Sunday, December 2, 2012

+++ရေးထားမိတဲ့ Status များ+++

ကျွန်တော်လဲ မအားတာနဲ့ စာမရေးဖြစ်တာ တစ်ပတ်ကျော်ပြီ။ဒါပေမယ့် ဖတ်လို့ ရလာတဲ့ အသိလေး တစ်ခုအပေါ် ဖြန့်ကျက်စဉ်းစားပြီး  တစ်နေ့ကို စာတိုတစ်ကြောင်းလောက်တော့  ဖေ့စ်ဘွတ်မှာ ရေးဖြစ်ပါတယ်။ ခု အဲ့ဒါလေးတွေကို ခံစားချက်ကိုက်ညီတဲ့သူငယ်ချင်းတွေ အတွက် custom message လုပ်လို့ ရအောင် တင်ပေးလိုက်ပါတယ်။
  1. မင်းမှ မဟုတ်ဘူး ငါလည်း ဓါးရှရင် နာတတ်တယ်ဟ။ အရင်လို ထုံဆေး မထိုးထားမိဘူးလေ.......27.10.12(12.42PM)
  2. ငါပြောဘူးတဲ့ စကား "လိမ္မာရင် မင်းအတွက်ကြီးပဲ" ဆိုတာကို မင်းလျစ်လျူရှုလိုက်ပြီနော်.....အဲ့ဒီတော့????? 28.10.12(073း2PM)
  3. အချစ်ရည်ကို ကြိမ်ဖန်များစွာ သောက်သုံးသူနှင့် သောက်သုံးခြင်းခံရသူတို့သည် အချစ်၏နက်ရှိုင်းသော အရာသာအား မခံစားတတ်တော့ချေ။....1.11.12(07း48PM)
  4. မတည်မြဲတဲ့ လောကကြီးမှာ မွေးဖွားခြင်းရှိလို့ သေဆုံးခြင်းရှိတယ်။ ဒါဆို ချစ်ခြင်းမှာရော မုန်းခြင်းရှိနေမလား??????.....01.11.12(08း22PM)
  5. ဆန်ဒီ...နင်ပြောတော့ လေပြေလေညှင်းလေးသာ ဆိုတယ် ဒီမှာတော့ ဗလောင်ဆူ၊ သောင်ထူသွားတယ်ဟ........(နယူးယောက်ခ်မြို့ ဆန်ဒီမုန်တိုင်းအားအမှတ်တရ တင်စားထားသည်။).....03.11.12(02း27AM)
  6. ....အမေတစ်ယောက်ရဲ့အလိုမကျသံ....မွေးကတည်းက (ဒီတိုင်း)ထူးပါမလာတဲ့ ညည်းတို့က လူစစ်ကြောင်း အရမ်းလစ်ဟာချင်နေတာ ငါတို့ဖြစ် လိုက်မမှီတော့ပါဘူးအေ.....03.11.12(02:57AM)
  7. မင်းမမှားပါဘူး။ ကွေ့ကောက် စီးဆင်းနေတဲ့မြစ်ကို ဖြောင့်လာနိုးနဲ့ ရူးမိုက်စွာအလျားလိုက် တံတားထိုးကြည့်မိတဲ့ င့ါကိုက မှားတာ.......06.11.12(03း01PM)
ဝတ္တုတိုရေးရင် ထည့်ရေးဖို့ စဉ်းစားထားတဲ့ စကားစုလေးတွေပါ။ ကြိုက်နှစ်သက်တဲ့ သူငယ်ချင်းတွေ လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။။။။။။။။။။။။
စာပေချစ်သူများကို လေးစားခင်မင်လျှက်
***မင်းနေ***

2 comments:

  1. 7 ကိုကြိုက်တယ် (M3A)

    ReplyDelete
  2. ကျေးဇူးပါဆရာမင်းနေ

    ReplyDelete