကလေးတွေကသာတဲ့လူ အမြဲရှာတယ် တွေ့ရင်လိုက်သွားရောဆို အဲ့ဒါဟုတ်လား???ပန်းခရေ။   ။မဟုတ်ဘူး...
ကိုနေ   ။   ။ဘာလို့ မဟုတ်တာလဲ..
ပန်းခရေ။   ။ဒါဆို ကျမ မြန်မာပြည်ကို ဘာကြောင့် သဘောကျတာလဲ ပြန်ချင်တာလဲ ဥပမာပြောတာနော်

ကိုနေ   ။   ။သိဘူးလေ ခရေအကြောင်းရှိလို့ နေမှာပေါ့
ပန်းခရေ။   ။ခုရောက်နေတဲ့နေရာက ရုပ်ဝတ္ထုပိုင်းမှာ မြန်မာထက်အများကြီးသာတယ်.. စီးပွားရေး လူမှုရေး
              အရာအားလုံးအဆင်ပြေတယ်...

ကိုနေ   ။  
။အော် ဒါကတော့ မြန်မာမှာမွေးလို့ မြန်မာ့ရေမြေကို သဘောကျတာပေါ့
ပန်းခရေ။   ။နောက်ဆုံး ဒီကယောင်္ကျားယူရင်တောင် ဘာအလုပ်မှလုပ်စရာမလိုဘူး ဘဝကိုသက်သက်
              သာသာနဲ့ သက်သောင့်သက်သာဖြတ်သန်းနိုင်တာပဲ ဘာလို့ပြန်စရာလိုလဲ...မြန်မာပြည်ကိုလဲ
              ချစ်တယ် မြန်မာ့ ထုံးတမ်းစဉ်လာတွေကိုလဲ သဘောကျလို့...

ကိုနေ   ။   ။အင်းလေ အဲ့ဒါက အပေါ်မှာပြောခဲ့သလို မြန်မာမှာမွေးလို့ပေါ့..
ပန်းခရေ။   ။အေးလေ ကျမ ခံယူချက်လေ

ကိုနေ   ။   ။အဲ့ဒါကို မိန်းကလေးနဲ့တော့ နှိုင်းလို့မရဘူးထင်တယ်..
ပန်းခရေ။   ။ရတာပေါ့

ကိုနေ   ။   ။အင်းရရင်ပြောကြည့် သိချင်တယ်...
ပန်းခရေ။   ။လူတိုင်းတော့မဟုတ်ဘူးနော် ကျမ ခံယူချက်ပေါ

ကိုနေ   ။   ။ဟုတ်
ပန်းခရေ။   ။အဓိကတော့ ယောင်္ကျားလေးတွေက မိန်းကလေးလက်ခံနိုင်လောက်တဲ့အရည်အချင်း ရှိရမယ်
              မိန်းကလေးတော်တော်များများက ကိုယ်အထင်ကြီးလို့ရတဲ့လူကိုဘဲ သဘောကျကျတာလေ...

ကိုနေ   ။   ။အင်းလေ ဒါကြောင့် သာတဲ့လူနောက်ကို လိုက်ကြတာနေမယ်...ပိုအထင်ကြီးတယ် ပိုလက်ခံနိုင်
              လောက်တဲ့အရည်အချင်းတွေ ရှိတဲ့လူကိုပဲ ရွေးကျမှာပေါ့နော့...
ပန်းခရေ။   ။သာတဲ့ နောက်လိုက်တယ်ဆိုတာက... မဟုတ်ဘူး.. အဓိကတော့ သူ့ရင်ထဲက တကယ်အချစ်စစ်
              မဟုတ်လို့ နောက်ပြီး သူ့ဘဝသူမရပ်တည်နိုင်လို့လေ...

ကိုနေ   ။   ။အင်းမထူးပါဘူး ခရေက စကားလုံးလှအောင်သုံးနေတာပါ သာတာကိုပဲ ရွေးသွားကြတာပါပဲ...
ပန်းခရေ။   ။ခံယူချက်ခြင်းမတူဘူး ကိုနေ ကြုံဖူးလို့ အထင်မှားနေတာပါ..

ကိုနေ   ။   ။ကျနော်ဖတ်ဖူးတာ တစ်ခုရှိတယ်...
ပန်းခရေ။   ။ဟုတ် ဘာလဲကိုနေ

ကိုနေ   ။   ။ကမ္ဘာကျော်ဂရိဒဿန ပညာရှင် ပလေတို(Plato)က စာတမ်းတစ်ခုမှာ အချစ်အကြောင်းကို     
              သူ့ရဲ့ဆရာ
ဆော့ခရတ္တိ(Socrates)ဘယ်ပုံစိစစ်ကြည့်တယ်ဆိုတာကို ဖော်ပြထားတယ်..
ပန်းခရေ။   ။ဟုတ် ကိုနေ

ကိုနေ   ။   ။ဆော့ခရတ္တိက အချစ်နဲ့ မေတ္တာကို သေချာသိရအောင်လို့ အချစ်အကြောင်းကို နားထောင်လို့မငြီး
              နိုင်လောက်အောင် အမြဲတမ်းချီးမွန်းနေတတ်တဲ့ပြဇာက်ဆရာ အာဂသွန်(Agathon)ကိုမေးတယ်
ပန်းခရေ။   ။ဟုတ် နားထောာင်နေပါတယ်

ကိုနေ   ။   ။သူအမြဲတမ်း ချီးမွန်းနေတဲ့ အချစ်ဆိုတာဘာလဲပေါ့လို့ မေးလိုက်တဲ့အခါ သူနည်းနည်းကြောင်ပြီး
              ဘာကိုဖြေရမှန်းမသိဖြစ်သွားတယ်..သူက ပျော်စရာလွမ်းစရာတွေနဲ့ ကြည်နူးစရာတွေကိုပဲ
              ပြောနေတာ တိတိကျကျပြောဖို့ကျတော့ အခက်တွေ့သွားတယ်..
ပန်းခရေ။   ။စာအုပ်ထဲက တခါတလေမှားတတ်တာပဲ..

ကိုနေ   ။   ။ဒီအချိန်မှာ ဆော့ကရတ္တိ က စကားစပေးလိုက်တယ်..
ပန်းခရေ။   ။ဟုတ်
ကိုနေ   ။   ။အဖေဆိုတာ သားသမီးရှိတဲ့လူကိုခေါ်တာ အစ်ကိုဆိုတာ ညီ/ညီမ ရှိလို့ခေါ်တာပေါ့...
ပန်းခရေ။   ။ဟုတ် နားထောင်နေပါတယ်

ကိုနေ   ။   ။အဲ့ဒါနဲ့ အာဂသွန်က ပြန်ဖြေတယ်..အချစ်ဆိုတာတဲ့ ချစ်နှစ်သက်တာကို ရယူချင်တယ် ပိုင်ဆိုင်
              ချင်တယ် လိုချင်မက်မောတယ်..
ပန်းခရေ။   ။ဟုတ်လား

ကိုနေ   ။   ။ဒါကြောင့် အချစ်ဆိုတာ ချစ်နှစ်သက်စရာကို လိုချင်မက်မော ရယူပိုင်ဆိုင်လိုခြင်း လို့ အဓိပ္ပါယ်
              ဖွင့်တယ်တဲ့...
ပန်းခရေ။   ။မှန်လား ကိုနေ..

ကိုနေ   ။   ။မေတ္တာကျတော့ အပေးပဲရှိတယ် မယူချင်ဘူးတဲ့...အချစ်ကတော့ ရယူချင်တယ်ပေါ့
ပန်းခရေ။   ။ဟုတ်လား

ကိုနေ   ။   ။အချစ်နဲ့မေတ္တာ မတူဘူးတဲ့.. အဲ့ဒီတော့အချစ်ဆိုတာ အဲ့လိုဖွင့်ဆိုရင် ပိုလိုချင်တပ်မက်တဲ့ဟာ
              ပိုချစ်နှစ်သက်စရာကောင်းတဲ့ဟာနောက်ကိုပဲ လိုက်သွားမှာပေါ့..
ပန်းခရေ။   ။ဟုတ်

ကိုနေ   ။   ။သူပြောတဲ့အတိုင်းဆိုရင် ကျန်ခဲ့တဲ့သူ ထားခဲ့ခံရတဲ့လူကို အကြောင်းပြချက်ပေးနိုင်တယ်လေ
              တကယ်မချစ်လို့ ထားသွားတာပါဆိုတာမျိုး
ပန်းခရေ။   ။ဟုတ်

ကိုနေ   ။   ။အဲ့တော့ လက်မထပ်နိုင်သမျှထိ အချစ်ဆိုတာ သာတာတွေ့ရင် ပြောင်းနေအုံးမယ် ထင်တာပဲ
              သူပြောတာ နည်းနည်းတော့ သဘာဝကျသလိုပဲ...
ပန်းခရေ။   ။ပြောင်းလဲ နိုင်တယ်...လက်ထပ်ပြီးသားတောင် ပြောင်းလဲတတ်ကြတာ တစ်ပုံကြီး...

ကိုနေ   ။   ။လက်ရှိ အသာဆုံးလို့ ထင်တဲ့လူနဲ့ ချစ်နေပြီး လက်ထပ်ခွင့်ကြုံလိုက်ရင်တော့ သူက အချစ်စစ်ပေါ့
ပန်းခရေ။   ။ဟုတ်တာပေါ့ ဖူးစာဆိုတာ ဦးရာလူပါ... ဟုတ်တယ်ထင်တယ်နော်

ကိုနေ   ။   ။လက်ထပ်ခွင့်မကြုံသေးသမျှ အချစ်ဆိုတာ သာတဲ့နောက်ကို လိုက်နေအုံးမှာပဲနော်.. ဟုတ်တယ်
ပန်းခရေ။   ။ဒါပဲ ကိုနေ မိန်းကလေးတစ်ယောက်ရဲ့ နှလုံးသားထဲက အချစ်စစ်ကိုသာ ရယူနိုင်ရင် သူ့ထက်
              မိုးလောက်ရကြီးပါစေ ပါမသွားပါဘူး...ဆိုးတူ ကောင်းဘက်လက်တွဲဖော်ကို ရနိုင်ပါတယ်..
ကိုနေ   ။   ။ဒါက အဆင်ပြေချိန် ခနတာအတွင်းမှာ အကောင်းဆုံးလို့ မြင်နေတာလဲ ဖြစ်နိုင်တာပဲလေ
ပန်းခရေ။   ။မဟုတ်သေးဘူး ကိုနေပြောဘူးတယ်လေ မိန်းကလေးတယောက်က သူလက်ထပ်တဲ့သူဟာ
              ဦးနှောက်နဲ့ပိုပြီးစဉ်းစားမယ်လို့လေ..ကျမတောင်ပြန်ပြောသေးတယ် အချစ်ဆိုတာ မလိုအပ်
              တာလားလို့..
ကိုနေ   ။   ။အများစုက အဲ့ဒါတွေ မှီတည်ပြီး အချစ်လို့ သတ်မှတ်လိုက်တာဖြစ်နိုင်တယ်နော်
ပန်းခရေ။   ။ဒါလဲ မှန်သင့်သလောက်မှန်ပါတယ်...

ကိုနေ   ။   ။ပိုက်ဆံရှိတဲ့ မိန်းကလေးတစ်ယောက်က လမ်းဘေးမှာ ရေထမ်းရောင်းတဲ့သူတစ်ယောက်ကို
              ချစ်ပြီး လက်ထပ်တာမျိုးတော့ ဝတ္တုထဲမှာလောက်ပဲ ရှိတော့မယ်ထင်တယ်...
ပန်းခရေ။   ။ရှိပါတယ်..

ကိုနေ   ။   ။ရှိတော့ရှိမယ် တစ်ရာမှာ တစ်ယောက်ပါ ခရေရယ်.. အချစ် စာတွေ တတ်ကုန်ကြပါပြီ..
ပန်းခရေ။   ။ဟုတ်ပါတယ်..

ကိုနေ   ။   ။ခုန ပြောသလိုပေါ့ မိန်းကလေးတစ်ယာက်အဖို့ အားကိုးယုံကြည်ဖို့ကို ဦးစားပေးကြတာ
              များတယ်လေ..          
ပန်းခရေ။   ။ကျမကတော့ ဘက်ပေါင်းစုံ ကြည့်တယ်..

ကိုနေ   ။   ။ခုနနေရာမှာပြောင်းပြန် ယောင်္ကျားလေးက ချမ်းသာနေရင်တော့ မိန်းကလေးကရုပ်အသင့်အတင့်
              နဲ့စာရိတ္တကောင်းမယ်ဆိုရင် ဖြစ်နိုင်ခြေမှာ ပိုများလောက်မယ်ထင်တယ်..100မှာ 10ယောက်
              လောက်ပေါ့...
ပန်းခရေ။   ။ဘာကိုဖြစ်နိုင်တာလဲ..

ကိုနေ   ။   ။လက်ထပ်ဖို့နဲ့ အချစ်ဖြစ်တည်ဖို့ လေ
ပန်းခရေ။   ။ကျမတော့ မသိတော့ဘူး ကိုနေ...

ကိုနေ   ။   ။ကျနော်လဲ အချစ်ဖြစ်တည်လာမှုကို လေ့လာသုံးသပ်ကြည့်နေတာပါ ဖြန့်တွေးနေတာပေါ့...
ပန်းခရေ။   ။သုံးသပ်လို့ ကုန်မှာ မဟုတ်ပါဘူး...

ကိုနေ   ။   ။အင်း ဟုတ်ပါတယ် ဒီလောက်ဆိုပဲ အတွေးထဲမှာ တစ်ခုခုကို ဝင်သွားပါပြီ သို့လောသို့လောပေါ့..
                   
              ကျနော်နဲ့ ကျနော်သူငယ်ချင်းတစ်ယောက် ဆွေးနွေးထားတာကို စာလုံးပေါင်းသတ်ပုံလေးပြင်ပြီး ဒီတိုင်းပြန်တင်ပေးလိုက်တာပါ...လူတိုင်းမှာ ခံယူချက်ကိုယ်စီ ရှိကြမှာပါ တူတာလဲ ရှိမယ် မတူတာလဲ ရှိမယ်ပေါ့..ခုဆွေးနွေးခဲ့တာကို ဖတ်ပြီး အချစ်(သို့)ဖူးစာ==သာတဲ့လူ(သို့)ဦးရာလူ ယေဘုယျ အများအားဖြင့် ညီ/မညီ သူငယ်ချင်းတို့ရဲ့ ဖြန့်ကျက်တွေးမှုနဲ့ ခံယူချက်လေးတွေကို Comment
ရေးပေးခဲ့ပါအုံးနော် မှတ်သားထားရအောင်ပေါ့~~~~~
                                                       သူငယ်ချင်းများကို လေးစားခင်မင်လျှက်

                                                                 ***ကိုနေ***

1 comment:

  1. မေတ္တာ=အပေး
    အချစ်=အယူ
    အပေးအယူ balance ဖြစ်နိုင်ကြပါစေ

    ReplyDelete